Skip to main content
ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈႏွင့္ပတ္သက္၍ သမၼတကုိ စြပ္စြဲျပစ္တင္ဖုိ႕ ေတာင္ကုိရီးယားႏုိင္ငံသား ၇၅၀၀၀၀ ေက်ာ္ လက္မွတ္ထုိးေတာင္းဆုိ 
Ads Block

ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈႏွင့္ပတ္သက္၍ သမၼတကုိ စြပ္စြဲျပစ္တင္ဖုိ႕ ေတာင္ကုိရီးယားႏုိင္ငံသား ၇၅၀၀၀၀ ေက်ာ္ လက္မွတ္ထုိးေတာင္းဆုိ 

 

ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈအေပၚ စီမံကုိင္တြယ္ခဲ့ပုံနဲ႕ ပတ္သက္လုိ႕ ေတာင္ကုိရီးယားႏုိင္ငံသား ၇၅၀၀၀၀ ေက်ာ္က သမၼတ မြန္းေဂ်းအင္ကုိ စြပ္စြဲျပစ္တင္ဖုိ ့ လက္မွတ္ေရးထုိး ေတာင္းဆုိလုိက္ၾကေၾကာင္း သိရပါတယ္။ 

ယင္း အသနားခံလႊာကုိ သမၼတဆုိင္ရာ ၀က္ဘ္ဆုိက္မွာ ေဖေဖာ္၀ါရီ ၄ ရက္က စတင္ခဲ့တာျဖစ္ၿပီး သမၼတရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ အိမ္ျပာေတာ္မွ တရား၀င္တုံ႔ျပန္မႈရဖုိ ့အတြက္ ဥပေဒအရ တစ္လအတြင္း လက္မွတ္ေပါင္း ၂၀၀၀၀၀ ေက်ာ္ စုေဆာင္းႏုိင္ရမွာျဖစ္ပါတယ္။ 

COVID-19 ကူးစက္ေရာဂါ ပ်ံ႕ႏွံ႕ျဖစ္ပြားမႈအေပၚ မြန္းရဲ႕ ဟန္႕တားႏွိမ္နင္းမႈ ေလ်ာ့ရဲခဲ့ျခင္းကုိ ေဖာ္ထုတ္ဖုိ ့ အသနားခံလႊာတင္သူက ရည္ရြယ္ခဲ့တာပါ။ ေတာင္ကုိရီးယားႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၁၅၀၀ ေက်ာ္ၿပီျဖစ္ကာ ေသဆုံးသူ ၁၂ ဦးရွိေနခဲ့ပါၿပီ။ 

 ေရာဂါပုိး ကူးစက္ျဖစ္ပြားမႈအေပၚ သမၼတမြန္းရဲ႕ေဆာင္ရြက္ပုံကုိ ေစာင့္ၾကည့္ခဲ့ရာမွာ ေတာင္ကုိရီးယား သမၼတတစ္ဦးအေနနဲ႕ မဟုတ္ဘဲ တရုတ္သမၼတတစ္ဦးလုိ ျဖစ္ေနခဲ့တယ္လုိ ့ အသနားခံလႊာမွာ ေရးသား ခဲ့ပါတယ္။ ႏုိင္ငံတြင္းသုိ ့ တရုတ္ႏုိင္ငံသားေတြ၀င္ေရာက္မႈကုိေတာ့ မပိတ္ပင္ဘဲ ေရာဂါပုိးစတင္ ကူးစက္ျဖစ္ပြားရာ တရုတ္ႏုိင္ငံသုိ ့ မြန္းက ႏွာေခါင္းစည္းေတြ ပုိ ့ေပးခဲ့တဲ့အေပၚ အသနားခံလႊာတင္သူက ေ၀ဖန္ခဲ့ပါတယ္။ 

ဒါ့အျပင္ ေရာဂါစတင္ျဖစ္ပြားရာ တရုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕သုိ ့ ခရီးသြားေရာက္ခဲ့သူေတြကုိ ျပည္၀င္ခြင့္ ျငင္းပယ္ရုံနဲ႕ မထိေရာက္ဘဲ ၿမိဳ႕ကုိ အသြားအလာ ပိတ္ဆုိ ့ျဖတ္ေတာက္ျခင္းမလုပ္ခင္ကတည္းက ယင္းၿမိဳ႕ ကေန လူ ၅ သန္းေလာက္ ထြက္သြားခဲ့ၿပီျဖစ္ေၾကာင္း အသနားခံလႊာတင္သူက အခုိင္အမာေျပာဆုိခဲ့ပါတယ္။ 

