Skip to main content
ဘ႑ာႏွစ္(၃)ႏွစ္အတြင္း သီးႏွံထိခိုက္ပ်က္စီးမႈမ်ားအတြက္ အစိုးရမွ က်ပ္ (၁၉)ဘီလ်ံေက်ာ္ ေထာက္ပံ့ေပးခဲ့
Ads Block

ဘ႑ာႏွစ္(၃)ႏွစ္အတြင္း သီးႏွံထိခိုက္ပ်က္စီးမႈမ်ားအတြက္ အစိုးရမွ က်ပ္ (၁၉)ဘီလ်ံေက်ာ္ ေထာက္ပံ့ေပးခဲ့

 

၂၀၁၆ - ၂၇ ဘ႑ာႏွစ္မွ ၂၀၁၈ - ၁၉ ဘ႑ာႏွစ္အထိ ဘ႑ာႏွစ္ (၃) ႏွစ္အတြင္း ႏိုင္ငံေတာ္အစိုးရမွ သီးႏွံထိခိုက္ ပ်က္စီးမႈ မ်ားအတြက္ က်ပ္ေငြ ၁၉.၃၄၅ ဘီလ်ံ ေထာက္ပံ့ေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားသည္။

မတ္လ (၂)ရက္တြင္ က်ေရာက္ေသာ ျမန္မာႏိုင္ငံေတာင္သူ လယ္သမားေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သ၀ဏ္လႊာတြင္ အထက္ပါအတိုင္း ေျပာၾကားျခင္းျဖစ္သည္။

“ရာသီဥတုေျပာင္းလဲမႈေၾကာင့္ သဘာ၀ေဘးအႏၱရာယ္ႀကံဳေတြ႔ရပါက စားနပ္ရိကၡာ မလံုေလာက္မႈ အႏၱရာယ္ ေက်ာ္လႊားႏိုင္ ေရးနဲ႔ ရင္ဆိုင္တံု႔ျပန္ႏိုင္မႈ အားေကာင္းေရးတို႔အတြက္ ႏိုင္ငံေတာ္အစိုးရနဲ႔ ပုဂၢလိကအဖြဲ႔အစည္းမ်ားပူးေပါင္းၿပီး၊ အရန္မ်ိဳးေစ့မ်ား စုေဆာင္းထားရွိျခင္းမ်ား၊ ပ်က္စီးသီးႏွံဧရိယာမ်ားကို ျပန္လည္ထူေထာင္ျခင္းလုပ္ငန္းမ်ားကို လုပ္ကိုင္ေပးျခင္းတို႔ကို ေဆာင္ရြက္ လ်က္ရွိပါတယ္။ သဘာ၀ေဘးအႏၱရာယ္ေၾကာင့္ သီးႏွံထိခိုက္ပ်က္စီးမႈမ်ားကို ျပန္လည္ထူေထာင္ႏိုင္ရန္အတြက္ မ်ိဳးေစ့မ်ားျဖန္႔ ေ၀ေပးျခင္း၊ ပ်က္စီးသီးႏွံမ်ားအတြက္ ေထာက္ပံ့ေငြမ်ားေပးျခင္းမ်ား ျပဳလုပ္လ်က္ရွိရာ ၂၀၁၆ - ၁၇ ဘ႑ာႏွစ္မွ ၂၀၁၈ - ၁၉ ဘ႑ာႏွစ္အထိ က်ပ္ေငြ ၁၉.၃၄၅ ဘီလ်ံကို အေရးေပၚရန္ပံုေငြမွ ေထာက္ပံ့ေပးခဲ့ပါတယ္”ဟု ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားသည္။

ႏုိင္ငံေတာ္ အစိုးရအေနျဖင့္ စပါးစိုက္ေတာင္သူမ်ား နစ္နာမႈနည္းပါးေစေရး၊ ဆန္စပါးေစ်းကြက္ခိုင္မာေစေရးတို႔အတြက္ ရည္ရြယ္ ၿပီး၊ စပါးေစ်းႏႈန္းအား တင္း(၁၀၀)လွ်င္ က်ပ္(၅)သိန္းအျဖစ္ သတ္မွတ္ေၾကညာေပးခဲ့ေၾကာင္း သိရသည္။

