Skip to main content
လွ်ပ္စစ္ဓာတ္အားစနစ္မ်ားျပဳျပင္ေရးအတြက္ ကန္ေဒၚလာသန္း (၃၅၀)ေခ်းယူေရးလႊတ္ေတာ္သို႔တင္ျပ
Ads Block

လွ်ပ္စစ္ဓာတ္အားစနစ္မ်ားျပဳျပင္ေရးအတြက္ ကန္ေဒၚလာသန္း (၃၅၀)ေခ်းယူေရးလႊတ္ေတာ္သို႔တင္ျပ

ရန္ကုန္တိုင္းေဒသႀကီးရွိ ရြာမဓာတ္အားေပးစက္ရုံျပဳျပင္ေရးႏွင့္ ဓာတ္အားစနစ္မ်ားျပဳျပင္ေရးတို႔အတြက္ ကမၻာ့ဘဏ္၏ IDA ေခ်းေငြမွ အေမရိကန္ေဒၚလာသန္း(၃၅၀)ေခ်းယူရန္ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနက ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပလိုက္သည္။

မတ္လ (၁၆)ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀း (၂၃)ရက္ေျမာက္ေန႔တြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦးခင္ေမာင္၀င္းက ယခုကဲ့သို႔တင္ျပျခင္းျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားစနစ္မ်ားျပဳျပင္ေရးအတြက္ ကန္ေဒၚလာသန္း (၃၅၀)ေခ်းယူေရးလႊတ္ေတာ္သို႔တင္ျပ

“ရြာမဓာတ္အားေပးစက္ရုံမွာရွိတဲ့ ဂတ္စ္တာဘိုင္မ်ားရဲ႕စြမ္းေဆာင္မႈအားေကာင္းေစရန္ အသစ္ျပန္လည္တည္ေဆာက္လိုတာျဖစ္ပါတယ္။ အဆိုပါဓာတ္အားေပးစက္အေဟာင္းမ်ားကိုဖယ္ရွားၿပီး ယင္းရဲ႕ေနရာမွာပဲယခင္ဓာတ္အားပို႔ထုတ္ေပးႏိုင္မယ့္ CCGT ဂတ္စ္တာဘိုင္အသစ္ကို တည္ေဆာက္လိုတာ ျဖစ္ပါတယ္။ ဒုတိယတစ္ခုအေနနဲ႕ကေတာ့ မဟာဓာတ္အားလိုင္းမ်ားရဲ႕ အခ်ိဳ႕ဓာတ္အားခြဲရုံမ်ားရဲ႕ ထရန္စေဖာ္မာမ်ားက၀န္အားျပည့္၀ေနၿပီျဖစ္တဲ့အတြက္ မူလထက္၀န္အားပိုမိ္ုခံႏိုင္တဲ့ထရန္စေဖာ္မာမ်ားနဲ႔ လဲလွယ္တည္ေဆာက္လိုတာျဖစ္ပါတယ္။ ဒါေၾကာင့္ဒီစီမံကိန္းေတြလုပ္ေဆာင္ဖို႔အတြက္ ကမၻာ့ဘဏ္ရဲ႕ IDA ေခ်းေငြအေမရိကန္ေဒၚလာသန္း(၃၅၀)ေခ်းယူလိုတာျဖစ္ပါတယ္။”ဟုလွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦးခင္ေမာင္၀င္းက ေျပာသည္။

ယင္းစီမံကိန္းမ်ားတြင္ ရြာမဓာတ္အားေပးစက္ရုံျပဳျပင္ေရးအတြက္အေမရိကန္ေဒၚလာသန္း (၂၉၀)ႏွင့္ ဓာတ္အားေပးစနစ္မ်ားျပဳျပင္ေရးအတြက္ အေမရိကန္ေဒၚလာသန္း(၆၀)တို႔အသီးသီးသံုးစြဲမည္ျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားစနစ္မ်ားျပဳျပင္ေရးအတြက္ ကန္ေဒၚလာသန္း (၃၅၀)ေခ်းယူေရးလႊတ္ေတာ္သို႔တင္ျပ

စီမံကိန္းကာလသည္ ၂၀၂၀ ျပည့္ႏွစ္မွ ၂၀၂၄ ခုႏွစ္အထိျဖစ္ၿပီး အတိုးႏႈန္း ၁.၂၅ ရာခိုင္ႏႈန္း၊ ၀န္ေဆာင္မႈစရိတ္ ၀.၇၅ ရာခိုင္ႏႈန္းတို႔ျဖစ္ေၾကာင္းသိရသည္။

