Skip to main content
sgreg
Ads Block

Yangon Water Bus ကိုေမလအတြင္းျပန္လည္ေျပးဆြဲႏိုင္ရန္စီစဥ္ေန

 

Yangon Water Bus ကို လာမည့္ ၂၀၂၀ ခုႏွစ္၊ ေမလအတြင္းျပန္လည္ေျပးဆြဲႏိုင္ရန္စီစဥ္ေနေၾကာင္္း Yangon Water Bus ကုမၸဏီလီမိတက္မွ သိရသည္။

Yangon Water Bus ျပန္လည္ေျပးဆြဲရန္ျပည္ပမွေရယာဥ္ ၁၄ စီးမွာယူထားၿပီး ဧၿပီလအတြင္းေရာက္ရွိမည္ ျဖစ္ကာ ဆိပ္ကမ္းမ်ားကိုလည္းစနစ္တက်ျပန္လည္ျပင္ဆင္ေနေၾကာင္း သိရသည္။

“ေရယာဥ္ ၁၄ စီးျပည္ပကေနမွာယူထားတယ္။ ၅ စီးအရင္ေရာက္မယ္။ ဒီမွာရွိတဲ့ ၃ စီးနဲ႔အသစ္ေရာက္မယ့္ ေရယာဥ္နဲ႔စုစုေပါင္း ၈ စီးနဲ႔ျပန္ေျပးဆြဲေပးသြားမွာပါ။ ဆိပ္ကမ္းေတြကိုပိုမိုေကာင္းမြန္ေအာင္ျပင္ဆင္ေနတယ္။ ျပန္ၿပီးေျပးဆြဲတဲ့အခါမွာလည္း စနစ္အသစ္နဲ႔ေျပးဆြဲေပးသြားမယ္။ Payment စနစ္ေတြပါေဆာင္ရြက္ထားတယ္။ အသစ္မွာထားတဲ့ေရယာဥ္ေတြက ဧၿပီလအတြင္းေရာက္မယ္။ ေရာက္တဲ့ေရယာဥ္ေတြကိုလည္း ၾကံ့ခိုင္မႈရွိေအာင္ျပန္ၿပီးစစ္ေဆးမႈေတြလုပ္ရမယ္။ ဧၿပီလအကုန္၊ ေမလအတြင္းေတာ့ ျပန္ၿပီးေျပးဆြဲႏိုင္ဖို႔ စီစဥ္ထားတယ္”ဟု Yangon Water Bus ကုမၸဏီလီမိတက္မွတာဝန္ရွိသူတစ္ဦးက ေျပာသည္။

gerh

ကနဦးတြင္ ေရယာဥ္ ၈ စီးျဖင့္မူလလမ္းေၾကာင္းအတိုင္းေျပးဆြဲမည့္အျပင္ ငမိုးရိပ္ေခ်ာင္းႏွင့္ သန္လ်င္လမ္းေၾကာင္းကိုပါ ထပ္တိုးေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံျခားမွအသစ္ေရာက္ရွိမည့္ Water Bus ေရယာဥ္မ်ားတြင္ Payment စနစ္ျဖင့္ေငြေပးေခ်ႏိုင္ရန္ KBZ Pay ၊ CB Pay အပါအဝင္ Master Card ၊ Visa Card ကတ္အသံုးျပဳႏိုင္သည့္စက္မ်ားကို တပ္ဆင္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

sreg

Yangon Water Bus ကို ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလမွစတင္ကာ ရန္ကုန္ျမစ္ရွိ ဆိပ္ကမ္းမ်ားသို႕ ေျပးဆြဲေပးခဲ့ျခင္းျဖစ္ၿပီး ခရီးစဥ္လမ္းေၾကာင္းအေနျဖင့္ ဗိုလ္တေထာင္ဆိပ္ကမ္း၊ နန္းသီတာ ၊ လမ္းသစ္ဆိပ္ကမ္း၊ အင္းစိန္ဆိပ္ကမ္းအစရွိသည့္ဆိပ္ကမ္းမ်ားသို႔ ေျပးဆြဲေပးေနေၾကာင္း သိရသည္။

