Skip to main content
ျမဝတီၿမိဳ႕တြင္ တစ္ပတ္အတြင္း ေလာင္းကစားငါးဂိမ္းရံု ၃ ရံု ဆက္တိုက္ ဖမ္းဆီး
Ads Block

ျမဝတီၿမိဳ႕တြင္ တစ္ပတ္အတြင္း ေလာင္းကစားငါးဂိမ္းရံု ၃ ရံု ဆက္တိုက္ ဖမ္းဆီး

 

ထိုင္း - ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕တြင္ ေလာင္းကစား ငါးဂိမ္းရံု (၃)ရံုကို တစ္ပတ္အတြင္း ဆက္တိုက္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ ၇ ရက္က ျမဝတီၿမိဳ႕ မဲကနယ္ေက်းရြာအုပ္စု ေအးသုခရြာ႐ွိ ေလာင္းကစား ငါးဂိမ္းရံု(၁)ရံုႏွင့္ ျမဝတီၿမိဳ႕ အ မွတ္(၄)ရပ္ကြက္ သစ္တစ္ပင္လမ္း႐ွိ ေလာင္းကစား ငါးဂိမ္းရံု(၁)ရံုတို႔အား ဖမ္းဆီးခဲ့ၿပီးေနာက္ မတ္လ ၁၀ ရက္ နံနက္ပိုင္းက ျမဝတီၿမိဳ႕ အမွတ္(၂)ရပ္ကြက္ ေအာက္ခ်ိဳင့္လမ္း႐ွိ ေလာင္းကစား ငါးဂိမ္းရံု (၁) ရံုအား ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႔မွ ဖမ္းဆီးခဲ့ျခင္း ျဖစ္ သည္။

မတ္ ၁၀ ရက္ နံနက္ ၅ နာရီခြဲ အခ်ိန္ခန႔္က ျမဝတီခရိုင္ရဲတပ္ဖြဲ႕မွဴး႐ုံး၊ ခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ ရဲတပ္ၾကပ္ႀကီး မင္းေဇာ္ ဝင္း ဦးစီးအဖြဲ႔၊ ျမဝတီၿမိဳ႕မရဲစခန္းမွ နယ္ထိန္းအရာရွိ ဒုရဲအုပ္ မင္းမင္းထြန္း ဦးစီးအဖြဲ႔တို႔သည္ သက္ေသမ်ားႏွင့္အတူ ျမဝတီၿမိဳ႕ နယ္၊ အမွတ္(၂)ရပ္ကြက္၊ ေအာက္ခ်ိဳင့္လမ္းရွိ အလ်ား(၆၀)ေပ၊ အနံ(၃၀) ေပခန႔္ရွိ သြပ္မိုး၊ အုတ္ညွပ္အေဆာက္အဦ တစ္ခုအ တြင္း ငါးဂိမ္းေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ ဝင္ေရာက္ရွာေဖြဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

ယင္းသို႔ ၀င္ေရာက္ဖမ္းဆီးရာတြင္ ဂိမ္းရံုမန္ေနဂ်ာ ဉာဏ္ေဇာ္ထြန္းႏွင့္ ဂိမ္းရံုတာဝန္ခံ သက္ပိုင္မင္း အပါအဝင္ ေလာင္းကစားျပဳ လုပ္သူ (၁၇)ဦးအား ငါးဂိမ္းေလာင္း ကစားစက္(၆)လုံး၊ သံေျခေထာက္တပ္ ထိုင္ခုံ(၁၆)လုံး၊ သစ္သားထိုင္ခုံ(၈)လုံး၊ KEMAGE စာတမ္းပါ အျပာေရာင္ မီးစက္(၁)လုံး၊ Power Tree စာတမ္းပါ မီးအားထိန္းစက္(၂)လုံး၊ မသန္းသန္းျမင့္ထံမွ ေဘးလြယ္ အိတ္ အျပာေရာင္(၁)လုံး၊ ေငြစကၠဴ ေရာရာ ၅ ေသာင္းက်ပ္၊ မမာလာထံမွ ေဘးလြယ္အိတ္ အနက္ေရာင္(၁)လုံး၊ ေငြစကၠဴေရာရာ ၄၀၆ ၀၀၀ က်ပ္အား ေတြ႕ရွိသိမ္းဆည္းခဲ့သည္ဟု ရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဉာဏ္ေဇာ္ထြန္း (၃၆) ႏွစ္ ဆိုင္မန္ေနဂ်ာ၊ ေအာက္ခ်ိဳင့္လမ္း၊ အမွတ္(၂)ရပ္ကြက္၊ ျမ၀တီၿမိဳ႕ေနသူ သက္ ပိုင္မင္း၊ ၃၆ ႏွစ္၊ ဆိုင္တာဝန္ခံ၊ ၿမိဳ႕ပတ္လမ္း၊ အမွတ္(၅)ရပ္ကြက္၊ ျမ၀တီၿမိဳ႕ေနသူတို႔ အပါအဝင္ ေလာင္းကစားျပဳလုပ္သူ စုစု ေပါင္း(၁၇)ဦး အား ျမဝတီျမိဳ႕မရဲစခန္းမွ (ပ)၂၇၂/၂၀၂၀၊ ေလာင္းကစား ဥပေဒပုဒ္မ - ၁၆(က)/၁၇(က)/၁၈(က)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ကိုကိုႀကီး - ျမ၀တီ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

