Skip to main content
Ads Block

ထိုင္းနိင္ငံမွာ လူသတ္မႈ က်ဴးလြန္ခဲ့တဲ့ တရုတ္ႏိုင္ငံသား (၄)ဦးအနက္ (၂)ဦးကို ေငြ‌ေဆာင္ကမ္း‌ေျခမွာ ဖမ္းမိ

 

မတ္လ ၂ရက္ေန႔ ဒီမနက္ ၁၁ နာရီခန္႕မွာ ေငြေဆာင္ကမ္းေျခရွိ ခ်စ္သူမ်ားကြ်န္းတြင္ ရခိုင္ျပည္၊ ဂြၿမိဳ႕ကိုသြားမယ့္ တရုတ္နိင္ငံသား၂ ဦး စက္ေလွငွားရမ္းေနေၾကာင္း သတင္းေပးပို႔ခ်က္အရ ၿမဳိ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးမႉးပါဝင္တဲ့ပူးေပါင္းတပ္ဖြဲ႔၀င္‌ေတြ ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးခဲ့ရာ ခ်စ္သူမ်ားကြ်န္းအနီးဖမ္းဆီးရမိၿပီး ေငြေဆာင္ၿမိဳ႕မရဲစခန္းမွာ ေခၚယူစစ္ေဆးခဲ့တာပါ။

 

ဖမ္းဆီးရမိသူ တရုတ္ႏိုင္ငံသားႏွစ္ဦးနဲ႔ အေပါင္းအပါေနာက္ထပ္ ၂ ဦး ေပါင္း ၄ ဦးတုိ႔ဟာ ထုိင္းႏုိင္ငံ၊ ပတၱယားၿမိဳ႕ရွိ ဟိုတယ္တစ္ခုမွ ကားတစ္စီးနဲ႔ ထြက္လာၿပီးေတာ့ ျမစ္ကူးတံတားေပၚကေန လူတစ္ကိုယ္စာထက္ႀကီးတဲ့ အိတ္အမည္းေရာင္အခ်ိဳ႕ပစ္ခ်ခဲ့ၿပီး အိတ္တစ္အိတ္ထဲမွာေတာ့ တ႐ုတ္ႏိုင္ငံသားတစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြ႔ခဲ့ရတဲ့ျဖစ္စဥ္ထဲမွာ ပါ၀င္ပတ္သက္ေနသူေတြပါ။

 

က်န္ ၂ ဦးကိုေတာ့ စံုစမ္းရွာေဖြေနဆဲလို႔ ဆုိပါတယ္။

 

သတင္း - ေဝယံ(ပုသိမ္)

 

တည္းျဖတ္ - ၿငိမ္းသူႏိုင္

 

Unicode Version

 

ထိုင်းနိင်ငံမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား (၄)ဦးအနက် (၂)ဦးကို ငွေ‌ဆောင်ကမ်း‌ခြေမှာ ဖမ်းမိ

 

မတ်လ ၂ရက်နေ့ ဒီမနက် ၁၁ နာရီခန့်မှာ ငွေဆောင်ကမ်းခြေရှိ ချစ်သူများကျွန်းတွင် ရခိုင်ပြည်၊ ဂွမြို့ကိုသွားမယ့် တရုတ်နိင်ငံသား၂ ဦး စက်လှေငှားရမ်းနေကြောင်း သတင်းပေးပို့ချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးပါဝင်တဲ့ပူးပေါင်းတပ်ဖွဲ့ဝင်‌တွေ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ချစ်သူများကျွန်းအနီးဖမ်းဆီးရမိပြီး ငွေဆောင်မြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တာပါ။

 

ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသားနှစ်ဦးနဲ့ အပေါင်းအပါနောက်ထပ် ၂ ဦး ပေါင်း ၄ ဦးတို့ဟာ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ ဟိုတယ်တစ်ခုမှ ကားတစ်စီးနဲ့ ထွက်လာပြီးတော့ မြစ်ကူးတံတားပေါ်ကနေ လူတစ်ကိုယ်စာထက်ကြီးတဲ့ အိတ်အမည်းရောင်အချို့ပစ်ချခဲ့ပြီး အိတ်တစ်အိတ်ထဲမှာတော့ တရုတ်နိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ခဲ့ရတဲ့ဖြစ်စဉ်ထဲမှာ ပါဝင်ပတ်သက်နေသူတွေပါ။

 

ကျန် ၂ ဦးကိုတော့ စုံစမ်းရှာဖွေနေဆဲလို့ ဆိုပါတယ်။

 

သတင်း - ဝေယံ(ပုသိမ်)

 

တည်းဖြတ် - ငြိမ်းသူနိုင်

 

#ထိုင္းနိင္ငံ #တရုတ္ႏိုင္ငံသား #ေငြ‌ေဆာင္ကမ္း‌ေျခ #ပတၱယားၿမိဳ႕ #လူသတ္မႈ #Akonthi_cele

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။