Skip to main content
ဖြဲ႕စည္းပံုျပင္ဆင္ေရးလုပ္ေဆာင္မႈ၏အက်ိဳးဆက္မ်ားကို သမိုင္းအေထာက္အထားႏွင့္ခိုင္မာစြာရွင္းျပရန္ လိုအပ္ဟု ဆို 
Ads Block

ဖြဲ႕စည္းပံုျပင္ဆင္ေရးလုပ္ေဆာင္မႈ၏အက်ိဳးဆက္မ်ားကို သမိုင္းအေထာက္အထားႏွင့္ခိုင္မာစြာရွင္းျပရန္ လိုအပ္ဟု ဆို 

 

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးလုပ္ေဆာင္မႈ၏အက်ိဳးဆက္မ်ားကို သမိုင္းအေထာက္အထားႏွင့္ ခိုင္မာစြာရွင္းျပရန္လိုေၾကာင္းတပ္မေတာ္သားျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴး၀င္းမင္းထြန္းက ေျပာသည္။

ေဖေဖာ္၀ါရီလ(၂၇)ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀း ၂၀၀၈ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒုတိ္ယအႀကိမ္ျပင္ဆင္သည့္ ဥပေဒၾကမ္းအေပၚ ေဆြးေႏြးရာတြင္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

“ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ျခင္းနဲ႔ပတ္သက္ၿပီး ျပည္သူတစ္ရပ္လံုးကလည္း စိတ္၀င္တစား ေစာင့္ၾကည့္ေနပါတယ္။ ျပင္သင့္တာေတြကိုဘာလိုျပင္တာျဖစ္ေၾကာင္း ျပည္သူေတြကိုနားလည္ေအာင္ ရွင္းလင္းေဆြးေႏြးဖို႔လိုအပ္သလို မျပင္သင့္တာေတြကိုလည္းဘာလို႔မျပင္သင့္တာလဲဆိုတာကို နားလည္ေအာင္ရွင္းျပဖို႔လိုအပ္ပါတယ္။ ျဖစ္ေပၚလာတဲ့အက်ိဳးဆက္ေတြကိုလည္း သမိုင္းအေထာက္အထားေတြနဲ႔ ခိုင္မာစြာရွင္းျပဖို႔လည္းလိုအပ္ပါတယ္။”ဟု တပ္မေတာ္သားျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴး၀င္းမင္းထြန္းက ေျပာသည္။

ယင္းအျပင္ ၁၉၄၇ခုႏွစ္ ပါလီမန္ဒီမိုကေရစီစနစ္တြင္ဖဆပလပါတီ၀င္လူႀကီးအဆင့္ရွိသူမ်ားကိုယ္တိုင္ တရားစီရင္ေရးက႑တြင္ ပါ၀င္စြက္ဖက္ျခင္းမ်ားရွိေၾကာင္းကုိလည္း ၄င္းက ၁၉၅၉၊ ၁၉၆၂ခုႏွစ္ ျမန္မာႏိုင္ငံေရးအတြဲ(၁)၊ စာမ်က္ႏွာ ၁၁၀၊ ၁၁၁ ကို ကိုးကားေျပာၾကားခဲ့ေသးသည္။ 

လက္ရွိ၌ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄၉)ဦးကေဆြးေႏြးေနျခင္းျဖစ္သည္။

ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ဆောင်မှု၏အကျိုးဆက်များကို သမိုင်းအထောက်အထားနှင့် ခိုင်မာစွာရှင်းပြရန်လိုကြောင်းတပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ပြောသည်။

ဖေဖော်ဝါရီလ(၂၇)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

“ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ ပြင်သင့်တာတွေကိုဘာလိုပြင်တာဖြစ်ကြောင်း ပြည်သူတွေကိုနားလည်အောင် ရှင်းလင်းဆွေးနွေးဖို့လိုအပ်သလို မပြင်သင့်တာတွေကိုလည်းဘာလို့မပြင်သင့်တာလဲဆိုတာကို နားလည်အောင်ရှင်းပြဖို့လိုအပ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုလည်း သမိုင်းအထောက်အထားတွေနဲ့ ခိုင်မာစွာရှင်းပြဖို့လည်းလိုအပ်ပါတယ်။”ဟု တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ပြောသည်။

ယင်းအပြင် ၁၉၄၇ခုနှစ် ပါလီမန်ဒီမိုကရေစီစနစ်တွင်ဖဆပလပါတီဝင်လူကြီးအဆင့်ရှိသူများကိုယ်တိုင် တရားစီရင်ရေးကဏ္ဍတွင် ပါဝင်စွက်ဖက်ခြင်းများရှိကြောင်းကိုလည်း ၎င်းက ၁၉၅၉၊ ၁၉၆၂ခုနှစ် မြန်မာနိုင်ငံရေးအတွဲ(၁)၊ စာမျက်နှာ ၁၁၀၊ ၁၁၁ ကို ကိုးကားပြောကြားခဲ့သေးသည်။ 

လက်ရှိ၌ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် (၁၄၉)ဦးကဆွေးနွေးနေခြင်းဖြစ်သည်။

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။