ၿပီးခဲ့တဲ့ သီတင္းပတ္က ေရာဂါပုိး ကူးစက္ျဖစ္ပြားမႈေတြ ရုတ္တရက္ ျမင့္တက္လာခဲ့ၿပီး ေတာင္ကုိရီးယား ဟာ တရုတ္ႏုိင္ငံျပင္ပမွာ ေရာဂါပုိး ကူးစက္ျဖစ္ပြားမႈ အမ်ားဆုံးေနရာျဖစ္လာခဲ့ၿပီး ယင္းေနာက္က အီရန္၊ အီတလီတုိ ့ရွိေနပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Sputnik

 

Unicode Version

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအပေါ် စီမံကိုင်တွယ်ခဲ့ပုံနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံသား ၇၅၀၀၀၀ ကျော်က သမ္မတ မွန်းဂျေးအင်ကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြကြောင်း သိရပါတယ်။ 

ယင်း အသနားခံလွှာကို သမ္မတဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဖေဖော်ဝါရီ ၄ ရက်က စတင်ခဲ့တာဖြစ်ပြီး သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့ အိမ်ပြာတော်မှ တရားဝင်တုံ့ပြန်မှုရဖို့အတွက် ဥပဒေအရ တစ်လအတွင်း လက်မှတ်ပေါင်း ၂၀၀၀၀၀ ကျော် စုဆောင်းနိုင်ရမှာဖြစ်ပါတယ်။ 

COVID-19 ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုအပေါ် မွန်းရဲ့ ဟန့်တားနှိမ်နင်းမှု လျော့ရဲခဲ့ခြင်းကို ဖော်ထုတ်ဖို့ အသနားခံလွှာတင်သူက ရည်ရွယ်ခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၅၀၀ ကျော်ပြီဖြစ်ကာ သေဆုံးသူ ၁၂ ဦးရှိနေခဲ့ပါပြီ။ 

 ရောဂါပိုး ကူးစက်ဖြစ်ပွားမှုအပေါ် သမ္မတမွန်းရဲ့ဆောင်ရွက်ပုံကို စောင့်ကြည့်ခဲ့ရာမှာ တောင်ကိုရီးယား သမ္မတတစ်ဦးအနေနဲ့ မဟုတ်ဘဲ တရုတ်သမ္မတတစ်ဦးလို ဖြစ်နေခဲ့တယ်လို့ အသနားခံလွှာမှာ ရေးသား ခဲ့ပါတယ်။ နိုင်ငံတွင်းသို့ တရုတ်နိုင်ငံသားတွေဝင်ရောက်မှုကိုတော့ မပိတ်ပင်ဘဲ ရောဂါပိုးစတင် ကူးစက်ဖြစ်ပွားရာ တရုတ်နိုင်ငံသို့ မွန်းက နှာခေါင်းစည်းတွေ ပို့ပေးခဲ့တဲ့အပေါ် အသနားခံလွှာတင်သူက ဝေဖန်ခဲ့ပါတယ်။ 

ဒါ့အပြင် ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ခရီးသွားရောက်ခဲ့သူတွေကို ပြည်ဝင်ခွင့် ငြင်းပယ်ရုံနဲ့ မထိရောက်ဘဲ မြို့ကို အသွားအလာ ပိတ်ဆို့ဖြတ်တောက်ခြင်းမလုပ်ခင်ကတည်းက ယင်းမြို့ ကနေ လူ ၅ သန်းလောက် ထွက်သွားခဲ့ပြီဖြစ်ကြောင်း အသနားခံလွှာတင်သူက အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ရောဂါပိုး ကူးစက်ဖြစ်ပွားမှုတွေ ရုတ်တရက် မြင့်တက်လာခဲ့ပြီး တောင်ကိုရီးယား ဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါပိုး ကူးစက်ဖြစ်ပွားမှု အများဆုံးနေရာဖြစ်လာခဲ့ပြီး ယင်းနောက်က အီရန်၊ အီတလီတို့ရှိနေပါတယ်။ 

ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Sputnik

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။