Skip to main content
Golden City မွကြန္ဒိုတိုက္ခန္းမ်ားအား ႏွစ္သစ္ကူးအႀကိဳပရိုမိုးရွင္းေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္
Ads Block

Golden City မွကြန္ဒိုတိုက္ခန္းမ်ားအား ႏွစ္သစ္ကူးအႀကိဳပရိုမိုးရွင္းေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္

 

Golden City မွႏွစ္သစ္ကူးအႀကိဳပရိုမိုးရွင္းအေနျဖင့္ ကြန္ဒိုတိုက္ခန္းမ်ားကို သင့္တင့္ေသာႏႈန္းထားျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း Golden City မွ Property Sales Director ဦးေက်ာ္စည္သူက ေျပာသည္။

အဆိုပါပရိုမိုးရွင္းကာလမွာ ေဖေဖာ္ဝါရီလ တစ္ရက္မွ မတ္လ (၃၁) ရက္အထိေရာင္းခ်သြားမည္ျဖစ္ကာ ယင္းကာလအတြင္း ၁၀ ႏွစ္အရစ္က်ဝယ္ယူပါက အတိုးႏႈန္း ၈ ရာခိုင္ႏႈန္းသာေပးေဆာင္ရမည္ျဖစ္ၿပီး ၆ ႏွစ္ အရစ္က်ဝယ္ယူပါက အတိုးမဲ့ခံစားခြင့္ရွိမည္ျဖစ္ေၾကာင္း သိရသည္။ 
Down Payment အေနျဖင့္ ကနဦးတြင္ ၂၀ ရာခိုင္ႏႈန္းေပးသြင္းရမည္ျဖစ္ၿပီး ၃၀ ရာခိုင္ႏႈန္းျပည့္ပါက အခန္းပိုင္ဆိုင္ခြင့္ရွိမည္ျဖစ္ေၾကာင္းလည္း သိရသည္။

“Phase 1 နဲ႔ Phase 2 ကေဆာက္လုပ္ၿပီးစီးသြားလို႔ ဖြင့္ထားၿပီေပါ့။ အခုကြ်န္ေတာ္တို႔ပရိုမိုးရွင္းခ်တာ ေအာင္ျမင္တယ္ဆိုရင္ေနာက္ထပ္လည္းလုပ္သြားဖို႔ရွိတယ္။ အခု ၆၀ ရာခိုင္နႈန္းေလာက္ ေနထိုင္ေနပါၿပီ။ ျမန္မာႏိုင္ငံမွာ အျမင့္ဆံုးပေရာဂ်က္တစ္ခုျဖစ္ပါတယ္။ မၾကာခင္မွာလည္း Phase 3 ဖြင့္သြားဖို႔ရွိပါတယ္”ဟု Property Sales Director ဦးေက်ာ္စည္သူက ေျပာသည္။

လက္ရွိေရာင္းခ်မည့္ကြန္ဒိုတိုက္ခန္းေစ်းႏႈန္းမွာ ကန္ေဒၚလာ ၃ သိန္း ၈ ေသာင္း၊ ကန္ေဒၚလာ ၄ သိန္း ၂ ေသာင္း၊ အၾကမ္းအားျဖင့္ ၅ သိန္းဝန္းက်င္ရွိၿပီး အခန္းေပါင္း ၁၀၆၇ ခန္းရွိကာ ရံုးခန္းတစ္ခန္းပါဝင္ေၾကာင္း သိရသည္။

လက္ရွိတည္ေဆာက္ေနဆဲႏွင့္တည္ေဆာက္ၿပီးစီးသည့္ Phase 1 ႏွင့္ Phase 2 တြင္ ကန္ေဒၚလာသန္း ၃၀၀ နီးပါး ရင္းႏွီးျမွဳပ္ႏွံထားေၾကာင္း သိရသည္။ 
 

စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

Golden City မှနှစ်သစ်ကူးအကြိုပရိုမိုးရှင်းအနေဖြင့် ကွန်ဒိုတိုက်ခန်းများကို သင့်တင့်သောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Golden City မှ Property Sales Director ဦးကျော်စည်သူက ပြောသည်။

အဆိုပါပရိုမိုးရှင်းကာလမှာ ဖေဖော်ဝါရီလ တစ်ရက်မှ မတ်လ (၃၁) ရက်အထိရောင်းချသွားမည်ဖြစ်ကာ ယင်းကာလအတွင်း ၁၀ နှစ်အရစ်ကျဝယ်ယူပါက အတိုးနှုန်း ၈ ရာခိုင်နှုန်းသာပေးဆောင်ရမည်ဖြစ်ပြီး ၆ နှစ် အရစ်ကျဝယ်ယူပါက အတိုးမဲ့ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
Down Payment အနေဖြင့် ကနဦးတွင် ၂၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းပြည့်ပါက အခန်းပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

“Phase 1 နဲ့ Phase 2 ကဆောက်လုပ်ပြီးစီးသွားလို့ ဖွင့်ထားပြီပေါ့။ အခုကျွန်တော်တို့ပရိုမိုးရှင်းချတာ အောင်မြင်တယ်ဆိုရင်နောက်ထပ်လည်းလုပ်သွားဖို့ရှိတယ်။ အခု ၆၀ ရာခိုင်နှုန်းလောက် နေထိုင်နေပါပြီ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးပရောဂျက်တစ်ခုဖြစ်ပါတယ်။ မကြာခင်မှာလည်း Phase 3 ဖွင့်သွားဖို့ရှိပါတယ်”ဟု Property Sales Director ဦးကျော်စည်သူက ပြောသည်။

လက်ရှိရောင်းချမည့်ကွန်ဒိုတိုက်ခန်းဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ သိန်း ၈ သောင်း၊ ကန်ဒေါ်လာ ၄ သိန်း ၂ သောင်း၊ အကြမ်းအားဖြင့် ၅ သိန်းဝန်းကျင်ရှိပြီး အခန်းပေါင်း ၁၀၆၇ ခန်းရှိကာ ရုံးခန်းတစ်ခန်းပါဝင်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်နေဆဲနှင့်တည်ဆောက်ပြီးစီးသည့် Phase 1 နှင့် Phase 2 တွင် ကန်ဒေါ်လာသန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။