Skip to main content
သစ္စက္လုပ္သားမ်ားအရက္အတူေသာက္ၿပီး လုပ္ငန္းအေၾကာင္းစကားမ်ားရာမွ လူသတ္မႈျဖစ္ပြား 
Ads Block

သစ္စက္လုပ္သားမ်ားအရက္အတူေသာက္ၿပီး လုပ္ငန္းအေၾကာင္းစကားမ်ားရာမွ လူသတ္မႈျဖစ္ပြား 

 

သစ္စက္လုပ္သားခ်င္းအရက္အတူေသာက္ၿပီး လုပ္ငန္းအေၾကာင္းစကားမ်ားရာမွ ဓားခုတ္လူသတ္မႈ ေတာင္ငူၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 

ျဖစ္စဥ္မွာ ေတာင္ငူၿမိဳ႕ႏွင့္ ၉ မိုင္ခန္႔အကြာ ၿငိမ္းခ်မ္း႐ြာရွိ လူမေနသည့္ၾကက္ၿခံေဟာင္းတြင္ မတ္လ ၆ ရက္၊ ညေန ၅ နာရီခန္႔ကလူသတ္မႈျဖစ္ပြားေၾကာင္းသတင္းအရ ေတာင္ငူၿမိဳ႕အမွတ္ ( ၃ )နယ္ေျမရဲစခန္းမွ တာဝန္ရွိသူမ်ားက သက္ေသမ်ားႏွင့္အတူသြားေရာက္စစ္ေဆးခဲ့ၾကျခင္းျဖစ္သည္။ 

ယင္းကဲ့သို႔စစ္ေဆးရာ ေသဆုံးသူမွာ တေျပးေက်း႐ြာေန ေအာင္ေက်ာ္ထိုက္ျဖစ္ၿပီး ၄င္းအား ႐ြာႀကီးသစ္႐ြာေန ေဇာ္ခင္က ကိုင္းခုတ္ဓားမျဖင့္ လည္ပင္း၊ မ်က္ႏွာႏွင့္ဦးေခါင္းတို႔ကိုခုတ္သတ္ၿပီး ဗိုလ္ခ်ဳပ္ရပ္ကြက္ေန မိုးေက်ာ္ႏွင့္အတူ အေလာင္းကို ေ႐ႊတြင္းေဟာင္းထဲ၌ဖြက္ထားခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ 

“ေသဆုံးသူနဲ႔ျပစ္မႈက်ဴးလြန္သူတို႔ဟာ သစ္စက္လုပ္သားေတြျဖစ္ၾကၿပီး အဲဒီေန႔က အရက္ေသစာေသာက္စားၿပီး လုပ္ငန္းကိစၥအဆင္မေျပျဖစ္ရာကေန စကားမ်ား၊ လူသတ္မႈက်ဴးလြန္တဲ့အထိျဖစ္ပြားခဲ့တာပါ။ အခင္းျဖစ္တယ္ၾကားလို ၆ ရက္ေန႔ညက စခန္းအဖြဲ႕ေတြနဲ႔လိုက္သြားၿပီး ေသဆုံးသူအေလာင္းကို ေ႐ႊတြင္းထဲကေန ဆြဲထုတ္ခဲ့ၿပီး က်ဴးလြန္သူေတြကိုလည္း ညတြင္းခ်င္းဖမ္းဆီးရမိခဲ့ပါတယ္” ဟု ေတာင္ငူၿမိဳ႕အမွတ္(၃)နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။ 

အမႈႏွင့္ပတ္သက္၍ ေဇာ္ခင္ႏွင့္ေက်ာ္မိုးတို႔အား အမွတ္( ၃ )နယ္ေျမရဲစခန္း၌ (ပ)၂၅ /၂၀၂၀ ၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၂/၁၁၄ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

အကုန္သိ သတင္းဌာန

 

Unicode Version

 

 

သစ်စက်လုပ်သားချင်းအရက်အတူသောက်ပြီး လုပ်ငန်းအကြောင်းစကားများရာမှ ဓားခုတ်လူသတ်မှု တောင်ငူမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ တောင်ငူမြို့နှင့် ၉ မိုင်ခန့်အကွာ ငြိမ်းချမ်းရွာရှိ လူမနေသည့်ကြက်ခြံဟောင်းတွင် မတ်လ ၆ ရက်၊ ညနေ ၅ နာရီခန့်ကလူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့အမှတ် ( ၃ )နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။ 

ယင်းကဲ့သို့စစ်ဆေးရာ သေဆုံးသူမှာ တပြေးကျေးရွာနေ အောင်ကျော်ထိုက်ဖြစ်ပြီး ၎င်းအား ရွာကြီးသစ်ရွာနေ ဇော်ခင်က ကိုင်းခုတ်ဓားမဖြင့် လည်ပင်း၊ မျက်နှာနှင့်ဦးခေါင်းတို့ကိုခုတ်သတ်ပြီး ဗိုလ်ချုပ်ရပ်ကွက်နေ မိုးကျော်နှင့်အတူ အလောင်းကို ရွှေတွင်းဟောင်းထဲ၌ဖွက်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

“သေဆုံးသူနဲ့ပြစ်မှုကျူးလွန်သူတို့ဟာ သစ်စက်လုပ်သားတွေဖြစ်ကြပြီး အဲဒီနေ့က အရက်သေစာသောက်စားပြီး လုပ်ငန်းကိစ္စအဆင်မပြေဖြစ်ရာကနေ စကားများ၊ လူသတ်မှုကျူးလွန်တဲ့အထိဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်တယ်ကြားလို ၆ ရက်နေ့ညက စခန်းအဖွဲ့တွေနဲ့လိုက်သွားပြီး သေဆုံးသူအလောင်းကို ရွှေတွင်းထဲကနေ ဆွဲထုတ်ခဲ့ပြီး ကျူးလွန်သူတွေကိုလည်း ညတွင်းချင်းဖမ်းဆီးရမိခဲ့ပါတယ်” ဟု တောင်ငူမြို့အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

အမှုနှင့်ပတ်သက်၍ ဇော်ခင်နှင့်ကျော်မိုးတို့အား အမှတ်( ၃ )နယ်မြေရဲစခန်း၌ (ပ)၂၅ /၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၁၁၄ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။