Skip to main content
ၿဖဳိးကုိကုိတင့္ဆန္းအမႈ မတ္လ ၃၀ ရက္ အၿပီးသတ္အမိန္႔ခ်မည္
Ads Block

ၿဖဳိးကုိကုိတင့္ဆန္းအမႈ မတ္လ ၃၀ ရက္ အၿပီးသတ္အမိန္႔ခ်မည္

 

ၿဖဳိးကုိကုိတင့္ဆန္းအမႈကို မတ္လ ၃၀ ရက္တြင္ အၿပီးသတ္ အမိန္႔ခ်မည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ ေရွ႕ေန ဦး ျမင့္ေအာင္က ေျပာသည္။

မတ္လ ၁၇ ရက္က ေနျပည္ေတာ္တြင္ ၿဖဳိးကုိကုိတင့္ဆန္း၏ အမႈအေျခအေနအား သတင္းမီဒီယာမ်ားသုိ႔ ၄င္း၏ အက်ိဳးေဆာင္ ေရွ႕ေန ဦးျမင့္ေအာင္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ဒီေန႔ အန္ကယ္တုိ႔က ၿဖဳိးကုိကုိတင့္ဆန္းပါ တရားခံ စုစုေပါင္း ၁၁ ဦးကုိ တရားစြဲထားတဲ့ အမႈမွာ အၿပီးသတ္ ေလွ်ာက္လဲခ်က္တ ရားခံေတြဘက္က တင္တယ္။ ႏုိင္ငံေတာ္ဘက္ကလည္း ဥပေဒအရာရွိက ေလွ်ာက္လဲခ်က္တင္တယ္။ တရားစြဲဆုိထားတဲ့ အမႈ ေပါင္း ၁၄ မႈ၊ အဲဒီ ေလွ်ာက္လဲခ်က္ တင္တဲ့အေပၚမွာ တရားရုံး တရားသူႀကီးက ၃၀ ရက္မွာ အၿပီးသတ္ အမိန္႔ခ်ဖုိ႔ ခ်ိန္းလုိက္ တယ္။ ဒီအမႈက၂ ႏွစ္နဲ႔ ၃ လ ေက်ာ္ၿပီ။ စစ္ခဲ့တာ ရုံးခ်ိန္းေပါင္း ၁၀၉ ခ်ိန္း။ တရားလုိဘက္က သက္ေသ ၂၆၈ ဦး သက္ေသတင္ တယ္။ ၁၉၅ ဦးစစ္တယ္။ က်န္တဲ့သက္ေသ ပယ္ခဲ့တယ္။ တရားခံဘက္က သက္ေသ ၁၈၀ တင္တယ္။ အဲဒီထဲက ၉၈ ဦး စစ္ခဲ့ တယ္” ဟု ၄င္းက ေျပာသည္။

၂၀၁၇ ခုနွစ္ ေအာက္တုိဘာ ၁၅ ရက္က ေနျပည္ေတာ္ ေလဆိပ္တြင္ ၿဖဳိးကုိကုိတင့္ဆန္း အပါအ၀င္ လူ ၃ ဦးထံမွ လက္နက္ႏွင့္ က်ည္ဆန္မ်ား အပါအ၀င္ စိတ္ၾကြေဆးျပားမ်ား စစ္ေဆးေတြ႔ရွိခဲ့ၿပီး ၿဖဳိးကုိကုိတင့္ဆန္းပုိင္ ေနျပည္ေတာ္ရွိ ဟုိတယ္နွင့္ ရန္ကုန္ရွိ ေနအိမ္တုိ႔တြင္ပါ ထပ္မံ၍ စကားေျပာစက္နွင့္ လက္နက္အခ်ိဳ႕ စစ္ေဆးေတြ႔ရွိ၍ အမႈဖြင့္တရားစြဲဆုိခဲ့ျခင္း ျဖစ္သည္။

