Skip to main content
Ads Block


 


 


 


 


 

တင်ဆက်/တည်းဖြတ် - ဒါးဇ

 


 

Unicode Version

 

စာမေးပွဲဖြေဆိုချိန်မီးလောင်မှုကြောင့် စိုးရိမ်မှုဖြစ်ပွားတဲ့ အုတ်ဖိုမြို့ကဖြစ်စဉ်

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့ က အခြေခံပညာအထက်တန်းကျောင်းမှာ မတ်လ ၁၁ ရက်ဒီကနေ့ နံနက် ၉ နာရီ ၃ မိနစ်အချိန်မှာမီးလောင်မှုဖြစ်ပွားခဲ့တာပါ။

 

စားမေးပွဲဖြေဆိုကြမယ့် ကျောင်းသူကျောင်းသား ၁၀၀၀ ကျော်ရှိနေပြီး အားလုံး စုံညီစွာအခန်းထဲရောက်ရှိနေကြတဲ့အချိန် မေးခွန်းစာရွက်လည်းဝေနေချိန်မှာ ကျောင်းရဲ့အနောက်ဖက်နေအိမ်ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်သွားတာလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

မီးသတ်ယာဉ် ၃ စီးအပါအဝင် လူအင်အား ၃၀၀ ကျော်တို့နဲ့ နာရီဝက်ခန့်အကြာ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့တဲ့အတွက်လည်း ကျောင်းသူကျောင်းသားတွေကို စာမေးပွဲခန်းထဲပြန်လည်ဖြေဆိုခွင့်ရရှိပြီး အရေးပေါ်အခြေအနေကြောင့် စာမေးပွဲဖြေဆိုချိန်ကို နာရီဝက်ထပ်ဆောင်းအချိန်ပိုပေးပြီး ဖြေဆိုပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းတဲ့ ကျောင်းအနောက်ဖက်နေအိမ်ပိုင်ရှင် ကိုကျော်ငြိမ်းကိုတော့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ အုတ်ဖိုမြို့မရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

 

တင်ဆက်/တည်းဖြတ် - ဒါးဇ

 

Video Credit - Aung Lin Nay Photo – ShweMyintOo(ShwePyiTa)

 

#မီးလောင်မှု #တက္ကသိုလ်ဝင်စားမေးပွဲ #စိုးရိမ်မှု #မတော်တဆ #Akonthi

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။