Skip to main content
ေျမာက္ဥကၠလာ၊ သုနႏၵာမီးပိြဳင့္တြင္ ယာဥ္ထိန္းရဲအား ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့သူအမ်ိဳးသမီးအားအမႈဖြင့္ထား
Ads Block

ေျမာက္ဥကၠလာ၊ သုနႏၵာမီးပိြဳင့္တြင္ ယာဥ္ထိန္းရဲအား ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့သူအမ်ိဳးသမီးအားအမႈဖြင့္ထား

 

ေျမာက္ဥကၠလာသုနႏၵာမီးပိြဳင့္တြင္ ယာဥ္ထိန္းရဲအား ထီးျဖင့္ရိုက္ႏွက္ကာကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့သည့္ အမ်ိဳးသမီးကို အမႈဖြင့္ထားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မွာ မတ္လ ၂ ရက္ညေနပိုင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး က်ဴးလြန္ခဲ့သည့္အမ်ိဳးသမီးသည္ လူျမင္ကြင္းတြင္ ယာဥ္ထိန္းတပ္ဖြဲ႔ဝင္မ်ားကို ထီးျဖင့္ရိုက္၊ ေရဘူးျဖင့္ပစ္ေပါက္ျခင္းမ်ား ျပဳမူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္က မေန႔ညေနက ျဖစ္သြားတာ။ သုနႏၵာမီးပိြဳင့္မွာျဖစ္တာပါ။ အခု အဲဒီအမ်ိဳးသမီးကိုအမႈဖြင့္ထားတယ္လို႔ သိရတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး”ဟု အမွတ္(၂)ယာဥ္ထိန္းတပ္ဖြဲ႔မ်ဴးရံုးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ၿပီးခဲ့ေသာလပိုင္းကလည္း အမ်ိဳးသမီးတစ္ဦးက ယာဥ္ထိန္းတပ္ဖြဲ႔ဝင္မ်ားကို လူျမင္ကြင္းတြင္ ေစာ္ကားေျပာဆိုသည့္အျပင္ ကိုယ္ထိလက္ေရာက္က်ဴးလြန္သည့္အမႈ ရွိခဲ့ေသးသည္။ 

လက္ရွိအသစ္ျပင္ဆင္ေနသည့္ ၂၀၁၅ ေမာ္ေတာ္ယာဥ္ဥပေဒတြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္မ်ား ရဲလုပ္ပိုင္ခြင့္အျပည့္အဝ ရရွိေစရန္လည္း ထည့္သြင္းေရးဆြဲျပ႒ာန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

မြောက်ဥက္ကလာသုနန္ဒာမီးပွိုင့်တွင် ယာဉ်ထိန်းရဲအား ထီးဖြင့်ရိုက်နှက်ကာကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် အမျိုးသမီးကို အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ မတ်လ ၂ ရက်ညနေပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခဲ့သည့်အမျိုးသမီးသည် လူမြင်ကွင်းတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို ထီးဖြင့်ရိုက်၊ ရေဘူးဖြင့်ပစ်ပေါက်ခြင်းများ ပြုမူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်က မနေ့ညနေက ဖြစ်သွားတာ။ သုနန္ဒာမီးပွိုင့်မှာဖြစ်တာပါ။ အခု အဲဒီအမျိုးသမီးကိုအမှုဖွင့်ထားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့မျူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သောလပိုင်းကလည်း အမျိုးသမီးတစ်ဦးက ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို လူမြင်ကွင်းတွင် စော်ကားပြောဆိုသည့်အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်သည့်အမှု ရှိခဲ့သေးသည်။ 

လက်ရှိအသစ်ပြင်ဆင်နေသည့် ၂၀၁၅ မော်တော်ယာဉ်ဥပဒေတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရဲလုပ်ပိုင်ခွင့်အပြည့်အဝ ရရှိစေရန်လည်း ထည့်သွင်းရေးဆွဲပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။