“အန္ကယ္လုိက္တာ ၿဖဳိးကုိကုိတင့္ဆန္းရယ္၊ ပူးတြဲတရားခံေတြရယ္ သူတုိ႔အားလုံးကုိ တရားေသလႊတ္ေပးဖုိ႔ ေလွ်ာက္လဲခ်က္ တင္ခဲ့ ၿပီးၿပီ။ အန္ကယ္ တင္ျပတာကေတာ့ ဥပေဒေၾကာင္းအရ မၿငိစြန္းဘူးေပါ့။ တရားစြဲဆုိတဲ့ ဘက္ကစြဲတယ္။ အန္ကယ္တုိ႔ ဘက္က ခုခံေခ်ပတယ္။ အဲဒီအေပၚမွာ တရားေသလႊတ္ေပးသင့္တယ္ေပါ့” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးျမင့္ေအာင္က ေျပာ သည္။


မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

 

ဖြိုးကိုကိုတင့်ဆန်းအမှုကို မတ်လ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦး မြင့်အောင်က ပြောသည်။

မတ်လ ၁၇ ရက်က နေပြည်တော်တွင် ဖြိုးကိုကိုတင့်ဆန်း၏ အမှုအခြေအနေအား သတင်းမီဒီယာများသို့ ၎င်း၏ အကျိုးဆောင် ရှေ့နေ ဦးမြင့်အောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အန်ကယ်တို့က ဖြိုးကိုကိုတင့်ဆန်းပါ တရားခံ စုစုပေါင်း ၁၁ ဦးကို တရားစွဲထားတဲ့ အမှုမှာ အပြီးသတ် လျှောက်လဲချက်တ ရားခံတွေဘက်က တင်တယ်။ နိုင်ငံတော်ဘက်ကလည်း ဥပဒေအရာရှိက လျှောက်လဲချက်တင်တယ်။ တရားစွဲဆိုထားတဲ့ အမှု ပေါင်း ၁၄ မှု၊ အဲဒီ လျှောက်လဲချက် တင်တဲ့အပေါ်မှာ တရားရုံး တရားသူကြီးက ၃၀ ရက်မှာ အပြီးသတ် အမိန့်ချဖို့ ချိန်းလိုက် တယ်။ ဒီအမှုက၂ နှစ်နဲ့ ၃ လ ကျော်ပြီ။ စစ်ခဲ့တာ ရုံးချိန်းပေါင်း ၁၀၉ ချိန်း။ တရားလိုဘက်က သက်သေ ၂၆၈ ဦး သက်သေတင် တယ်။ ၁၉၅ ဦးစစ်တယ်။ ကျန်တဲ့သက်သေ ပယ်ခဲ့တယ်။ တရားခံဘက်က သက်သေ ၁၈၀ တင်တယ်။ အဲဒီထဲက ၉၈ ဦး စစ်ခဲ့ တယ်” ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လူ ၃ ဦးထံမှ လက်နက်နှင့် ကျည်ဆန်များ အပါအဝင် စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်ရှိ ဟိုတယ်နှင့် ရန်ကုန်ရှိ နေအိမ်တို့တွင်ပါ ထပ်မံ၍ စကားပြောစက်နှင့် လက်နက်အချို့ စစ်ဆေးတွေ့ရှိ၍ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“အန်ကယ်လိုက်တာ ဖြိုးကိုကိုတင့်ဆန်းရယ်၊ ပူးတွဲတရားခံတွေရယ် သူတို့အားလုံးကို တရားသေလွှတ်ပေးဖို့ လျှောက်လဲချက် တင်ခဲ့ ပြီးပြီ။ အန်ကယ် တင်ပြတာကတော့ ဥပဒေကြောင်းအရ မငြိစွန်းဘူးပေါ့။ တရားစွဲဆိုတဲ့ ဘက်ကစွဲတယ်။ အန်ကယ်တို့ ဘက်က ခုခံချေပတယ်။ အဲဒီအပေါ်မှာ တရားသေလွှတ်ပေးသင့်တယ်ပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြော သည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။