အလားတူ လယ္ယာေျမသိမ္းဆည္းခံ ေတာင္သူလယ္သမားမ်ား လယ္ယာ ေျမျပန္လည္ရရွိေအာင္ ေဆာင္ရြက္ေပးျခင္း၊ စြန္႔ လႊတ္ေပးႏိုင္ျခင္းမရွိေသာ လယ္ယာေျမမ်ားအား နစ္နာေၾကးမ်ား၊ ေလ်ာ္ေၾကးမ်ားေပးအပ္ျခင္းမ်ား၊ ေျမလြတ္၊ ေျမရုိင္းမ်ားတြင္ လုပ္ကြက္ငယ္ ေတာင္သူလယ္သမားမ်ားကို ဦးစားေပးလုပ္ကိုင္ေစျခင္းမ်ား ျပဳလုပ္ေပးေနေၾကာင္း သိရသည္။

ျပည္သူမ်ား၏ စားနပ္ရိကၡာ ဖူလံုမႈရွိေစေရးႏွင့္ ျပည္ပပို႔ကုန္၀င္ေငြအတြက္ အဓိကျဖစ္သည့္ စိုက္ပ်ိဳးေမြးျမဴေရးတြင္ အဓိကလုပ္ ကိုင္ေနၾကေသာ ေတာင္သူလယ္သမားမ်ားသည္ ႏိုင္ငံေတာ္၏ အဓိကအခန္းက႑တြင္ ပါ၀င္ေၾကာင္း သ၀ဏ္လႊာတြင္ပါရွိ သည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

 

ဘဏ္ဍာနှစ်(၃)နှစ်အတွင်း သီးနှံထိခိုက်ပျက်စီးမှုများအတွက် အစိုးရမှ ကျပ် (၁၉)ဘီလျံကျော် ထောက်ပံ့ပေးခဲ့

 

၂၀၁၆ - ၂၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ် (၃) နှစ်အတွင်း နိုင်ငံတော်အစိုးရမှ သီးနှံထိခိုက် ပျက်စီးမှု များအတွက် ကျပ်ငွေ ၁၉.၃၄၅ ဘီလျံ ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မတ်လ (၂)ရက်တွင် ကျရောက်သော မြန်မာနိုင်ငံတောင်သူ လယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက စားနပ်ရိက္ခာ မလုံလောက်မှု အန္တရာယ် ကျော်လွှားနိုင် ရေးနဲ့ ရင်ဆိုင်တုံ့ပြန်နိုင်မှု အားကောင်းရေးတို့အတွက် နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်းပြီး၊ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်းများ၊ ပျက်စီးသီးနှံဧရိယာများကို ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်နိုင်ရန်အတွက် မျိုးစေ့များဖြန့် ဝေပေးခြင်း၊ ပျက်စီးသီးနှံများအတွက် ထောက်ပံ့ငွေများပေးခြင်းများ ပြုလုပ်လျက်ရှိရာ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်အထိ ကျပ်ငွေ ၁၉.၃၄၅ ဘီလျံကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော် အစိုးရအနေဖြင့် စပါးစိုက်တောင်သူများ နစ်နာမှုနည်းပါးစေရေး၊ ဆန်စပါးဈေးကွက်ခိုင်မာစေရေးတို့အတွက် ရည်ရွယ် ပြီး၊ စပါးဈေးနှုန်းအား တင်း(၁၀၀)လျှင် ကျပ်(၅)သိန်းအဖြစ် သတ်မှတ်ကြေညာပေးခဲ့ကြောင်း သိရသည်။

အလားတူ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများ လယ်ယာ မြေပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စွန့် လွှတ်ပေးနိုင်ခြင်းမရှိသော လယ်ယာမြေများအား နစ်နာကြေးများ၊ လျော်ကြေးများပေးအပ်ခြင်းများ၊ မြေလွတ်၊ မြေရိုင်းများတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများကို ဦးစားပေးလုပ်ကိုင်စေခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။

ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးနှင့် ပြည်ပပို့ကုန်ဝင်ငွေအတွက် အဓိကဖြစ်သည့် စိုက်ပျိုးမွေးမြူရေးတွင် အဓိကလုပ် ကိုင်နေကြသော တောင်သူလယ်သမားများသည် နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်း သဝဏ်လွှာတွင်ပါရှိ သည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။