Skip to main content
ေအာင္ဘာေလထီအတုဟုယူဆရသည္မ်ားကို မတန္တဆေစ်းျဖင့္လိမ္လည္ေရာင္းခ်သူ ၄ ဦးကို ဖမ္းဆီးအမႈဖြင့္ထား 
Ads Block

ေအာင္ဘာေလထီအတုဟုယူဆရသည္မ်ားကို မတန္တဆေစ်းျဖင့္လိမ္လည္ေရာင္းခ်သူ ၄ ဦးကို ဖမ္းဆီးအမႈဖြင့္ထား 

 

ေအာင္ဘာေလထီအတုဟုယူဆရသည္မ်ားကို မတန္တဆေစ်းျဖင့္ေဒသခံမ်ားထံလိမ္လည္ေရာင္းခ်သူ ၄ ဦးကို ဖမ္းဆီးအမႈဖြင့္ထားမႈ လားရိႈးၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ လားရိႈးၿမိဳ႕နယ္၊ ရပ္ကြက္(၁)၊ နယ္ေျမ(၇)၊ ေအးခ်မ္းသာယာလမ္းသြယ္(၉)လမ္းရွိ ေနအိမ္၌ အမိေျမသတင္းစံုဂ်ာနယ္အဖြဲ႔ဟုဆိုကာ မိုးယံေရႊလမင္းႏွင့္ျမတ္ဆုကုေဋထီ(၁၀)ေစာင္တြဲကို ၈၀၀၀၀ က်ပ္ျဖင့္ လိမ္လည္ေရာင္းခ်ေနေၾကာင္းမတ္လ ၆ ရက္၊ နံနက္ ၁၁ နာရီတြင္ သတင္းေပးခ်က္ေၾကာင့္ ရဲတပ္ဖြဲ႔၀င္မ်ားက သြားေရာက္စစ္ေဆးၾကသည္။

စစ္ေဆးခ်က္အရ အခင္းျဖစ္ေနအိမ္၌ နယ္ေျမမွဴးပါရပ္ကြက္တာ၀န္ရွိသူမ်ားကိုေတြ႔ရွိရၿပီး အမိေျမသတင္းေထာက္ဟုဆိုေသာ ျမတ္မင္း ၄၇ ႏွစ္၊ ေမာင္ေမာင္ၾကည္ ၅၀ ႏွစ္၊ ေဇယ်ာေမာင္ၾကည့္ ၂၂ ႏွစ္ႏွင့္ ဟိန္းထက္ ၁၆ ႏွွစ္ဆိုသူ၄ ဦးတို႔သည္ ၁၀ ေစာင္တြဲေအာင္ဘာေလထီလက္မွတ္ကိုအစိုးရသတ္မွတ္ေစ်း (၁၉၆၀၀) က်ပ္ထက္ပိုမို၍ ၈၀၀၀၀ က်ပ္ျဖင့္လိမ္လည္ေရာင္းခ်သျဖင့္ ဖမ္းဆီးထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။

အဆိုပါ အမိေျမသတင္းေထာက္ဆိုသူ ၄ ဦးတုိ႔ႏွင့္အတူ Mark-2 အျဖဴေရာင္ယာဥ္ ၁ စီး၊ ၎တို႔အမည္ပါ အမိေျမသတင္းေထာက္စိစစ္ေရးကတ္မ်ား၊ ျပည္ခိုင္ၿဖိဳးပါတီ၏လိုဂိုတံဆိပ္ျဖင့္ျပဳလုပ္ထားေသာ လိပ္စာကတ္မ်ား၊ ေပ်ာက္ၾကားေဘးလြယ္အိတ္ ၁ ခုႏွင့္ မွတ္စုစာအုပ္ပါထီေရာင္းခ်ေငြစကၠဴအေရာ ၉၀၀၀၀ က်ပ္တို႔ကို သက္ေသခံပစၥည္းအျဖစ္ ေတြ႔ရွိသိမ္းဆည္းရမိခဲ့သည္။

“သားအဖေတြပါပဲ။ ဦးျမတ္မင္းနဲ႔ ဟိန္းထက္သားအဖနဲ႔ ေမာင္ေမာင္ၾကည္နဲ႔ ေဇယ်ာေမာင္ၾကည္တို႔ သားအဖေတြေပါ့။ မသိနားမလည္တဲ့ေဒသခံျပည္သူေတြထံကိုမီဒီယာအမည္ခံၿပီးေတာ့ လုပ္စားေနၾကတာေလ။ ၿပီးေတာ့ သူတို႔ေရာင္းခ်တဲ့ထီလက္မွတ္ကလည္း အတုပံုစံလကၡဏာေတြေတြ႔ရတယ္။ အဲဒါေၾကာင့္ အခုနယ္ေျမခံရဲတပ္ဖြဲ႔ေတြကဖမ္းဆီးၿပီးေထာင္ဒဏ္အနည္းဆံုး ၇ ႏွစ္ေလာက္က်ခံႏိုင္တဲ့ပုဒ္မနဲ႔ အမႈဖြင့္စစ္ေဆးေနဆဲလို႔ သိရပါတယ္” ဟုအခင္းျဖစ္ေနရာမွ ေဒသခံတစ္ဦးက ေျပာသည္။

