Skip to main content
ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီးရုိးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႔ေျပာ
Ads Block

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီးရုိးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႔ေျပာ

 

က်ိဳက္ထီးရုိး ဘုရားဖူးေျမွာ္ခြင့္ကို ပိတ္ပင္လိုက္ပါက ေနာက္ဆက္တြဲ ျပႆနာမ်ား ႀကီးထြားလာႏိုင္ေသာေၾကာင့္ ပိတ္ပင္မည္မ ဟုတ္ဘဲ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ကာ ဆက္လက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း က်ိဳက္ထီးရုိးေစတီေတာ္ ေဂါပကအဖြဲ႔မွ  အဖြဲ႔၀င္ ဦးစုိးလႈိင္က ေျပာသည္။

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီးရုိးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႔ေျပာ

မတ္လ ၁၆ ရက္က ဘုရားဖူးမ်ား မ်ားျပားလြန္းသည့္အတြက္ တိုးေ၀ွ႕ေနသည့္ ပံုမ်ား ပ်ံ႕ႏွ႔ံလာသည့္အေပၚ အကုန္သိ သတင္း ဌာနမွ ဆက္သြယ္ေမးျမန္းစဥ္ ၎က ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီးရုိးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႔ေျပာ

“မတ္လ ၁၅ ရက္က ၾသ၀ါဒ ဆရာေတာ္ႀကီးေတြေရာ၊ ျပည္နယ္အစုိးရအဖြဲ႔က ၀န္ႀကီးခ်ဳပ္လည္းပါတယ္။ အစည္းအေ၀းလုပ္ ၾက တယ္။ ေသေသခ်ာခ်ာ ေဆြးေႏြးလုိက္ေတာ့ ပိတ္ပစ္ဖုိ႔က အခက္အခဲ ေတာ္ေတာ္ရွိတယ္။ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ျပ ႆနာေတြက ႀကီးမားတယ္။ ဗုဒၶဘာသာျဖစ္ၿပီး ဘုရားမဖူးရဘူးလားဆုိၿပီး ျဖစ္ကုန္မယ္။ ေနာက္ၿပီး ေရႊတိဂုံတုိ႔၊ ေရႊေမာ္ေဓာတုိ႔ ၊မဟာျမတ္မုနိတုိ႔ ဘုရားႀကီးေတြလည္း ဒီလုိပဲ ဘုရားဖူးဆက္ထားတယ္ဆုိေတာ့ က်ိဳက္ထီးရုိးေစတီေတာ္လည္း မပိတ္ဖုိ႔ ဆုံး ျဖတ္လုိက္တယ္။ ဒါေပမဲ့ ေတာင္ေပၚမတက္ခင္ ကားဂိတ္မွာ ကုိယ္အပူခ်ိန္တုိင္းမယ္။ လက္ေဆးမယ္။ ဒါေတြ မလုပ္ရင္ေတာ့ ေပးမတက္ဘူး။ အဲဒီအစီအစဥ္က မတ္လ ၁၆ ရက္က စတယ္” ဟု ၄င္းကေျပာသည္။

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီးရုိးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႔ေျပာ

မြန္ျပည္နယ္ က်ိဴက္ထုိၿမဳိတြင္ တည္ရွိေသာ က်ိဳက္ထီးရုိးေစတီေတာ္သုိ႔ ေန႔စဥ္ ဘုရားဖူး လူဦးေရ ႏွစ္ေထာင္မွ ငါးေထာင္ၾကားရွိ ေၾကာင္း သိရသည္။

“အခုက က်န္းမာေရးအရ တစ္ခုခုျဖစ္တာ မရွိေသးဘူးေလ။ ေနာက္ၿပီး ျမန္မာႏုိင္ငံမွာလည္းျဖစ္တဲ့သူ မရွိေသးဘူး။ အဲဒီေတာ့ က်န္းမာေရးအရ တစ္ခုခုျဖစ္ရင္ေတာ့ ပိတ္မွာပါ”ဟု ဘုရားေဂါပကမွ ဦးစုိးလႈိင္က ေျပာသည္။

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီးရုိးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႔ေျပာ

လတ္တေလာတြင္ လူစုလူေ၀းျဖစ္ေစႏိုင္သည့္ ပြဲလမ္းသဘင္ႏွင့္ အခမ္းအနားမ်ားကို ေလွ်ာ့ခ်ရ ႏိုင္ငံေတာ္အစိုးရက လမ္းညႊန္ ထားၿပီး ၿပီးခဲ့သည့္ မတ္လ ၁၃ ရက္တြင္လည္း မေကြးတိုင္းေဒသႀကီး မင္းဘူး(စကု)ၿမိဳ႕နယ္အတြင္းမွ မန္းေရႊစက္ေတာ္ ဘုရားပြဲ ေတာ္ကို ပိတ္သိမ္းရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔က အမိန္႔ထုတ္ျပန္ခဲ့ၿပီး လက္ရိွတြင္ ဘုရားပြဲအတြင္းရိွ တည္းခိုေဆာင္မ်ား၊ ေစ်း ဆိုင္းခန္းမ်ားကို ဖ်က္သိမ္းေနၾကၿပီျဖစ္သည္။

