Skip to main content
အမ်ိဳးသား ၃ ဦးကမဖြယ္မရာျပဳက်င့္/အဓမၼျပဳက်င့္သည္ဆိုကာတိုင္တန္းမႈ ေရနံေခ်ာင္းၿမိဳ႕တြင္ျဖစ္ပြား 
Ads Block

အမ်ိဳးသား ၃ ဦးကမဖြယ္မရာျပဳက်င့္/အဓမၼျပဳက်င့္သည္ဆိုကာတိုင္တန္းမႈ ေရနံေခ်ာင္းၿမိဳ႕တြင္ျဖစ္ပြား 

 

ဆယ္ေက်ာ္သက္အမ်ိဳးသမီးတစ္ဦးက ၄င္းအား အမ်ိဳးသား ၃ ဦးက မဖြယ္မရာျပဳက်င့္/ အဓမၼျပဳက်င့္သည္ဆိုကာအမႈဖြင့္တိုင္တန္းမႈ မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 

ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕ေန အသက္ ၁၃ ႏွစ္အရြယ္ မ----- သည္ မတ္လ ၆ ရက္၊ ညေန ၆ နာရီခန္႔က သစ္တေဗြရပ္ကြက္၊ ေငြဘံုသာရပ္၊ တ႐ုတ္သခၤ်ိဳင္းကုန္းအလြန္လမ္းေဘးတြင္ အမ်ိဳးသား ၃ ဦးအနက္ ၂ ဦး၏မဖြယ္မရာျပဳက်င့္ခံခဲ့ရကာ ၁ ဦး၏အဓမၼျပဳက်င့္ခံခဲ့ရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။ 

ထို႔အျပင္ မ----- အား အဓမၼျပဳက်င့္ခဲ့သည့္အမ်ိဳးသားက မတ္လ ၇ ရက္၊ ည ၇ နာရီခန္႔တြင္လည္း ထပ္မံအဓမၼျပဳက်င့္ခဲ့သျဖင့္ အိမ္မျပန္ရဲေတာ့ဘဲ ခင္မင္သူအမ်ိဳးသမီးတစ္ဦး၏အိမ္၌ သြားေရာက္ေနထုိင္ခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ မတ္လ ၁၁ ရက္၊ နံနက္ပိုင္း၌ မ------ သည္ေနအိမ္သို႔ျပန္လည္ေရာက္ရွိခဲ့ၿပီးအေဒၚျဖစ္သူအား ျဖစ္စဥ္ေျပာျပခဲ့သျဖင့္ အေဒၚျဖစ္သူကဦးေဆာင္ကာ ရဲစခန္းသို႔လာေရာက္တုိင္တန္းျခင္းျဖစ္ေၾကာင္း သိရသည္။

အမႈႏွင့္ပတ္သက္၍ ေရနံေခ်ာင္းၿမိဳ႕မရဲစခန္းက ပအမွတ္(ပ)၃၇/၂၀၂၀ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၁၁၄ ျဖင့္ အမႈေရးဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

သက္ေနာင္-မင္းလွ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးက ၎င်းအား အမျိုးသား ၃ ဦးက မဖွယ်မရာပြုကျင့်/ အဓမ္မပြုကျင့်သည်ဆိုကာအမှုဖွင့်တိုင်တန်းမှု မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နေ အသက် ၁၃ နှစ်အရွယ် မ----- သည် မတ်လ ၆ ရက်၊ ညနေ ၆ နာရီခန့်က သစ်တဗွေရပ်ကွက်၊ ငွေဘုံသာရပ်၊ တရုတ်သင်္ချိုင်းကုန်းအလွန်လမ်းဘေးတွင် အမျိုးသား ၃ ဦးအနက် ၂ ဦး၏မဖွယ်မရာပြုကျင့်ခံခဲ့ရကာ ၁ ဦး၏အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ထို့အပြင် မ----- အား အဓမ္မပြုကျင့်ခဲ့သည့်အမျိုးသားက မတ်လ ၇ ရက်၊ ည ၇ နာရီခန့်တွင်လည်း ထပ်မံအဓမ္မပြုကျင့်ခဲ့သဖြင့် အိမ်မပြန်ရဲတော့ဘဲ ခင်မင်သူအမျိုးသမီးတစ်ဦး၏အိမ်၌ သွားရောက်နေထိုင်ခဲ့ရကြောင်း သိရသည်။

ထို့နောက် မတ်လ ၁၁ ရက်၊ နံနက်ပိုင်း၌ မ------ သည်နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ပြီးအဒေါ်ဖြစ်သူအား ဖြစ်စဉ်ပြောပြခဲ့သဖြင့် အဒေါ်ဖြစ်သူကဦးဆောင်ကာ ရဲစခန်းသို့လာရောက်တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ရေနံချောင်းမြို့မရဲစခန်းက ပအမှတ်(ပ)၃၇/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

သက်နောင်-မင်းလှ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။