Skip to main content
အေမရိကန္ေဒၚလာေစ်းႏႈန္းက်ေနသျဖင့္ နယ္စပ္ကုန္သြယ္ေရး အေရာင္းအ၀ယ္မေကာင္းဟု ဆို
Ads Block

အေမရိကန္ေဒၚလာေစ်းႏႈန္းက်ေနသျဖင့္ နယ္စပ္ကုန္သြယ္ေရး အေရာင္းအ၀ယ္မေကာင္းဟု ဆို

 

အေမရိကန္ေဒၚလာေစ်းႏႈန္းက်ေနသည့္အတြက္ နယ္စပ္ကုန္သြယ္ေရးအေရာင္းအ၀ယ္မေကာင္းေၾကာင္း မူဆယ္နယ္စပ္ကုန္စည္ဒိုင္မွ သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ ပို႔ကုန္မ်ားတင္ပို႔ေနၿပီး တရုတ္ႏိုင္ငံမွ ကုန္ပစၥည္းအဝင္နည္းပါးေနေသးေၾကာင္း သိရသည္။

အေမရိကန္ေဒၚလာေစ်းႏႈန္းက်ေနသျဖင့္ နယ္စပ္ကုန္သြယ္ေရး အေရာင္းအ၀ယ္မေကာင္းဟု ဆို

“နယ္စပ္ကုန္သြယ္ေရးကေတာ့ ဆန္တို႔၊ ဆန္ကြဲတို႔ကေတာ့တရားဝင္သြားေနတယ္။ ကားအစီးေရ ၄၀ ေလာက္ေတာ့ ပံုမွန္ဝင္တယ္။ ေငြေစ်းေတြကတအားက်ေနတယ္။ ေငြေစ်းက်ေနေတာ့ အေရာင္းအဝယ္ သိပ္မေကာင္းဘူး။ ေရာင္းၿပီးေတာ့အက်ိဳးအျမတ္မရွိဘူး။ အဲဒီလိုျဖစ္သြားတယ္။ ျမန္မာေငြကတန္ဖိုးရွိၿပီးေတာ့ ႏိုင္ငံျခားေငြကေစ်းေပ်ာ့သြားေတာ့ေရာင္းသေလာက္အက်ိဳးမရွိဘူးေပါ့။ ဒီဘက္ကရရင္ႏိုင္ငံျခားေငြရတာကိုး။ တရုတ္ေငြကတန္ဖိုးက်သြားတာ”ဟု မူဆယ္နယ္စပ္ကုန္စည္ဒိုင္မွအတြင္းေရးမွဴး ဦးမင္းသိမ္းက ေျပာသည္။

အေမရိကန္ေဒၚလာေစ်းႏႈန္းက်ေနသျဖင့္ နယ္စပ္ကုန္သြယ္ေရး အေရာင္းအ၀ယ္မေကာင္းဟု ဆို

ယခင္က အေမရိကန္ေဒၚလာေစ်းႏႈန္းမွာ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၁၅၀၀ က်ပ္၀န္းက်င္ရွိခဲ့ေသာ္လည္း လက္ရွိတြင္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၁၃၀၀ မွ ၁၄၀၀ က်ပ္၀န္းက်င္သာရွိေတာ့ေၾကာင္း သိရသည္။

လက္ရွိတြင္ စီးပြားေရးက်ဆင္းခ်ိန္ႏွင့္ တရုတ္ႏိုင္ငံ၌ကိုရိနာဗိုင္းရပ္စ္ျဖစ္ပြားမႈမ်ားေၾကာင့္ ျမန္မာႏုိင္ငံတြင္ အေမရိကန္ေဒၚလာဝယ္လိုအားက်ဆင္းေနျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ႏိုင္ငံျခားေငြစီမံခန္႔ခြဲမႈဌာနမွ သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

 

 Unicode Version

 

 

 

အမေရိကန်ဒေါ်လာဈေးနှုန်းကျနေသဖြင့် နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ်မကောင်းဟု ဆို

 

အမေရိကန်ဒေါ်လာဈေးနှုန်းကျနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးအရောင်းအဝယ်မကောင်းကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပို့ကုန်များတင်ပို့နေပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းအဝင်နည်းပါးနေသေးကြောင်း သိရသည်။

“နယ်စပ်ကုန်သွယ်ရေးကတော့ ဆန်တို့၊ ဆန်ကွဲတို့ကတော့တရားဝင်သွားနေတယ်။ ကားအစီးရေ ၄၀ လောက်တော့ ပုံမှန်ဝင်တယ်။ ငွေဈေးတွေကတအားကျနေတယ်။ ငွေဈေးကျနေတော့ အရောင်းအဝယ် သိပ်မကောင်းဘူး။ ရောင်းပြီးတော့အကျိုးအမြတ်မရှိဘူး။ အဲဒီလိုဖြစ်သွားတယ်။ မြန်မာငွေကတန်ဖိုးရှိပြီးတော့ နိုင်ငံခြားငွေကဈေးပျော့သွားတော့ရောင်းသလောက်အကျိုးမရှိဘူးပေါ့။ ဒီဘက်ကရရင်နိုင်ငံခြားငွေရတာကိုး။ တရုတ်ငွေကတန်ဖိုးကျသွားတာ”ဟု မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှအတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။

ယခင်က အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၀၀ မှ ၁၄၀၀ ကျပ်ဝန်းကျင်သာရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် စီးပွားရေးကျဆင်းချိန်နှင့် တရုတ်နိုင်ငံ၌ကိုရိနာဗိုင်းရပ်စ်ဖြစ်ပွားမှုများကြောင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာဝယ်လိုအားကျဆင်းနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ သိရသည်။


စုသက်နှင်း(အကုန်သိသတင်းဌာန) 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။