Skip to main content
Covid-19 ေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားထိခိုက္လာသျဖင့္ ႏိုင္ငံေတာ္ထံမွ ဘ႑ာေရးအေထာက္အပံ့ေတာင္းခံ
Ads Block

Covid-19 ေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားထိခိုက္လာသျဖင့္ ႏိုင္ငံေတာ္ထံမွ ဘ႑ာေရးအေထာက္အပံ့ေတာင္းခံ

 

ကိုရိုနာဗိုင္းရပ္စ္(Covid-19)ေၾကာင့္ ျပည္တြင္းခရီးသြားလုပ္ငန္းမ်ား ထိခိုက္လာသျဖင့္ႏိုင္ငံေတာ္ထံမွ ဘ႑ာေရးအေထာက္အပံ့ေတာင္းခံထားေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။

ျပည္တြင္းသို႔လာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားခရီးသြားဧည့္သည္မ်ားကို ဝန္ေဆာင္မႈေပးေနသည့္ ဧည့္လမ္းညႊန္မ်ားႏွင့္ ဟိုတယ္လုပ္ငန္းဆိုင္ရာ ကြ်မ္းက်င္လုပ္သားမ်ားအား လုပ္ခလစာေပးရန္ အခက္အခဲမ်ားရွိေနေၾကာင္း ၄င္း၏ ေျပာျပခ်က္အရ သိရသည္။

Covid-19 ေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားထိခိုက္လာသျဖင့္ ႏိုင္ငံေတာ္ထံမွ ဘ႑ာေရးအေထာက္အပံ့ေတာင္းခံ

 

“Covid-19 နဲ႔ပတ္သက္ၿပိးေဆာင္ရြက္ေနတာေတြက အမ်ားႀကီးရွိပါတယ္။ ထိခိုက္တာေတာ့အမ်ားႀကီးေပါ့။ ကိုယ့္က႑တစ္ခုတည္းမဟုတ္ဘူး။ ဘက္ေပါင္းစံုကထိခိုက္ေနေတာ့ မေျပာလိုေတာ့ဘူး။ အခုေလာေလာဆယ္ကေတာ့ ခရီးသြားက႑မွာ အလုပ္အကိုင္ေတြေလွ်ာ့ခ်ရမယ့္အေျခအေနေတြ၊ ကြ်မ္းက်င္လုပ္သားေတြဆံုးရံႈးရမယ့္အေျခအေနေတြျဖစ္ေနတယ္။ ဒါေၾကာင့္မို႔လို႔ ကြ်န္ေတာ္တို႔အေနနဲ႔ ႏုိင္ငံေတာ္ကိုဘ႑ာေရးအေနနဲ႔ အေထာက္အကူေတာင္းေနတာရွိပါတယ္။ ဝန္ထမ္းေတြကို ေလးငါးေျခာက္လစာေလာက္ လစာေပးထားဖို႔အတြက္ကိုခက္ခဲေနတဲ့အေျခအေနေတြျဖစ္ေနတယ္”ဟု ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။

ျပည္တြင္းရွိဧည့္လမ္းညႊန္ႏွင့္ဟိုတယ္လုပ္ငန္းဆိုင္ရာကြ်မ္းက်င္လုပ္သားစုစုေပါင္း ၁၉၈၃၄ ဦးရွိေၾကာင္း သိရသည္။

Covid-19 ေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားထိခိုက္လာသျဖင့္ ႏိုင္ငံေတာ္ထံမွ ဘ႑ာေရးအေထာက္အပံ့ေတာင္းခံ

ယခုအခါ ကိုရိုနာဗိုင္းရပ္စ္ဂယက္ေၾကာင့္ ျပည္တြင္းရွိစီးပြားေရးလုပ္ငန္းအခ်ိဳ႕ထိခိုက္မႈရွိေနၿပီး အထူးသျဖင့္ ခရီးသြားက႑ကိုမ်ားစြာထိခိုက္မႈရွိေနေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ အျမဲတမ္းအတြင္းဝန္ဦးေအာင္ႏိုင္ဦးကလည္း ေျပာၾကားထားသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

Covid-19 ကြောင့် ခရီးသွားလုပ်ငန်းများထိခိုက်လာသဖြင့် နိုင်ငံတော်ထံမှ ဘဏ္ဍာရေးအထောက်အပံ့တောင်းခံ

ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ထိခိုက်လာသဖြင့်နိုင်ငံတော်ထံမှ ဘဏ္ဍာရေးအထောက်အပံ့တောင်းခံထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသည့် ဧည့်လမ်းညွှန်များနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများအား လုပ်ခလစာပေးရန် အခက်အခဲများရှိနေကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

“Covid-19 နဲ့ပတ်သက်ပြိးဆောင်ရွက်နေတာတွေက အများကြီးရှိပါတယ်။ ထိခိုက်တာတော့အများကြီးပေါ့။ ကိုယ့်ကဏ္ဍတစ်ခုတည်းမဟုတ်ဘူး။ ဘက်ပေါင်းစုံကထိခိုက်နေတော့ မပြောလိုတော့ဘူး။ အခုလောလောဆယ်ကတော့ ခရီးသွားကဏ္ဍမှာ အလုပ်အကိုင်တွေလျှော့ချရမယ့်အခြေအနေတွေ၊ ကျွမ်းကျင်လုပ်သားတွေဆုံးရှုံးရမယ့်အခြေအနေတွေဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကိုဘဏ္ဍာရေးအနေနဲ့ အထောက်အကူတောင်းနေတာရှိပါတယ်။ ဝန်ထမ်းတွေကို လေးငါးခြောက်လစာလောက် လစာပေးထားဖို့အတွက်ကိုခက်ခဲနေတဲ့အခြေအနေတွေဖြစ်နေတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းရှိဧည့်လမ်းညွှန်နှင့်ဟိုတယ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်လုပ်သားစုစုပေါင်း ၁၉၈၃၄ ဦးရှိကြောင်း သိရသည်။

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းအချို့ထိခိုက်မှုရှိနေပြီး အထူးသဖြင့် ခရီးသွားကဏ္ဍကိုများစွာထိခိုက်မှုရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးအောင်နိုင်ဦးကလည်း ပြောကြားထားသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။