Skip to main content
ေဆးေျခာက္ စုိက္ခင္းအမႈမွ စုိက္ခင္းမန္ေနဂ်ာကုိ ေထာင္ဒဏ္နွစ္၂၀ ခ်မွတ္ 
Ads Block

ေဆးေျခာက္ စုိက္ခင္းအမႈမွ စုိက္ခင္းမန္ေနဂ်ာကုိ ေထာင္ဒဏ္နွစ္၂၀ ခ်မွတ္ 

 

မႏၱေလးတိုင္းေဒသႀကီး ငန္းဇြန္ၿမိဳ႕နယ္အတြင္းရိွ ၿမဳိ႕သာ ေဆးေျခာက္စုိက္ခင္းအမႈတြင္ ပါ၀င္သည့္ စုိက္ခင္းမန္ေနဂ်ာ ကုိရွိန္း လတ္အား ျမင္းၿခံခရုိင္တရားရုံးမွ မတ္လ ၁၀ ရက္တြင္ ေထာင္ဒဏ္နွစ္ ၂၀ ခ်မွတ္လုိက္ေၾကာင္း သိရသည္။

အဆုိပါ အမိန္႔ခ်မွတ္မႈႏွင့္ ပတ္သက္၍ အယူခံ ဆက္တက္သြားမည္ျဖစ္ေၾကာင္းလည္း ယင္းအမႈမွ စြတ္စြဲခံရသူမ်ား၏ အက်ိဳး ေဆာင္ေရွ႕ေန တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးကေျပာသည္။

“ ကုိရွိန္းလတ္ကုိ ဒီေန႔ ျမင္းၿခံခရုိင္တရားရုံးက  မူးယစ္ ပုဒ္မ ၁၆ (က)အရ စုိက္ပ်ိဳးထုတ္လုပ္တယ္ဆုိၿပီး ေထာင္ဒဏ္ ၁၀ ႏွစ္ ခ် မွတ္တယ္။ ၁၉(က)ႀကီးအရ စုိက္ပ်ိဳးထုတ္လုပ္တဲ့ဟာကုိ သယ္ေဆာင္တယ္ဆုိၿပီး စုစုေပါင္း တစ္ေပါင္းတည္း နွစ္၂၀ခ်မွတ္တယ္။ အယူခံတက္မွာ အခု အမိန္႔ကုိ မိတၱဳကူးေနတယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာသည္။

မႏၱေလးတုိင္းေဒသႀကီး ျမင္းၿခံခရုိင္ ငန္းဇြန္ၿမဳိ႕နယ္ ၿမဳိ႕သာစက္မႈ ဥယ်ာဥ္ စီမံကိန္း စုိက္ပ်ိဳးထားသည့္ ဧက ၅၀ ရွိေသာ အေမရိ ကန္ႏုိင္ငံ IIIM ကုမၸဏီ၏ သုေတသန စုိက္ခင္းအား ေဖ့စ္ဘုတ္တြင္ ေဆးေျခာက္စုိက္ခင္းဟု ေဖာ္ျပတင္ျပထားမႈကုိ မႏၱေလး တုိင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ၀င္ေရာက္စစ္ေဆးကာ ေပၚထြက္လာမႈအရ မူးယစ္ပုဒ္မမ်ားျဖင့္ တရားစြဲဆုိခဲ့ျခင္း ျဖစ္သည္။
အဆိုပါအမႈတြင္ အဓိက သက္ဆုိင္သူ အေမရိကန္ ႏုိင္ငံသားမွာ အာမခံရယူခဲ့ကာ ျမန္မာႏုိင္ငံမွ ထြက္ခြာသြားခဲ့ေၾကာင္း သိရ သည္။

 

မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

မန္တလေးတိုင်းဒေသကြီး ငန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာ ဆေးခြောက်စိုက်ခင်းအမှုတွင် ပါဝင်သည့် စိုက်ခင်းမန်နေဂျာ ကိုရှိန်း လတ်အား မြင်းခြံခရိုင်တရားရုံးမှ မတ်လ ၁၀ ရက်တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ အယူခံ ဆက်တက်သွားမည်ဖြစ်ကြောင်းလည်း ယင်းအမှုမှ စွတ်စွဲခံရသူများ၏ အကျိုး ဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။

“ ကိုရှိန်းလတ်ကို ဒီနေ့ မြင်းခြံခရိုင်တရားရုံးက  မူးယစ် ပုဒ်မ ၁၆ (က)အရ စိုက်ပျိုးထုတ်လုပ်တယ်ဆိုပြီး ထောင်ဒဏ် ၁၀ နှစ် ချ မှတ်တယ်။ ၁၉(က)ကြီးအရ စိုက်ပျိုးထုတ်လုပ်တဲ့ဟာကို သယ်ဆောင်တယ်ဆိုပြီး စုစုပေါင်း တစ်ပေါင်းတည်း နှစ်၂၀ချမှတ်တယ်။ အယူခံတက်မှာ အခု အမိန့်ကို မိတ္တုကူးနေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ် စီမံကိန်း စိုက်ပျိုးထားသည့် ဧက ၅၀ ရှိသော အမေရိ ကန်နိုင်ငံ IIIM ကုမ္ပဏီ၏ သုတေသန စိုက်ခင်းအား ဖေ့စ်ဘုတ်တွင် ဆေးခြောက်စိုက်ခင်းဟု ဖော်ပြတင်ပြထားမှုကို မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးကာ ပေါ်ထွက်လာမှုအရ မူးယစ်ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် အဓိက သက်ဆိုင်သူ အမေရိကန် နိုင်ငံသားမှာ အာမခံရယူခဲ့ကာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရ သည်။
 

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။