Skip to main content
စက္ဘီးစီးနင္းလာသူတစ္ဦး ေက်ာက္သယ္ယာဥ္ႀကိတ္ခံရၿပီး ဦးေခါင္းပြင့္ထြက္ေသဆုံး
Ads Block

စက္ဘီးစီးနင္းလာသူတစ္ဦး ေက်ာက္သယ္ယာဥ္ႀကိတ္ခံရၿပီး ဦးေခါင္းပြင့္ထြက္ေသဆုံး

 

စက္ဘီးစီးနင္းလာသူတစ္ဦး ေက်ာက္သယ္ယာဥ္ႀကိတ္ခံရၿပီးဦးေခါင္းပြင့္ထြက္ေသဆုံးမႈ ေတာင္ငူၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 

ျဖစ္စဥ္မွာ ေတာင္ငူၿမိဳ႕ ၊ ၂၃ ရပ္ကြက္ ၊ ေကတုမတီေက်ာင္းတိုက္ေရွ႕ ၊ ေတာင္ငူ - သံေတာင္လမ္းေပၚတြင္ ယေန႔(မတ္လ ၁၁ ရက္)၊ နံနက္ ၈ နာရီခြဲ၀န္းက်င္ကယာဥ္တိုက္မႈျဖစ္ပြားေၾကာင္းသတင္းအရ တာဝန္ရွိသူမ်ားက သက္ေသမ်ားႏွင့္အတူသြားေရာက္စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။ 

စစ္ေဆးခ်က္အရ ေတာင္ငူ - သံေတာင္ကားလမ္းအတိုင္း သံေတာင္ဘက္မွေတာင္ငူဘက္သို႔ ျပည့္စုံကို၊ (၂၂)ႏွစ္ ေမာင္းႏွင္လာေသာ ေက်ာက္တင္ FAW (ေဖာကား)ယာဥ္သည္ ၄င္းလမ္းအတိုင္း လားရာတူ ေနာ္ေဖာေရွာ၊ (၄၁)ႏွစ္စီးနင္းလာေသာ စက္ဘီးျဖင့္ေဘးခ်င္းယွဥ္ခ်ိတ္မိခဲ့ေၾကာင္းသိရသည္။

ယင္းသို႔ခ်ိတ္မိခဲ့ေသာေၾကာင့္ ေနာ္ေဖာေရွာစီးနင္းလာေသာစက္ဘီးမွာ ယာဥ္ေအာက္သို႔ေရာက္ရွိသြားၿပီး ေနာ္ေဖာေရွာအားႀကိတ္မိခဲ့ရာ ဦးေခါင္းေနာက္ေစ့ပြင့္ထြက္ဒဏ္ရာ ၊ လည္ပင္းဝဲဘက္ညိဳမဲဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

“ ေက်ာက္တင္ထားတဲ့ FAW ကားက စက္ဘီးကိုေက်ာ္တက္ရာကခ်ိတ္မိၿပီး ေနာက္ဘီးနဲ႔ ဦးေခါင္းကို ႀကိတ္မိတာျဖစ္ပါတယ္။ ၄ မိုင္စစ္ေဆးေရးဂိတ္မွာပဲ အဆိုပါ FAW ကားနဲ႔ယာဥ္ေမာင္းကိုဖမ္းဆီးရမိပါတယ္” ဟု ေတာင္ငူၿမိဳ႕၊ အမွတ္- ၃ နယ္ေျမရဲစခန္းမွရဲအရာရွိတစ္ဦးက ေျပာသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ယာဥ္ေမာင္း ျပည့္စုံကိုအား အမွတ္ ၃ နယ္ေျမရဲစခန္း၌ ယာဥ္( ပ ) ၉ /၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ - က ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္ ။

 ေနလင္းေအာင္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

 

စက်ဘီးစီးနင်းလာသူတစ်ဦး ကျောက်သယ်ယာဉ်ကြိတ်ခံရပြီးဦးခေါင်းပွင့်ထွက်သေဆုံးမှု တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ တောင်ငူမြို့ ၊ ၂၃ ရပ်ကွက် ၊ ကေတုမတီကျောင်းတိုက်ရှေ့ ၊ တောင်ငူ - သံတောင်လမ်းပေါ်တွင် ယနေ့(မတ်လ ၁၁ ရက်)၊ နံနက် ၈ နာရီခွဲဝန်းကျင်ကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တာဝန်ရှိသူများက သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

စစ်ဆေးချက်အရ တောင်ငူ - သံတောင်ကားလမ်းအတိုင်း သံတောင်ဘက်မှတောင်ငူဘက်သို့ ပြည့်စုံကို၊ (၂၂)နှစ် မောင်းနှင်လာသော ကျောက်တင် FAW (ဖောကား)ယာဉ်သည် ၎င်းလမ်းအတိုင်း လားရာတူ နော်ဖောရှော၊ (၄၁)နှစ်စီးနင်းလာသော စက်ဘီးဖြင့်ဘေးချင်းယှဉ်ချိတ်မိခဲ့ကြောင်းသိရသည်။

ယင်းသို့ချိတ်မိခဲ့သောကြောင့် နော်ဖောရှောစီးနင်းလာသောစက်ဘီးမှာ ယာဉ်အောက်သို့ရောက်ရှိသွားပြီး နော်ဖောရှောအားကြိတ်မိခဲ့ရာ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ ၊ လည်ပင်းဝဲဘက်ညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

“ ကျောက်တင်ထားတဲ့ FAW ကားက စက်ဘီးကိုကျော်တက်ရာကချိတ်မိပြီး နောက်ဘီးနဲ့ ဦးခေါင်းကို ကြိတ်မိတာဖြစ်ပါတယ်။ ၄ မိုင်စစ်ဆေးရေးဂိတ်မှာပဲ အဆိုပါ FAW ကားနဲ့ယာဉ်မောင်းကိုဖမ်းဆီးရမိပါတယ်” ဟု တောင်ငူမြို့၊ အမှတ်- ၃ နယ်မြေရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ပြည့်စုံကိုအား အမှတ် ၃ နယ်မြေရဲစခန်း၌ ယာဉ်( ပ ) ၉ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က ဖြင့်အမှုဖွင့်ထားကြောင်း သိရသည် ။

နေလင်းအောင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။