Skip to main content
ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၁၁ ဦးႏွင့္လမ္းျပေခၚေဆာင္သူ ၂ ဦးတို႔ကိုဖမ္းဆီးရမိ
Ads Block

ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၁၁ ဦးႏွင့္လမ္းျပေခၚေဆာင္သူ ၂ ဦးတို႔ကိုဖမ္းဆီးရမိ

 

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၁၁ ဦးႏွင့္ လမ္းျပေခၚေဆာင္သူ ၂ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ပဒါန္းေက်းရြာလမ္းဆံု၌ အရပ္သားအသြင္ယူေစာင့္ၾကည့္ ရဲတပ္ဖြဲ႔၀င္မ်ားသည္ နယ္ေျမအတြင္းလံုၿခံဳေရးေဆာင္ရြက္စဥ္ မတ္လ ၉ ရက္၊ နံနက္အေစာပိုင္း ၄ နာရီ၌ မသကၤာဖြယ္ရာအမ်ိဳးသားတစ္ဦးကိုေတြ႔ရွိသျဖင့္စစ္ေဆးခဲ့ၾကေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၁၁ ဦးႏွင့္လမ္းျပေခၚေဆာင္သူ ၂ ဦးတို႔ကိုဖမ္းဆီးရမိ

စစ္ေဆးခ်က္အရ ၎မွာ တင္၀င္း၊ ၄၇ ႏွစ္ျဖစ္ၿပီးရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕၊ အမွတ္ ၃ ေဈးရပ္ကြက္ေနထိုင္ကာ ၎ႏွင့္အတူေမာင္ဖာ ၄၈ ႏွစ္(အမ္းၿမိဳ႕၊ ေျမာက္ဖက္ေက်းရြာအုပ္စု၊ ေက်ာက္ဇကြဲေက်းရြာ)ေနသူတို႔သည္ ဘဂၤါလီလူမ်ားမ်ိဳးမ်ားကိုေတာလမ္းအတိုင္းလမ္းျပေခၚေဆာင္လာသူျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ထို႔ေၾကာင့္ မန္းတမံအနီးေက်ာင္းကုန္းေက်းရြာေဟာင္းသြားေတာလမ္း၌ တပ္ဖြဲ႔၀င္မ်ားႏွင့္အဖြဲ႔က ေစာင့္ဆိုင္းခဲ့ရာ ေမာင္ဖာ၊ ၄၈ ႏွစ္ႏွင့္အတူခိုး၀င္ေရာက္ရွိလာၾကေသာ ဘဂၤါလီ က်ား ၂ ဦးႏွင့္ မ ၉ ဦးတို႔ကို ဖမ္းဆီးႏုိင္ခဲ့ၾကသည္။

ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၁၁ ဦးႏွင့္လမ္းျပေခၚေဆာင္သူ ၂ ဦးတို႔ကိုဖမ္းဆီးရမိ

ဖမ္းဆီးရမိသည့္ ဘဂၤါလီ ၁၁ ဦးသည္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိေက်းရြာမ်ားအတြင္း ေနထုိင္သူမ်ားျဖစ္ၿပီး ၎တို႔ထံအခေၾကးေငြရယူကာ တင္၀င္း၊ (၄၇)ႏွစ္ႏွင့္ ေမာင္ဖာ၊ (၄၈)ႏွစ္တို႔ ႏွစ္ဦးက လမ္းျပေခၚေဆာင္လာစဥ္အခင္းျဖစ္ေနရာ၌ တပ္ဖြဲ႔၀င္မ်ား၏ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ငဖဲၿမိဳ႕မရဲစခန္း၌ တင္၀င္းႏွင့္ေမာင္ဖာတို႔ကိုပုဒ္မ - ၃၆၇ ျဖင့္ လည္းေကာင္း၊ ဘဂၤါလီမ်ားကို ျမန္မာႏုိင္ငံအတြင္းေနထိုင္သူမ်ားမွတ္ပံုတင္ေရးအက္ဥပေဒပုဒ္မ - ၆(၃)ျဖင့္လည္းေကာင္း အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

 

ဒါးဇ(အကုန္သိသတင္းဌာန)

 Unicode Version

 

ငဖဲမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၁ ဦးနှင့်လမ်းပြခေါ်ဆောင်သူ ၂ ဦးတို့ကိုဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၁ ဦးနှင့် လမ်းပြခေါ်ဆောင်သူ ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာလမ်းဆုံ၌ အရပ်သားအသွင်ယူစောင့်ကြည့် ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလုံခြုံရေးဆောင်ရွက်စဉ် မတ်လ ၉ ရက်၊ နံနက်အစောပိုင်း ၄ နာရီ၌ မသင်္ကာဖွယ်ရာအမျိုးသားတစ်ဦးကိုတွေ့ရှိသဖြင့်စစ်ဆေးခဲ့ကြကြောင်း ရဲမှတ်တမ်းအရသိရသည်။

စစ်ဆေးချက်အရ ၎င်းမှာ တင်ဝင်း၊ ၄၇ နှစ်ဖြစ်ပြီးရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် ၃ ဈေးရပ်ကွက်နေထိုင်ကာ ၎င်းနှင့်အတူမောင်ဖာ ၄၈ နှစ်(အမ်းမြို့၊ မြောက်ဖက်ကျေးရွာအုပ်စု၊ ကျောက်ဇကွဲကျေးရွာ)နေသူတို့သည် ဘင်္ဂါလီလူများမျိုးများကိုတောလမ်းအတိုင်းလမ်းပြခေါ်ဆောင်လာသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် မန်းတမံအနီးကျောင်းကုန်းကျေးရွာဟောင်းသွားတောလမ်း၌ တပ်ဖွဲ့ဝင်များနှင့်အဖွဲ့က စောင့်ဆိုင်းခဲ့ရာ မောင်ဖာ၊ ၄၈ နှစ်နှင့်အတူခိုးဝင်ရောက်ရှိလာကြသော ဘင်္ဂါလီ ကျား ၂ ဦးနှင့် မ ၉ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၁၁ ဦးသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိကျေးရွာများအတွင်း နေထိုင်သူများဖြစ်ပြီး ၎င်းတို့ထံအခကြေးငွေရယူကာ တင်ဝင်း၊ (၄၇)နှစ်နှင့် မောင်ဖာ၊ (၄၈)နှစ်တို့ နှစ်ဦးက လမ်းပြခေါ်ဆောင်လာစဉ်အခင်းဖြစ်နေရာ၌ တပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ငဖဲမြို့မရဲစခန်း၌ တင်ဝင်းနှင့်မောင်ဖာတို့ကိုပုဒ်မ - ၃၆၇ ဖြင့် လည်းကောင်း၊ ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၆(၃)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဒါးဇ(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။