 

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တွင် လောင်းကစား ငါးဂိမ်းရုံ (၃)ရုံကို တစ်ပတ်အတွင်း ဆက်တိုက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်က မြဝတီမြို့ မဲကနယ်ကျေးရွာအုပ်စု အေးသုခရွာရှိ လောင်းကစား ငါးဂိမ်းရုံ(၁)ရုံနှင့် မြဝတီမြို့ အ မှတ်(၄)ရပ်ကွက် သစ်တစ်ပင်လမ်းရှိ လောင်းကစား ငါးဂိမ်းရုံ(၁)ရုံတို့အား ဖမ်းဆီးခဲ့ပြီးနောက် မတ်လ ၁၀ ရက် နံနက်ပိုင်းက မြဝတီမြို့ အမှတ်(၂)ရပ်ကွက် အောက်ချိုင့်လမ်းရှိ လောင်းကစား ငါးဂိမ်းရုံ (၁) ရုံအား မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

မတ် ၁၀ ရက် နံနက် ၅ နာရီခွဲ အချိန်ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ကြပ်ကြီး မင်းဇော် ဝင်း ဦးစီးအဖွဲ့၊ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း ဦးစီးအဖွဲ့တို့သည် သက်သေများနှင့်အတူ မြဝတီမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ချိုင့်လမ်းရှိ အလျား(၆၀)ပေ၊ အနံ(၃၀) ပေခန့်ရှိ သွပ်မိုး၊ အုတ်ညှပ်အဆောက်အဦ တစ်ခုအ တွင်း ငါးဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ဂိမ်းရုံမန်နေဂျာ ဉာဏ်ဇော်ထွန်းနှင့် ဂိမ်းရုံတာဝန်ခံ သက်ပိုင်မင်း အပါအဝင် လောင်းကစားပြု လုပ်သူ (၁၇)ဦးအား ငါးဂိမ်းလောင်း ကစားစက်(၆)လုံး၊ သံခြေထောက်တပ် ထိုင်ခုံ(၁၆)လုံး၊ သစ်သားထိုင်ခုံ(၈)လုံး၊ KEMAGE စာတမ်းပါ အပြာရောင် မီးစက်(၁)လုံး၊ Power Tree စာတမ်းပါ မီးအားထိန်းစက်(၂)လုံး၊ မသန်းသန်းမြင့်ထံမှ ဘေးလွယ် အိတ် အပြာရောင်(၁)လုံး၊ ငွေစက္ကူ ရောရာ ၅ သောင်းကျပ်၊ မမာလာထံမှ ဘေးလွယ်အိတ် အနက်ရောင်(၁)လုံး၊ ငွေစက္ကူရောရာ ၄၀၆ ၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဉာဏ်ဇော်ထွန်း (၃၆) နှစ် ဆိုင်မန်နေဂျာ၊ အောက်ချိုင့်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ မြဝတီမြို့နေသူ သက် ပိုင်မင်း၊ ၃၆ နှစ်၊ ဆိုင်တာဝန်ခံ၊ မြို့ပတ်လမ်း၊ အမှတ်(၅)ရပ်ကွက်၊ မြဝတီမြို့နေသူတို့ အပါအဝင် လောင်းကစားပြုလုပ်သူ စုစု ပေါင်း(၁၇)ဦး အား မြဝတီမြို့မရဲစခန်းမှ (ပ)၂၇၂/၂၀၂၀၊ လောင်းကစား ဥပဒေပုဒ်မ - ၁၆(က)/၁၇(က)/၁၈(က)ဖြင့် အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုကြီး - မြဝတီ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။