ရြာမဓာတ္အားေပးစက္ရုံသည္ လႈိင္သာယာဓာတ္အားခြဲရုံကိုအဓိကဓာတ္အားပို႔လႊတ္ထားၿပီး လႈိင္သာယာ ပင္မဓာတ္အားခြဲရုံမွတစ္ဆင့္ လႈိင္သာယာစက္မႈဇုန္၊ ေရႊလင္ပန္းစက္မႈဇုန္၊ ေရႊျပည္သာစက္မႈဇုန္ႏွင့္ ဧရာ၀တီတိုင္းေဒသႀကီးတို႔သို႔ ဓာတ္အားေပးထားေၾကာင္းသိရသည္။

ဓာတ္အားစနစ္မ်ားျပဳျပင္ေရးမ်ားအတြက္လုပ္ေဆာင္မည့္ေဒသမ်ားမွာ မြန္ျပည္နယ္၊ မႏၱေလးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိဓာတ္အားခြဲရုံမ်ားမွ ထရန္စေဖာ္မာမ်ားလဲလွယ္ျခင္းမ်ားလုပ္ေဆာင္မည္လည္း ျဖစ္သည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

လျှပ်စစ်ဓာတ်အားစနစ်များပြုပြင်ရေးအတွက် ကန်ဒေါ်လာသန်း (၃၅၀)ချေးယူရေးလွှတ်တော်သို့တင်ပြ

 

ရန်ကုန်တိုင်းဒေသကြီးရှိ ရွာမဓာတ်အားပေးစက်ရုံပြုပြင်ရေးနှင့် ဓာတ်အားစနစ်များပြုပြင်ရေးတို့အတွက် ကမ္ဘာ့ဘဏ်၏ IDA ချေးငွေမှ အမေရိကန်ဒေါ်လာသန်း(၃၅၀)ချေးယူရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။

မတ်လ (၁၆)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ယခုကဲ့သို့တင်ပြခြင်းဖြစ်သည်။

“ရွာမဓာတ်အားပေးစက်ရုံမှာရှိတဲ့ ဂတ်စ်တာဘိုင်များရဲ့စွမ်းဆောင်မှုအားကောင်းစေရန် အသစ်ပြန်လည်တည်ဆောက်လိုတာဖြစ်ပါတယ်။ အဆိုပါဓာတ်အားပေးစက်အဟောင်းများကိုဖယ်ရှားပြီး ယင်းရဲ့နေရာမှာပဲယခင်ဓာတ်အားပို့ထုတ်ပေးနိုင်မယ့် CCGT ဂတ်စ်တာဘိုင်အသစ်ကို တည်ဆောက်လိုတာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ကတော့ မဟာဓာတ်အားလိုင်းများရဲ့ အချို့ဓာတ်အားခွဲရုံများရဲ့ ထရန်စဖော်မာများကဝန်အားပြည့်ဝနေပြီဖြစ်တဲ့အတွက် မူလထက်ဝန်အားပိုမိုခံနိုင်တဲ့ထရန်စဖော်မာများနဲ့ လဲလှယ်တည်ဆောက်လိုတာဖြစ်ပါတယ်။ ဒါကြောင့်ဒီစီမံကိန်းတွေလုပ်ဆောင်ဖို့အတွက် ကမ္ဘာ့ဘဏ်ရဲ့ IDA ချေးငွေအမေရိကန်ဒေါ်လာသန်း(၃၅၀)ချေးယူလိုတာဖြစ်ပါတယ်။”ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောသည်။

ယင်းစီမံကိန်းများတွင် ရွာမဓာတ်အားပေးစက်ရုံပြုပြင်ရေးအတွက်အမေရိကန်ဒေါ်လာသန်း (၂၉၀)နှင့် ဓာတ်အားပေးစနစ်များပြုပြင်ရေးအတွက် အမေရိကန်ဒေါ်လာသန်း(၆၀)တို့အသီးသီးသုံးစွဲမည်ဖြစ်သည်။

စီမံကိန်းကာလသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိဖြစ်ပြီး အတိုးနှုန်း ၁.၂၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုစရိတ် ဝ.၇၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်းသိရသည်။

ရွာမဓာတ်အားပေးစက်ရုံသည် လှိုင်သာယာဓာတ်အားခွဲရုံကိုအဓိကဓာတ်အားပို့လွှတ်ထားပြီး လှိုင်သာယာ ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ဓာတ်အားပေးထားကြောင်းသိရသည်။

ဓာတ်အားစနစ်များပြုပြင်ရေးများအတွက်လုပ်ဆောင်မည့်ဒေသများမှာ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိဓာတ်အားခွဲရုံများမှ ထရန်စဖော်မာများလဲလှယ်ခြင်းများလုပ်ဆောင်မည်လည်း ဖြစ်သည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။