Skip to main content
ကိုရိုနာဗိုင္းရပ္စ္က ျမန္မာ့စီးပြားေရးကို အေႏွးႏွင့္အျမန္ ထိခိုက္လာနိုင္သျဖင့္ ေလွ်ာ့မတြက္ရန္ တိုက္တြန္း
Ads Block

ကိုရိုနာဗိုင္းရပ္စ္က ျမန္မာ့စီးပြားေရးကို အေႏွးႏွင့္အျမန္ ထိခိုက္လာနိုင္သျဖင့္ ေလွ်ာ့မတြက္ရန္ တိုက္တြန္း

 

ကိုရိုနာဗိုင္းရပ္စ္(Covid-19) သည္ ျမန္မာ့စီးပြားေရးကို အေႏွးႏွင့္အျမန္ ထိခိုက္လာႏိုင္သျဖင့္ ေလွ်ာ့မတြက္ၾကရန္ ရင္းႏွီး ျမွဳပ္ႏွံ မႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

အဆိုပါ ဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံ၏ စီးပြားေရးထိခိုက္မႈအေျခအေနကို ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့သည္။

“ဘယ္ေလာက္ထိ ထိခိုက္မႈရွိေနၿပီလဲဆိုတာကိုေတာ့ ေသခ်ာ ဆာေဗးလုပ္ၿပီး တြက္ခ်က္ထားတာေတာ့ မရွိဘူး။ မရွိေသးေတာ့ ရာခိုင္နႈန္းနဲ႔ ေျပာရတာ နည္းနည္းေတာ့ ခက္တယ္။ အဓိကေတာ့ ခရီးသြားလုပ္ငန္း၊ အထည္ခ်ဳပ္လုပ္ငန္း၊ လယ္ယာက႑ ထိ ခိုက္ တာေတြရွိတယ္။ အာဆီယံမွာလည္း ထိခိုက္မႈေတြရွိလာၿပီ။ ထိုင္း၊ စင္ကာပူ၊ အင္ဒိုနီးရွား နိုင္ငံေတြ ထိခိုက္မႈရွိလာၿပီ။ ျမန္ မာႏိုင္ငံလည္း အေႏွးနဲ႔ အျမန္ထိခိုက္မႈရွိလာမွာပဲ။ အခုဆိုရင္ အထည္ခ်ဳပ္က႑က စၿပီးထိခိုက္တာရွိေနၿပီ။ ေလွ်ာ့တြက္လို႔ေတာ့ မရဘူး။ တိုင္းျပည္တစ္ခုလံုး စီးပြားေရးနဲ႔ ပတ္သက္လာရင္ က်န္တယ့္ႏိုင္ငံေတြနဲ႔ ဆက္စပ္ၿပီး ထိခိုက္မႈေတြ ႀကီးမလာႏိုင္ေအာင္ ဝိုင္းလုပ္ၾကဖို႔ လိုတာေပါ့”ဟု ဦးေအာင္ႏိုင္ဦးက ေျပာသည္။

ကုလသမဂၢအဖြဲ႔ အစည္းတစ္ခုမွ မတ္လ ၁၀ ရက္ထုတ္ျပန္ခ်က္အရ ရင္းႏွီးျမွဳပ္ႏွံမႈ က႑တြင္ တစ္ကမာၻလံုး အတိုင္းအတာ အ ေနျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကို (၆)လအတြင္း ထိန္းခ်ဳပ္ႏိုင္ပါက ရင္းႏွီးျမွဳပ္ႏွံမႈ ၅ ရာခိုင္ႏႈန္း ထိခိုက္လာႏိုင္ၿပီး အကယ္၍ တစ္ႏွစ္ အထိ ၾကာျမင့္မည္ဆိုပါက ၁၅ ရာခိုင္ႏႈန္းအထိ က်သြားႏိုင္ေၾကာင္း သံုးသပ္ထုတ္ျပန္ထားသည္။