ထို႔အျပင္ ဒလဘက္တြင္လည္း အံ့ႀကီး၊ သေဘာၤက်င္းႏွင့္ ဗိုလ္တေထာင္ဆိပ္ကမ္း၊ သမၼတကမ္းေျခႏွင့္ ဗိုလ္တေထာင္ဆိပ္ကမ္းသို႔ ဆက္လက္တိုးခ်ဲ႕ေျပးဆြဲေပးေၾကာင္း သိရသည္။

fef

Yangon Water Bus ကိုစနစ္သစ္ျဖင့္ျပန္လည္ေျပးဆြဲရန္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလတြင္ ေျပးဆြဲမႈရပ္ဆိုင္းခဲ့ၿပီး ဆိပ္ကမ္းျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

Yangon Water Bus ကိုမေလအတွင်းပြန်လည်ပြေးဆွဲနိုင်ရန်စီစဉ်နေ

Yangon Water Bus ကို လာမည့် ၂၀၂၀ ခုနှစ်၊ မေလအတွင်းပြန်လည်ပြေးဆွဲနိုင်ရန်စီစဉ်နေကြောင်း Yangon Water Bus ကုမ္ပဏီလီမိတက်မှ သိရသည်။


Yangon Water Bus ပြန်လည်ပြေးဆွဲရန်ပြည်ပမှရေယာဉ် ၁၄ စီးမှာယူထားပြီး ဧပြီလအတွင်းရောက်ရှိမည် ဖြစ်ကာ ဆိပ်ကမ်းများကိုလည်းစနစ်တကျပြန်လည်ပြင်ဆင်နေကြောင်း သိရသည်။


“ရေယာဉ် ၁၄ စီးပြည်ပကနေမှာယူထားတယ်။ ၅ စီးအရင်ရောက်မယ်။ ဒီမှာရှိတဲ့ ၃ စီးနဲ့အသစ်ရောက်မယ့် ရေယာဉ်နဲ့စုစုပေါင်း ၈ စီးနဲ့ပြန်ပြေးဆွဲပေးသွားမှာပါ။ ဆိပ်ကမ်းတွေကိုပိုမိုကောင်းမွန်အောင်ပြင်ဆင်နေတယ်။ ပြန်ပြီးပြေးဆွဲတဲ့အခါမှာလည်း စနစ်အသစ်နဲ့ပြေးဆွဲပေးသွားမယ်။ Payment စနစ်တွေပါဆောင်ရွက်ထားတယ်။ အသစ်မှာထားတဲ့ရေယာဉ်တွေက ဧပြီလအတွင်းရောက်မယ်။ ရောက်တဲ့ရေယာဉ်တွေကိုလည်း ကြံ့ခိုင်မှုရှိအောင်ပြန်ပြီးစစ်ဆေးမှုတွေလုပ်ရမယ်။ ဧပြီလအကုန်၊ မေလအတွင်းတော့ ပြန်ပြီးပြေးဆွဲနိုင်ဖို့ စီစဉ်ထားတယ်”ဟု Yangon Water Bus ကုမ္ပဏီလီမိတက်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကနဦးတွင် ရေယာဉ် ၈ စီးဖြင့်မူလလမ်းကြောင်းအတိုင်းပြေးဆွဲမည့်အပြင် ငမိုးရိပ်ချောင်းနှင့် သန်လျင်လမ်းကြောင်းကိုပါ ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားမှအသစ်ရောက်ရှိမည့် Water Bus ရေယာဉ်များတွင် Payment စနစ်ဖြင့်ငွေပေးချေနိုင်ရန် KBZ Pay ၊ CB Pay အပါအဝင် Master Card ၊ Visa Card ကတ်အသုံးပြုနိုင်သည့်စက်များကို တပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ရန်ကုန်မြစ်ရှိ ဆိပ်ကမ်းများသို့ ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းအနေဖြင့် ဗိုလ်တထောင်ဆိပ်ကမ်း၊ နန်းသီတာ ၊ လမ်းသစ်ဆိပ်ကမ်း၊ အင်းစိန်ဆိပ်ကမ်းအစရှိသည့်ဆိပ်ကမ်းများသို့ ပြေးဆွဲပေးနေကြောင်း သိရသည်။

ထို့အပြင် ဒလဘက်တွင်လည်း အံ့ကြီး၊ သဘောၤကျင်းနှင့် ဗိုလ်တထောင်ဆိပ်ကမ်း၊ သမ္မတကမ်းခြေနှင့် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ဆက်လက်တိုးချဲ့ပြေးဆွဲပေးကြောင်း သိရသည်။

Yangon Water Bus ကိုစနစ်သစ်ဖြင့်ပြန်လည်ပြေးဆွဲရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ပြေးဆွဲမှုရပ်ဆိုင်းခဲ့ပြီး ဆိပ်ကမ်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။