Skip to main content
dg
Ads Block

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအား ဓာတ္ဆီေလာင္းမီးရိႈ႕မႈ ကသာၿမိဳ႕၌ ျဖစ္ပြား

 

ေနအိမ္၌အိပ္ေပ်ာ္ေနေသာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအား အမည္မသိသူတစ္ဦးက ဓာတ္ဆီျဖင့္ေလာင္းမီးရိႈ႕၍ ထြက္ေျပးမႈ ကသာၿမိဳ႕နယ္၌ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။

vsgr

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ မိုးတားေလးေက်းရြာ၊ ေစတီရပ္၌ေနထိုင္ေသာ အုပ္ခ်ဳပ္ေရးမွဴးျဖစ္သူ ဦးတင့္ေငြ(၆၄)ႏွစ္သည္ မတ္လ ၈ ရက္၊ ညအခ်ိန္က ေနအိမ္၌ အိပ္ေပ်ာ္ေနစဥ္ ေနအိမ္အိပ္ခန္းေခါင္းရင္းျပတင္းေပါက္ဖြင့္ထားသည့္ဘက္မွ ၿခံ၀င္းက်ဴးေက်ာ္၀င္လာသူတစ္ဦးက ဓာတ္ဆီေလာင္းခ်ကာ မီးရိႈ႕ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္းရဲမွတ္တမ္းအရသိရသည္။

fvweg

ထို႔ေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးဦးတင့္ေငြတြင္ မ်က္ႏွာျပင္တစ္ခုလံုး၊ ၀ဲလက္/ဒူး၊ ၀ဲဂ်ိဳင္းေအာက္နံေဘးႏွင့္ ေပါင္ရင္းတို႔၌ မီးေလာင္ဒဏ္ရာမ်ားျပင္းထန္စြာရရွိခဲ့သည့္အျပင္ ေစာင္/ျခင္ေထာင္/ေခါင္းအံုး/ အိမ္ယာလိပ္/ကုတင္ စသည့္ ေငြ ၅ ေသာင္းက်ပ္ခန္႔ရွိအိပ္ယာခင္းမ်ားမီးေလာင္သြားခဲ့ေၾကာင္း စစ္ေဆးသိရွိရသည္။

အခင္းျဖစ္ေနခ်ိန္၌ ဇနီးျဖစ္သူမွာဧည့္ခန္းတြင္အိပ္ေနသျဖင့္ ခင္ပြန္းဦးတင့္ေငြတစ္ဦးတည္း မီးေလာင္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

rgrg

အမႈႏွင့္ပတ္သက္၍ ကသာၿမိဳ႕မရဲစခန္း၌ (ပ)၆၄/၂၀၂၀ ၊ ရာဇသတ္ႀကီးပုဒ္မ - ၄၅၉ ျဖင့္အမႈဖြင့္ကာ မီးရိႈ႕သူကိုစံုစမ္းရွာေဖြေနေၾကာင္း သတင္းရရွိသည္။  

ဒါးဇ(အကုန္သိသတင္းဌာန)

Source - ျမင့္လြင္(ကသာ)

 

Unicode Version

 

 

ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓာတ်ဆီလောင်းမီးရှို့မှု ကသာမြို့၌ ဖြစ်ပွား

 

နေအိမ်၌အိပ်ပျော်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးအား အမည်မသိသူတစ်ဦးက ဓာတ်ဆီဖြင့်လောင်းမီးရှို့၍ ထွက်ပြေးမှု ကသာမြို့နယ်၌ဖြစ်ပွားကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၊ စေတီရပ်၌နေထိုင်သော အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင့်ငွေ(၆၄)နှစ်သည် မတ်လ ၈ ရက်၊ ညအချိန်က နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ်အိပ်ခန်းခေါင်းရင်းပြတင်းပေါက်ဖွင့်ထားသည့်ဘက်မှ ခြံဝင်းကျူးကျော်ဝင်လာသူတစ်ဦးက ဓာတ်ဆီလောင်းချကာ မီးရှို့ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူးဦးတင့်ငွေတွင် မျက်နှာပြင်တစ်ခုလုံး၊ ဝဲလက်/ဒူး၊ ဝဲဂျိုင်းအောက်နံဘေးနှင့် ပေါင်ရင်းတို့၌ မီးလောင်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့သည့်အပြင် စောင်/ခြင်ထောင်/ခေါင်းအုံး/ အိမ်ယာလိပ်/ကုတင် စသည့် ငွေ ၅ သောင်းကျပ်ခန့်ရှိအိပ်ယာခင်းများမီးလောင်သွားခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

အခင်းဖြစ်နေချိန်၌ ဇနီးဖြစ်သူမှာဧည့်ခန်းတွင်အိပ်နေသဖြင့် ခင်ပွန်းဦးတင့်ငွေတစ်ဦးတည်း မီးလောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ကသာမြို့မရဲစခန်း၌ (ပ)၆၄/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ - ၄၅၉ ဖြင့်အမှုဖွင့်ကာ မီးရှို့သူကိုစုံစမ်းရှာဖွေနေကြောင်း သတင်းရရှိသည်။  

ဒါးဇ(အကုန်သိသတင်းဌာန)

Source - မြင့်လွင်(ကသာ)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။