အမႈႏွင့္ပတ္သက္၍ လားရိႈး၊ (၁၀)ရပ္ကြက္၊ နယ္ေျမ(၈)ေန ျမတ္မင္း(၄၇)ႏွစ္၊ ဟိန္းထက္ (၁၆) ႏွစ္တို႔ သားအဖႏွင့္ မႏၱေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္၊ (၄၅) လမ္းေနေမာင္ေမာင္ၾကည္ (၅၀) ႏွစ္၊ ေဇယ်ာေမာင္ၾကည္၊ (၂၂) ႏွစ္တုိ႔ကို( ပ ) ၁၆၄/ ၂၀၂၀ ၊ ရာဇသတ္ႀကီးပုဒ္မ - ၄၂၀/ ၄၆၈ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း လားရိႈးၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဒါးဇ ( အကုန္သိ သတင္းဌာန )  

 

Unicode Version

 

အောင်ဘာလေထီအတုဟုယူဆရသည်များကို မတန်တဆဈေးဖြင့်ဒေသခံများထံလိမ်လည်ရောင်းချသူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့်ထားမှု လားရှိုးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၁)၊ နယ်မြေ(၇)၊ အေးချမ်းသာယာလမ်းသွယ်(၉)လမ်းရှိ နေအိမ်၌ အမိမြေသတင်းစုံဂျာနယ်အဖွဲ့ဟုဆိုကာ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီ(၁၀)စောင်တွဲကို ၈၀၀၀၀ ကျပ်ဖြင့် လိမ်လည်ရောင်းချနေကြောင်းမတ်လ ၆ ရက်၊ နံနက် ၁၁ နာရီတွင် သတင်းပေးချက်ကြောင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကြသည်။

စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်၌ နယ်မြေမှူးပါရပ်ကွက်တာဝန်ရှိသူများကိုတွေ့ရှိရပြီး အမိမြေသတင်းထောက်ဟုဆိုသော မြတ်မင်း ၄၇ နှစ်၊ မောင်မောင်ကြည် ၅၀ နှစ်၊ ဇေယျာမောင်ကြည့် ၂၂ နှစ်နှင့် ဟိန်းထက် ၁၆ နှစ်ဆိုသူ၄ ဦးတို့သည် ၁၀ စောင်တွဲအောင်ဘာလေထီလက်မှတ်ကိုအစိုးရသတ်မှတ်ဈေး (၁၉၆၀၀) ကျပ်ထက်ပိုမို၍ ၈၀၀၀၀ ကျပ်ဖြင့်လိမ်လည်ရောင်းချသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

အဆိုပါ အမိမြေသတင်းထောက်ဆိုသူ ၄ ဦးတို့နှင့်အတူ Mark-2 အဖြူရောင်ယာဉ် ၁ စီး၊ ၎င်းတို့အမည်ပါ အမိမြေသတင်းထောက်စိစစ်ရေးကတ်များ၊ ပြည်ခိုင်ဖြိုးပါတီ၏လိုဂိုတံဆိပ်ဖြင့်ပြုလုပ်ထားသော လိပ်စာကတ်များ၊ ပျောက်ကြားဘေးလွယ်အိတ် ၁ ခုနှင့် မှတ်စုစာအုပ်ပါထီရောင်းချငွေစက္ကူအရော ၉၀၀၀၀ ကျပ်တို့ကို သက်သေခံပစ္စည်းအဖြစ် တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

“သားအဖတွေပါပဲ။ ဦးမြတ်မင်းနဲ့ ဟိန်းထက်သားအဖနဲ့ မောင်မောင်ကြည်နဲ့ ဇေယျာမောင်ကြည်တို့ သားအဖတွေပေါ့။ မသိနားမလည်တဲ့ဒေသခံပြည်သူတွေထံကိုမီဒီယာအမည်ခံပြီးတော့ လုပ်စားနေကြတာလေ။ ပြီးတော့ သူတို့ရောင်းချတဲ့ထီလက်မှတ်ကလည်း အတုပုံစံလက္ခဏာတွေတွေ့ရတယ်။ အဲဒါကြောင့် အခုနယ်မြေခံရဲတပ်ဖွဲ့တွေကဖမ်းဆီးပြီးထောင်ဒဏ်အနည်းဆုံး ၇ နှစ်လောက်ကျခံနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေဆဲလို့ သိရပါတယ်” ဟုအခင်းဖြစ်နေရာမှ ဒေသခံတစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သက်၍ လားရှိုး၊ (၁၀)ရပ်ကွက်၊ နယ်မြေ(၈)နေ မြတ်မင်း(၄၇)နှစ်၊ ဟိန်းထက် (၁၆) နှစ်တို့ သားအဖနှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ (၄၅) လမ်းနေမောင်မောင်ကြည် (၅၀) နှစ်၊ ဇေယျာမောင်ကြည်၊ (၂၂) နှစ်တို့ကို( ပ ) ၁၆၄/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ - ၄၂၀/ ၄၆၈ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။