Skip to main content
ထိုင္းတြင္ လူသတ္ၿပီးထြက္ေျပးလာသည့္ တရုတ္ႏိုင္ငံသားမ်ားကို ဖမ္းမိေရး ျမန္မာကို ထိုင္းရဲတပ္ဖြဲ႔အကူညီေတာင္း
Ads Block

ထိုင္းတြင္ လူသတ္ၿပီးထြက္ေျပးလာသည့္ တရုတ္ႏိုင္ငံသားမ်ားကို ဖမ္းမိေရး ျမန္မာကို ထိုင္းရဲတပ္ဖြဲ႔အကူညီေတာင္း

 

ထိုင္းႏိုင္ငံအတြင္း လူသတ္မႈ က်ဴးလြန္ကာ ျမန္မာဘက္အျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္သြားသည့္ တရုတ္ႏိုင္ငံသား (၄)ဦးကို ထိုင္းရဲတပ္ဖြဲ႔က ဖမ္း၀ရမ္းထုတ္ထားၿပီး ျမန္မာရဲတပ္ဖြဲ႔အေနျဖင့္ တရားဒခံမ်ားဖမ္းမိေရး ကူးညီေပးရန္ အကူညီေတာင္းခံထား ေၾကာင္း သိရသည္။

ေသဆံုးသူ Mr Jun Wang (ဂ်န္း၀မ္) ၏ ခရီးေဆာင္အိတ္ကို ေဖေဖၚဝါရီလ ၂၅ ရက္က၊ ထိုင္းနိုင္ငံ ကမ္ဖယ္ဖက္ ခရိုင္၊ ပင္းျမစ္ အတြင္းမွာ ေတြ႔ရွိရာက လူသတ္တရားခံမ်ားဟု ယူဆရသည့္ ေရွာင္ရွန္ယူ အသက္ (၂၆) ႏွစ္ ၊ ဟူက်န္ရွန္ အသက္ (၂၄)ႏွစ္ ၊ ဖန္ဂန္ဂန္ အသက္ (၂၄)ႏွစ္ ႏွင့္ ကၽြင္မ်ိဳ အသက္ (၃၁) ႏွစ္တို႔ကို လူသတ္မႈ၏ အဓိက တရားခံမ်ားဟု ေဖေဖၚ၀ါရီလ ၂၉ ရက္က ထိုင္းရဲတပ္ဖြဲ႔မွ ေၾကညာခဲ့ျခင္း ျဖစ္သည္။

အဆိုပါ သံသယ လူသတ္တရားခံ ေလးဦးသည္ ျမန္မာနိုင္ငံအတြင္း ၀င္ထြက္သြားလာေနသူမ်ားျဖစ္ၿပီး ေသဆုံးသူ က်န္း၀မ္ ကို မေသမရွင္ ႀကိဳးတုတ္ၿပီး ခရီးေဆာင္အိပ္အတြင္းထည့္ၿပီး ပတၱယား ၿမိဳ႕မွ သယ္ေဆာင္လာၿပီး ထိုင္း - ျမန္မာနယ္စပ္ မေရာက္ခင္ ကန္ဖယ္ဖက္ ျမစ္ထဲ ပစ္ခ်ခဲ့ျခင္း ျဖစ္ၿပီး ေသဆုံးသူ၏ က်န္အသုံးအေဆာင္ ပစၥည္းမ်ားကိုလည္း မဲေဆာက္အ၀င္ ဂိတ္အနီးတြင္ စြန္႔ပစ္ခဲ့ေၾကာင္း သိရသည္။

လူသတ္မႈျဖင့္ ဖမ္း၀ရမ္းထုတ္ခံထားရသည့္ တရုတ္ႏိုင္ငံသား (၄) ဦးသည္ မဲေဆာက္ၿမိဳ႕ အာရွလမ္းမႀကီး ေပၚတြင္ ၎တို႔ ငွားလာသည့္ အငွားေမာ္ေတာ္ယာဥ္ေပၚမွ ဆင္းသြားသည့္အတြက္  ျမန္မာနိုင္ငံရဲတပ္ဖြဲ႔အေနျဖင့္ ဆရားခံမ်ား ဖမ္းဆီးရမိေရး အကူညီေပးရန္ အကူညီေတာင္းခံထားေၾကာင္း သိရသည္။

ကိုကိုႀကီး - ျမ၀တီ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

 

ထိုင်းနိုင်ငံအတွင်း လူသတ်မှု ကျူးလွန်ကာ မြန်မာဘက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် တရုတ်နိုင်ငံသား (၄)ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပြီး မြန်မာရဲတပ်ဖွဲ့အနေဖြင့် တရားဒခံများဖမ်းမိရေး ကူးညီပေးရန် အကူညီတောင်းခံထား ကြောင်း သိရသည်။

သေဆုံးသူ Mr Jun Wang (ဂျန်းဝမ်) ၏ ခရီးဆောင်အိတ်ကို ဖေဖေါ်ဝါရီလ ၂၅ ရက်က၊ ထိုင်းနိုင်ငံ ကမ်ဖယ်ဖက် ခရိုင်၊ ပင်းမြစ် အတွင်းမှာ တွေ့ရှိရာက လူသတ်တရားခံများဟု ယူဆရသည့် ရှောင်ရှန်ယူ အသက် (၂၆) နှစ် ၊ ဟူကျန်ရှန် အသက် (၂၄)နှစ် ၊ ဖန်ဂန်ဂန် အသက် (၂၄)နှစ် နှင့် ကျွင်မျို အသက် (၃၁) နှစ်တို့ကို လူသတ်မှု၏ အဓိက တရားခံများဟု ဖေဖေါ်ဝါရီလ ၂၉ ရက်က ထိုင်းရဲတပ်ဖွဲ့မှ ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံသယ လူသတ်တရားခံ လေးဦးသည် မြန်မာနိုင်ငံအတွင်း ဝင်ထွက်သွားလာနေသူများဖြစ်ပြီး သေဆုံးသူ ကျန်းဝမ် ကို မသေမရှင် ကြိုးတုတ်ပြီး ခရီးဆောင်အိပ်အတွင်းထည့်ပြီး ပတ္တယား မြို့မှ သယ်ဆောင်လာပြီး ထိုင်း - မြန်မာနယ်စပ် မရောက်ခင် ကန်ဖယ်ဖက် မြစ်ထဲ ပစ်ချခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ၏ ကျန်အသုံးအဆောင် ပစ္စည်းများကိုလည်း မဲဆောက်အဝင် ဂိတ်အနီးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

လူသတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် တရုတ်နိုင်ငံသား (၄) ဦးသည် မဲဆောက်မြို့ အာရှလမ်းမကြီး ပေါ်တွင် ၎င်းတို့ ငှားလာသည့် အငှားမော်တော်ယာဉ်ပေါ်မှ ဆင်းသွားသည့်အတွက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆရားခံများ ဖမ်းဆီးရမိရေး အကူညီပေးရန် အကူညီတောင်းခံထားကြောင်း သိရသည်။

ကိုကိုကြီး - မြဝတီ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။