Skip to main content
herryh
Ads Block

ကုိရုိနာဗုိင္းရပ္စ္ ဂယက္ေၾကာင့္ တရုတ္မွ ေရႊအေရာင္းအ၀ယ္ ရပ္တန္႔ေနၿပီး ျပည္တြင္းေစ်းကြက္ ၆ လအထိ ေအးေနဦးမည္

 

ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ တရုတ္မွ ေရႊအေရာင္းအ၀ယ္ ရပ္တန္႔ေနၿပီး ျမန္မာ့ေရႊေစ်းကြက္ ၆ လတိတိ ေအးေနဦးမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

မတ္လ ၉ ရက္က ေရႊေစ်းကြက္ႏွင့္ ပတ္သက္၍ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ ရန္ကုန္တုိင္းေဒသႀကီး ေရႊ လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ ၁၂ သိန္းခြဲကေန ေတာက္ေလွ်ာက္ က်လာတာ အခု ၁၁ သိန္း ၇ ေသာင္း ၅ ေထာင္ထိက်လာတယ္။ ေရွ႕ေလွ်ာက္လည္း ေရႊ ေစ်းကြက္က ေအးေနဦးမွာဘဲ။ ၆ လ ေလာက္ေတာ့ မွန္းတယ္။ ကမၻာ႔ေရႊေစ်းကလည္း က်တယ္။ ေနာက္ ဒီဇယ္ေစ်းေတြ ဓါတ္ ဆီေစ်းေတြလည္း က်တယ္ေလ။ နယ္စပ္က အေရာင္းအ၀ယ္ကေတာ့ အိႏၵိယ ဘက္ကေတာ့ အေရာင္းအ၀ယ္နည္းနည္း က်သြားတယ္။ တရုတ္ဘက္ကေတာ့ လုံး၀ကုိ ရပ္တန္႔သြားတာ။ သူတုိ႔ဆီမွာ ေရာဂါျဖစ္လုိ႔ေပါ့”ဟု ၄င္းကေျပာသည္။

လက္ရွိတြင္ မတ္လ ၉ ရက္ထိ ျပည္တြင္းရွိ အေမရိကန္ေဒၚလာလဲလွယ္နႈန္းမွာလည္း တစ္ေဒၚလာလွ်င္ က်ပ္ ၁၃၅၀ ထိ က် ဆင္းခဲ့ေၾကာင္း သိရသည္။

ကမၻာ႔ေရႊေစ်းမွာ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၆၆၂ ေပါက္ေစ်းရွိၿပီး ျပည္တြင္းရွိ အကယ္ဒမီ မီးလင္းေရႊေစ်းမွာ ၁၁ သိန္း ၈ ေသာင္း ျဖစ္ေၾကာင္း သိရသည္။

 

မင္းသီဟန္(အကုန္သိသတင္းဌာန)

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တရုတ်မှ ရွှေအရောင်းအဝယ် ရပ်တန့်နေပြီး ပြည်တွင်းဈေးကွက် ၆ လအထိ အေးနေဦးမည်

 

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှ ရွှေအရောင်းအဝယ် ရပ်တန့်နေပြီး မြန်မာ့ရွှေဈေးကွက် ၆ လတိတိ အေးနေဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

မတ်လ ၉ ရက်က ရွှေဈေးကွက်နှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ၁၂ သိန်းခွဲကနေ တောက်လျှောက် ကျလာတာ အခု ၁၁ သိန်း ၇ သောင်း ၅ ထောင်ထိကျလာတယ်။ ရှေ့လျှောက်လည်း ရွှေ ဈေးကွက်က အေးနေဦးမှာဘဲ။ ၆ လ လောက်တော့ မှန်းတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ကျတယ်။ နောက် ဒီဇယ်ဈေးတွေ ဓါတ် ဆီဈေးတွေလည်း ကျတယ်လေ။ နယ်စပ်က အရောင်းအဝယ်ကတော့ အိန္ဒိယ ဘက်ကတော့ အရောင်းအဝယ်နည်းနည်း ကျသွားတယ်။ တရုတ်ဘက်ကတော့ လုံးဝကို ရပ်တန့်သွားတာ။ သူတို့ဆီမှာ ရောဂါဖြစ်လို့ပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မတ်လ ၉ ရက်ထိ ပြည်တွင်းရှိ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၁၃၅၀ ထိ ကျ ဆင်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၆၂ ပေါက်ဈေးရှိပြီး ပြည်တွင်းရှိ အကယ်ဒမီ မီးလင်းရွှေဈေးမှာ ၁၁ သိန်း ၈ သောင်း ဖြစ်ကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။