Skip to main content
ကေလးၿမိဳ႕အနီးတြင္ ခ်င္းတြင္းျမစ္ ေရလမ္းေၾကာင္း ေဖာက္ျခင္းလုပ္ငန္းေဆာင္ရြက္
Ads Block

ကေလးၿမိဳ႕အနီးတြင္ ခ်င္းတြင္းျမစ္ ေရလမ္းေၾကာင္း ေဖာက္ျခင္းလုပ္ငန္းေဆာင္ရြက္

စစ္ကုိင္းတုိင္းေဒသႀကီး ကေလး၀ၿမိဳ႕နယ္ ကၽြဲနံေက်းရြာအနီးရွိ ခ်င္းတြင္းျမစ္ေၾကာင္းအတြင္း ေသာင္မ်ားထြန္းကာ ျမစ္အတြင္း သြားလာေနၾကသည့္ ေရယာဥ္မ်ား ပိတ္မိေနသည့္အတြက္ ျမစ္ေၾကာင္း ေရလမ္းေၾကာင္းေဖာက္ျခင္းလုပ္ငန္းကုိ ျပဳလုပ္လ်က္ ရွိေၾကာင္း ကေလး၀ၿမိဳ႕ ပုဂၢလိကေရယာဥ္မ်ား စနစ္တက်ေျပးဆဲြေရးႀကီးၾကပ္မႈ ေကာ္မတီအဖဲြ႔၀င္ဦးၿဖိဳးေသာ္ဦးက ေျပာသည္။

ေရလမ္းေၾကာင္း ေဖာက္လုပ္ျခင္း လုပ္ငန္းကုိ မတ္ ၁ ရက္ေန႔ မွ စတင္ျပဳလုပ္ေပးခဲ့ရာ ေရယာဥ္မ်ား လ်င္ျမန္လြယ္ကူစြာ သြားလာႏုိင္သည္ အထိျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကေလးၿမိဳ႕အနီးတြင္ ခ်င္းတြင္းျမစ္ ေရလမ္းေၾကာင္း ေဖာက္ျခင္းလုပ္ငန္းေဆာင္ရြက္

အဆုိပါ ေနရာတြင္ ျမစ္ေရအနက္  ၂ ေပခန္႔သာရွိသျဖင့္ ျမစ္အတြင္း သြားလာေနသည့္ ကုန္တင္ေရယာဥ္အစီးေရ  ၅၀ ခန္႔ပိတ္ မိေနၿပီး ပိတ္မိေနသည့္ ေရယာဥ္မ်ား လြယ္ကူလ်င္ျမန္စြာသြားလာႏုိင္ေရးအတြက္ ကေလး၀ၿမိဳ႕ ပုဂၢလိကေရယာဥ္မ်ား စနစ္တ က်ေျပးဆဲြေရးႀကီးၾကပ္မႈ ေကာ္မတီႏွင့္ ကေလး၀ၿမိဳ႕ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႔ၿဖဳိးတုိးတက္ေရးဦးစီးဌာနတုိ႔ ပူးေပါင္း ေဆာင္ရြက္ေပးေနျခင္း ျဖစ္သည္။

"မေန႔က ေဖာက္ခဲ့တာကုိ ေျမျပန္ပုိ႔တဲ့ အပုိင္း ဘယ္ေလာက္ရွိလဲ ဒီေန႔ေစာင့္ၾကည့္တယ္။ မနက္ျဖန္ကုိ ဆက္လုပ္မယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကလည္း အဲဒီေနရာမွာ ေရေၾကာင္း ၾကပ္ေနလုိ႔လုပ္ေပးဖူးတယ္။ အခု ေလာေလာဆယ္ကေတာ့ သြားလုိ႔ေတာ့ ရ တယ္။ ဒါေပမဲ့ အစုန္အဆန္ေလးကုိ အဆင္ေျပေျပသြားႏုိင္ေအာင္လုိ႔ တတ္ႏုိင္တာေလးနဲ႔ ေဆာင္ရြက္ေပးတာ" ဟု ဦးျဖဳိးေသာ္ ဦးက ေျပာသည္။

ေရလမ္းေၾကာင္း ေဖာက္ေပးမႈ အေနျဖင့္ ကၽြဲနံေက်းရြာအနီး ခ်င္းတြင္းျမစ္အေရွ႕ဖက္ကမ္းကုိမွ အရွည္ေပ ၁၀၀ အက်ယ္ေပ ၅၀ ႏွင့္ အနက္ေပ ၁၀ ေပ ေက်ာ္အထိ ေရာက္ရွိေစရန္ သဲစုပ္စက္မ်ားျဖင့္ ေရလမ္းေၾကာင္း ေဖာက္လုပ္ေပးေနျခင္း ျဖစ္သည္။

ကေလးၿမိဳ႕အနီးတြင္ ခ်င္းတြင္းျမစ္ ေရလမ္းေၾကာင္း ေဖာက္ျခင္းလုပ္ငန္းေဆာင္ရြက္

ခ်င္းတြင္းျမစ္အတြင္း သြားလာေနသည့္ ေရယာဥ္မ်ား လြယ္ကူလ်င္ျမန္စြာ သြားလာႏုိင္ေရးအတြက္ ေရေၾကာင္းျပဳျပင္ေရး လုပ္ ငန္း အေနျဖင့္ ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလမွ စတင္ကာ ဧၿပီလအထိ ေငြက်ပ္သန္း ၇၃၀ အသုံးျပဳ ေဖာက္လုပ္ေနေၾကာင္း ေရအရင္း အျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံ႔ၿဖိဳးတုိးတက္ေရး ဦးစီးဌာန စစ္ကုိင္းတုိင္းရုံး၏ မွတ္တမ္းမ်ားအရ သိရသည္။