ျပည္တြင္း၌ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံမႈမွာ လတ္တေလာအေျခအေနထိ ရွိေနေသးေၾကာင္း ၊ လက္ရွိတြင္ လ်ာထားခ်က္အတိုင္း ျပည့္မီေအာင္ေဆာင္ရြက္ေနၿပီး အာရွႏိုင္ငံမ်ားျဖစ္သည့္ ဂ်ပန္၊ စင္ကာပူ၊ ကိုရီးယားႏွင့္ တရုတ္ႏိုင္ငံတို႔မွ ဟိုတယ္လုပ္ငန္း၊ ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႔လုပ္ငန္း၊ စက္မႈဇုန္လုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္း၊ ေမာ္ေတာ္ယာဥ္ လုပ္ငန္းတို႔တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမွာ တိုးလာ ေၾကာင္း သိရသည္။ 

၂၀၂၀ ခုႏွစ္အတြင္း ျပည္တြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ကန္ေဒၚလာ သန္း ၅၈၀၀ ဝင္ေရာက္မည္ဟု ခန္႔မွန္းထားေၾကာင္း သိရ သည္။

စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ်(Covid-19) သည် မြန်မာ့စီးပွားရေးကို အနှေးနှင့်အမြန် ထိခိုက်လာနိုင်သဖြင့် လျှော့မတွက်ကြရန် ရင်းနှီး မြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးထိခိုက်မှုအခြေအနေကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဘယ်လောက်ထိ ထိခိုက်မှုရှိနေပြီလဲဆိုတာကိုတော့ သေချာ ဆာဗေးလုပ်ပြီး တွက်ချက်ထားတာတော့ မရှိဘူး။ မရှိသေးတော့ ရာခိုင်နှုန်းနဲ့ ပြောရတာ နည်းနည်းတော့ ခက်တယ်။ အဓိကတော့ ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ လယ်ယာကဏ္ဍ ထိ ခိုက် တာတွေရှိတယ်။ အာဆီယံမှာလည်း ထိခိုက်မှုတွေရှိလာပြီ။ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတွေ ထိခိုက်မှုရှိလာပြီ။ မြန် မာနိုင်ငံလည်း အနှေးနဲ့ အမြန်ထိခိုက်မှုရှိလာမှာပဲ။ အခုဆိုရင် အထည်ချုပ်ကဏ္ဍက စပြီးထိခိုက်တာရှိနေပြီ။ လျှော့တွက်လို့တော့ မရဘူး။ တိုင်းပြည်တစ်ခုလုံး စီးပွားရေးနဲ့ ပတ်သက်လာရင် ကျန်တယ့်နိုင်ငံတွေနဲ့ ဆက်စပ်ပြီး ထိခိုက်မှုတွေ ကြီးမလာနိုင်အောင် ဝိုင်းလုပ်ကြဖို့ လိုတာပေါ့”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ကုလသမဂ္ဂအဖွဲ့ အစည်းတစ်ခုမှ မတ်လ ၁၀ ရက်ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အ နေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို (၆)လအတွင်း ထိန်းချုပ်နိုင်ပါက ရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်း ထိခိုက်လာနိုင်ပြီး အကယ်၍ တစ်နှစ် အထိ ကြာမြင့်မည်ဆိုပါက ၁၅ ရာခိုင်နှုန်းအထိ ကျသွားနိုင်ကြောင်း သုံးသပ်ထုတ်ပြန်ထားသည်။

ပြည်တွင်း၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ လတ်တလောအခြေအနေထိ ရှိနေသေးကြောင်း ၊ လက်ရှိတွင် လျာထားချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နေပြီး အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ စင်ကာပူ၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ဟိုတယ်လုပ်ငန်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ မော်တော်ယာဉ် လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုမှာ တိုးလာ ကြောင်း သိရသည်။ 

၂၀၂၀ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၅၈၀၀ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။