Skip to main content
၀ူဟန္ၿမိဳ႕ေရာက္ အိႏၵိယႏုိင္ငံသားမ်ားကုိ အိႏၵိယ ေလတပ္က ေခၚထုတ္ခဲ့ရာတြင္ ျမန္မာႏွင့္ အျခားႏုိင္ငံသားမ်ားလည္း ပါ၀င္လာခဲ့ 
Ads Block

၀ူဟန္ၿမိဳ႕ေရာက္ အိႏၵိယႏုိင္ငံသားမ်ားကုိ အိႏၵိယ ေလတပ္က ေခၚထုတ္ခဲ့ရာတြင္ ျမန္မာႏွင့္ အျခားႏုိင္ငံသားမ်ားလည္း ပါ၀င္လာခဲ့ 

 

တရုတ္ႏုိင္ငံရဲ႕ ကုိရုိနာဗုိင္းရပ္စ္ စတင္ကူးစက္ျဖစ္ပြားခဲ့ရာ ၀ူဟန္ၿမိဳ႕ေရာက္ ႏုိင္ငံသားေတြကုိ အိႏၵိယ အစုိးရက ေခၚထုတ္ခဲ့ရာမွာ ျမန္မာနဲ႕ ဘဂၤလားေဒ့ရွ္ အပါအ၀င္ အျခားႏုိင္ငံသားေတြလည္း လုိက္ပါ လာခဲ့ေၾကာင္း bdnews24 သတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။ 

ပိတ္မိေနသူေတြကုိ ေခၚထုတ္လာခဲ့တဲ့ အိႏၵိယေလတပ္ (IAF) ရဲ႕ အထူးေလယာဥ္ဟာ ၾကာသပေတးေန ့(ေဖေဖာ္၀ါရီ ၂၇) မနက္ပုိင္းက ေဒလီၿမိဳ႕မွာ ဆင္းသက္ခဲ့ေၾကာင္း ဒါကာရွိ အိႏၵိယသံရုံးက ေဖာ္ျပတယ္လုိ ့ဆုိပါတယ္။ 

 ျမန္မာအပါအ၀င္ ေလယာဥ္နဲ႕ ေခၚထုတ္လာသူေတြဟာ ေဒလီၿမိဳ႕က ဆင္ေျခဖုံးေဒသေတြရွိ အထူးအေဆာက္အအုံေတြမွာ သီးျခားခြဲေနၾကရဦးမွာျဖစ္ေၾကာင္း အိႏၵိယသံရုံးရဲ႕ ေဖ့စ္ဘုတ္စာမ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 

အိႏၵိယ ျပည္ပေရးရာ၀န္ႀကီး အက္စ္ ေဂ်းရွန္ကာက တြစ္တာေပၚမွာ ေျပာဆုိခဲ့မႈအရ ေခၚထုတ္လာသူ ေတြထဲမွာ အိႏၵိယႏုိင္ငံသား ၇၆ ဦးနဲ႕ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ေမာ္လ္ဒုိက္၊ တရုတ္၊ ေတာင္အာဖရိက၊ အေမရိကန္နဲ႕ မာဒါဂါစကာ အပါအ၀င္ အျခားႏုိင္ငံ ၇ ႏုိင္ငံမွ ႏုိင္ငံသား ၃၆ ဦး ပါ၀င္တယ္လုိ ့ ဆုိပါတယ္။ IAF ေလယာဥ္ဟာ ၀ူဟန္ၿမိဳ႕က ကုိရုိနာဗုိင္းရပ္စ္ ကူးစက္လူနာေတြအတြက္ အိႏၵိယေဆးဘက္ဆုိင္ရာ ကယ္ဆယ္ေရးပစၥည္း ၁၅ တန္ကုိ ေပးပုိ ့ခဲ့တယ္လုိ ့လည္း ၄င္းက ေျပာဆုိပါတယ္။ 

ဒါ့အျပင္ ဂ်ပန္ႏုိင္ငံမွာ သီးျခားေစာင့္ၾကည့္ခံထားရတဲ့ Diamond Princess အေပ်ာ္စီး သေဘၤာေပၚမွ ေခၚထုတ္လာတဲ့ အိႏၵိယႏုိင္ငံသား ၁၁၉ ဦးနဲ႕ အျခားႏုိင္ငံသား ၅ ဦးပါ အိႏၵိယေလေၾကာင္းလုိင္း ေလယာဥ္ ဟာလည္း တုိက်ဳိကေန ေဒလီၿမိဳ႕ကုိ ဆုိက္ေရာက္လာခဲ့ေၾကာင္း ေဂ်းရွန္ကာက အတည္ျပဳေျပာဆုိပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : bdnews24 

         

Unicode Version

 

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့ရောက် နိုင်ငံသားတွေကို အိန္ဒိယ အစိုးရက ခေါ်ထုတ်ခဲ့ရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် အခြားနိုင်ငံသားတွေလည်း လိုက်ပါ လာခဲ့ကြောင်း bdnews24 သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။ 

ပိတ်မိနေသူတွေကို ခေါ်ထုတ်လာခဲ့တဲ့ အိန္ဒိယလေတပ် (IAF) ရဲ့ အထူးလေယာဉ်ဟာ ကြာသပတေးနေ့(ဖေဖော်ဝါရီ ၂၇) မနက်ပိုင်းက ဒေလီမြို့မှာ ဆင်းသက်ခဲ့ကြောင်း ဒါကာရှိ အိန္ဒိယသံရုံးက ဖော်ပြတယ်လို့ဆိုပါတယ်။ 

 မြန်မာအပါအဝင် လေယာဉ်နဲ့ ခေါ်ထုတ်လာသူတွေဟာ ဒေလီမြို့က ဆင်ခြေဖုံးဒေသတွေရှိ အထူးအဆောက်အအုံတွေမှာ သီးခြားခွဲနေကြရဦးမှာဖြစ်ကြောင်း အိန္ဒိယသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်မှာ ဖော်ပြခဲ့ပါတယ်။ 

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ် ဂျေးရှန်ကာက တွစ်တာပေါ်မှာ ပြောဆိုခဲ့မှုအရ ခေါ်ထုတ်လာသူ တွေထဲမှာ အိန္ဒိယနိုင်ငံသား ၇၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မော်လ်ဒိုက်၊ တရုတ်၊ တောင်အာဖရိက၊ အမေရိကန်နဲ့ မာဒါဂါစကာ အပါအဝင် အခြားနိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသား ၃၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ IAF လေယာဉ်ဟာ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေအတွက် အိန္ဒိယဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ကို ပေးပို့ခဲ့တယ်လို့လည်း ၎င်းက ပြောဆိုပါတယ်။ 

ဒါ့အပြင် ဂျပန်နိုင်ငံမှာ သီးခြားစောင့်ကြည့်ခံထားရတဲ့ Diamond Princess အပျော်စီး သင်္ဘောပေါ်မှ ခေါ်ထုတ်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၁၉ ဦးနဲ့ အခြားနိုင်ငံသား ၅ ဦးပါ အိန္ဒိယလေကြောင်းလိုင်း လေယာဉ် ဟာလည်း တိုကျိုကနေ ဒေလီမြို့ကို ဆိုက်ရောက်လာခဲ့ကြောင်း ဂျေးရှန်ကာက အတည်ပြုပြောဆိုပါတယ်။ 

ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : bdnews24 

         

     
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။