ခ်င္းတြင္းျမစ္အတြင္း မုံရြာၿမိဳ႕မွ ခႏၱီးၿမိဳ႕အထိ ေရယာဥ္ေျပးဆဲြမႈအေနျဖင့္ ခရီးသည္တင္ ေရယာဥ္အသင္း ၁၉ သင္း၊ အစင္းေရ ၁၃၇ စီးႏွင့္ ကုန္တင္ေရယာဥ္အသင္း ၂၀ သင္းမွ အစင္းေရ ၅၇၇ စီးမွ ေန႔စဥ္ ကုန္တင္ေရယာဥ္ ၁၂ စီးခန္႔ ခရီးသည္တင္ေရ ယာဥ္ ၁၀ စီးခန္႔မွာ ေန႔စဥ္ေျပးဆဲြလ်က္ရွိေၾကာင္း ပုဂၢလိကေရယာဥ္မ်ားစနစ္တက်ေျပးဆဲြေရး ႀကီးၾကပ္မႈေကာ္မတီရုံးမွ သိရ သည္။

 

ၿငိမ္းသူမင္း - ကေလး (အကုန္သိသတင္းဌာန)

Unicode Version

 

 

 

ကလေးမြို့အနီးတွင် ချင်းတွင်းမြစ် ရေလမ်းကြောင်း ဖောက်ခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကျွဲနံကျေးရွာအနီးရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း သောင်များထွန်းကာ မြစ်အတွင်း သွားလာနေကြသည့် ရေယာဉ်များ ပိတ်မိနေသည့်အတွက် မြစ်ကြောင်း ရေလမ်းကြောင်းဖောက်ခြင်းလုပ်ငန်းကို ပြုလုပ်လျက် ရှိကြောင်း ကလေးဝမြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်ဦးဖြိုးသော်ဦးက ပြောသည်။

ရေလမ်းကြောင်း ဖောက်လုပ်ခြင်း လုပ်ငန်းကို မတ် ၁ ရက်နေ့ မှ စတင်ပြုလုပ်ပေးခဲ့ရာ ရေယာဉ်များ လျင်မြန်လွယ်ကူစွာ သွားလာနိုင်သည် အထိပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာတွင် မြစ်ရေအနက်  ၂ ပေခန့်သာရှိသဖြင့် မြစ်အတွင်း သွားလာနေသည့် ကုန်တင်ရေယာဉ်အစီးရေ  ၅၀ ခန့်ပိတ် မိနေပြီး ပိတ်မိနေသည့် ရေယာဉ်များ လွယ်ကူလျင်မြန်စွာသွားလာနိုင်ရေးအတွက် ကလေးဝမြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တ ကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီနှင့် ကလေးဝမြို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

"မနေ့က ဖောက်ခဲ့တာကို မြေပြန်ပို့တဲ့ အပိုင်း ဘယ်လောက်ရှိလဲ ဒီနေ့စောင့်ကြည့်တယ်။ မနက်ဖြန်ကို ဆက်လုပ်မယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကလည်း အဲဒီနေရာမှာ ရေကြောင်း ကြပ်နေလို့လုပ်ပေးဖူးတယ်။ အခု လောလောဆယ်ကတော့ သွားလို့တော့ ရ တယ်။ ဒါပေမဲ့ အစုန်အဆန်လေးကို အဆင်ပြေပြေသွားနိုင်အောင်လို့ တတ်နိုင်တာလေးနဲ့ ဆောင်ရွက်ပေးတာ" ဟု ဦးဖြိုးသော် ဦးက ပြောသည်။

ရေလမ်းကြောင်း ဖောက်ပေးမှု အနေဖြင့် ကျွဲနံကျေးရွာအနီး ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းကိုမှ အရှည်ပေ ၁၀၀ အကျယ်ပေ ၅၀ နှင့် အနက်ပေ ၁၀ ပေ ကျော်အထိ ရောက်ရှိစေရန် သဲစုပ်စက်များဖြင့် ရေလမ်းကြောင်း ဖောက်လုပ်ပေးနေခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဉ်များ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရေးအတွက် ရေကြောင်းပြုပြင်ရေး လုပ် ငန်း အနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဧပြီလအထိ ငွေကျပ်သန်း ၇၃၀ အသုံးပြု ဖောက်လုပ်နေကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စစ်ကိုင်းတိုင်းရုံး၏ မှတ်တမ်းများအရ သိရသည်။

ချင်းတွင်းမြစ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့အထိ ရေယာဉ်ပြေးဆွဲမှုအနေဖြင့် ခရီးသည်တင် ရေယာဉ်အသင်း ၁၉ သင်း၊ အစင်းရေ ၁၃၇ စီးနှင့် ကုန်တင်ရေယာဉ်အသင်း ၂၀ သင်းမှ အစင်းရေ ၅၇၇ စီးမှ နေ့စဉ် ကုန်တင်ရေယာဉ် ၁၂ စီးခန့် ခရီးသည်တင်ရေ ယာဉ် ၁၀ စီးခန့်မှာ နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးမှ သိရ သည်။

ငြိမ်းသူမင်း - ကလေး (အကုန်သိသတင်းဌာန)


 

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။