 “ဘုရားကိစၥက မြန္ျပည္နယ္အစုိးရ အဖြဲ႔နဲ႔ ေဂါပကနဲ႔ ၾသ၀ါဒ ဆရာေတာ္ႀကီးဆီ ေလွ်ာက္တင္တယ္လုိ႔ေတာ့ သိရတယ္။ ကြ်န္ ေတာ့္ အျမင္ကေတာ့ ဘုရားေပၚတက္တဲ့ လူဦးေရနဲ႔ က်န္းမာေရးအရ ထိန္းထားနုိင္တယ္ဆုိရင္ေတာ့ ေကာင္းပါတယ္” ဟု က်ိဳက္ထုိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာခင္ေဆာင္က ေျပာသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)  Photo - Chan Nyein Htun

 

 Unicode Version

 

ပြဿနာ ကြီးထွားလာမည်စိုး၍ ကျိုက်ထီးရိုးဘုရားဖူးခွင့် ပိတ်မည်မဟုတ်ဟု ဂေါပက အဖွဲ့ပြော

ကျိုက်ထီးရိုး ဘုရားဖူးမြှော်ခွင့်ကို ပိတ်ပင်လိုက်ပါက နောက်ဆက်တွဲ ပြဿနာများ ကြီးထွားလာနိုင်သောကြောင့် ပိတ်ပင်မည်မ ဟုတ်ဘဲ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ  အဖွဲ့ဝင် ဦးစိုးလှိုင်က ပြောသည်။

မတ်လ ၁၆ ရက်က ဘုရားဖူးများ များပြားလွန်းသည့်အတွက် တိုးဝှေ့နေသည့် ပုံများ ပျံ့နှံ့လာသည့်အပေါ် အကုန်သိ သတင်း ဌာနမှ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မတ်လ ၁၅ ရက်က သြဝါဒ ဆရာတော်ကြီးတွေရော၊ ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်လည်းပါတယ်။ အစည်းအဝေးလုပ် ကြ တယ်။ သေသေချာချာ ဆွေးနွေးလိုက်တော့ ပိတ်ပစ်ဖို့က အခက်အခဲ တော်တော်ရှိတယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေ ပြ ဿနာတွေက ကြီးမားတယ်။ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားမဖူးရဘူးလားဆိုပြီး ဖြစ်ကုန်မယ်။ နောက်ပြီး ရွှေတိဂုံတို့၊ ရွှေမော်ဓောတို့ ၊မဟာမြတ်မုနိတို့ ဘုရားကြီးတွေလည်း ဒီလိုပဲ ဘုရားဖူးဆက်ထားတယ်ဆိုတော့ ကျိုက်ထီးရိုးစေတီတော်လည်း မပိတ်ဖို့ ဆုံး ဖြတ်လိုက်တယ်။ ဒါပေမဲ့ တောင်ပေါ်မတက်ခင် ကားဂိတ်မှာ ကိုယ်အပူချိန်တိုင်းမယ်။ လက်ဆေးမယ်။ ဒါတွေ မလုပ်ရင်တော့ ပေးမတက်ဘူး။ အဲဒီအစီအစဉ်က မတ်လ ၁၆ ရက်က စတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ် ကျိူက်ထိုမြိုတွင် တည်ရှိသော ကျိုက်ထီးရိုးစေတီတော်သို့ နေ့စဉ် ဘုရားဖူး လူဦးရေ နှစ်ထောင်မှ ငါးထောင်ကြားရှိ ကြောင်း သိရသည်။

“အခုက ကျန်းမာရေးအရ တစ်ခုခုဖြစ်တာ မရှိသေးဘူးလေ။ နောက်ပြီး မြန်မာနိုင်ငံမှာလည်းဖြစ်တဲ့သူ မရှိသေးဘူး။ အဲဒီတော့ ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင်တော့ ပိတ်မှာပါ”ဟု ဘုရားဂေါပကမှ ဦးစိုးလှိုင်က ပြောသည်။

လတ်တလောတွင် လူစုလူဝေးဖြစ်စေနိုင်သည့် ပွဲလမ်းသဘင်နှင့် အခမ်းအနားများကို လျှော့ချရ နိုင်ငံတော်အစိုးရက လမ်းညွှန် ထားပြီး ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းမှ မန်းရွှေစက်တော် ဘုရားပွဲ တော်ကို ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ဘုရားပွဲအတွင်းရှိ တည်းခိုဆောင်များ၊ ဈေး ဆိုင်းခန်းများကို ဖျက်သိမ်းနေကြပြီဖြစ်သည်။

 “ဘုရားကိစ္စက မွန်ပြည်နယ်အစိုးရ အဖွဲ့နဲ့ ဂေါပကနဲ့ သြဝါဒ ဆရာတော်ကြီးဆီ လျှောက်တင်တယ်လို့တော့ သိရတယ်။ ကျွန် တော့် အမြင်ကတော့ ဘုရားပေါ်တက်တဲ့ လူဦးရေနဲ့ ကျန်းမာရေးအရ ထိန်းထားနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်” ဟု ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)  Photo - Chan Nyein Htun

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။