Skip to main content
ေက်ာင္းဆရာမကိုကားႀကံဳေခၚတင္၍အၾကမ္းဖက္ႏွိပ္စက္ကာလုယက္သူစံုတြဲကိုဖမ္းမိ
Ads Block

ေက်ာင္းဆရာမကိုကားႀကံဳေခၚတင္၍အၾကမ္းဖက္ႏွိပ္စက္ကာလုယက္သူစံုတြဲကိုဖမ္းမိ

 

လမ္းႀကံဳစီးလာသူေက်ာင္းအုပ္ဆရာမႀကီးကိုအၾကမ္းဖက္ႏွိပ္စက္၍ လက္၀တ္ရတနာမ်ားပါပစၥည္းမ်ားကို လုယက္သြားသည့္ စံုတြဲကိုဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း မႏၱေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ လက္ပန္းျပားနယ္ေျမရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖမ္းဆီရမိထားသူစံုတြဲမွာ ေ၀ယံႏုိင္(ခ)ကိုႏုိင္ ၄၁ ႏွစ္(မေကြး-မင္းဘူး)ႏွင့္ မျဖဴျဖဴတိုး ၃၇ ႏွစ္(သပိတ္က်င္း) ဆိုသူတို႔ျဖစ္ၿပီးအခင္းျဖစ္ပြားၿပီး ၁၁ ရက္ေျမာက္တြင္ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းရဲမွတ္တမ္းအရသိရသည္။

“အခင္းျဖစ္တဲ့ေန႔က ေဖေဖာ္၀ါရီလ ၁၅ ရက္၊ ေသာၾကာေန႕ ညေန ၃ နာရီေက်ာ္ေက်ာင္းဆင္းခ်ိန္မွာ ရံုးပိတ္ရက္အတြက္ ရြာကိုျပန္ဖို႔လမ္းႀကံဳစီးလာတဲ့ ေက်ာင္းဆရာမႀကီးကိုအၾကမ္းဖက္လုယက္ခဲ့ၾကတာေပါ့။ ကြ်န္ေတာ္တို႔နယ္ေျမရဲစခန္းကိုတိုင္ၾကားတဲ့အခ်ိန္ကေတာ့ အခင္းျဖစ္ၿပီး ၃ ရက္အၾကာ(ေဖေဖာ္၀ါရီ ၁၇)မွာတိုင္ၾကားခဲ့တာျဖစ္ၿပီး ေဖေဖာ္၀ါရီလ ၂၅ ရက္မွာသက္ေသခံပစၥည္းေတြနဲ႔အတူဖမ္းဆီးရမိၿပီ” ဟုလက္ပန္းျပားနယ္ေျမစခန္းမွဴးကအကုန္သိသတင္းဌာနသို႔ ေဖေဖာ္၀ါရိလ ၂၇ ရက္တြင္ ေျပာသည္။

ျဖစ္စဥ္မွာေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ၀က္ခ်ဳပ္ကုန္းေက်းရြာရွိမူလတန္းေက်ာင္းအုပ္ဆရာမႀကီး၊ ေဒၚေအးေအးခိုင္(၄၃)ႏွစ္(ေက်ာက္ပန္းေတာင္းအေနာက္ဖက္၊ဘင္ဂြေက်း႐ြာေန)သည္လက္ေထာက္ဆရာမအေဖာ္တစ္ဦးႏွင့္အတူ ေဖေဖာ္၀ါရီလ (၁၄)ရက္၊ညေန၃နာရီေက်ာင္းဆင္းခ်ိန္တြင္ ကားလမ္းဘက္သို႔ လမ္းေလွ်ာက္လာခဲ့ၾကၿပီး ရြာကိုျပန္ရန္ေ၀ယံႏုိင္ႏွင့္မျဖဴျဖဴတိုးတို႔၏ကားေပၚသို႔ လမ္းႀကံဳလိုက္ပါခဲ့ၾကသည္ဟု ရဲမွတ္တမ္းအရသိရသည္။

ေ၀ယံႏိုင္ေမာင္းႏွင္လာေသာအိမ္စီးခဲအိုေရာင္ယာဥ္အမ်ိဳးအစားျဖစ္သည့္ ယင္းကားကိုလမ္းႀကံဳ စီးနင္းလိုက္ပါလာရာမွ ပက္ပန္ျပား႐ြာအေက်ာ္ခန္႔၌မျဖဴျဖဴတိုးႏွင့္ေျပာင္းလဲေမာင္းႏွင္ခဲ့ရင္း မုန္ကမ္းေက်းရြာၿမိဳင္သာယာရပ္အေရာက္တြင္လက္ေထာက္ဆရာမမွာဆင္းသြားခဲ့ေၾကာင္း မွတ္တမ္းအရသိရသည္။

ယင္းအတြက္ေၾကာင့္ေက်ာင္းအုပ္ဆရာမႀကီးေဒၚေအးေအးခိုင္(၄၃)ႏွစ္တစ္ဦးတည္းက်န္ရစ္လိုက္ပါလာခဲ့ရာ၌ေ၀ယံႏိုင္ကပစၥည္းရွာခ်င္၍ဟုအေၾကာင္းျပကာကားအေနာက္ခန္းသို႔လာ၍ ဆရာမႀကီးေဒၚေအးေအးခိုင္၏နားရင္းကိုအုပ္၍ မ်က္ႏွာကိုၾကမ္းျပင္ႏွင့္ေဆာင့္ကာ ႏွိပ္စက္အၾကမ္းဖက္ခဲ့ကာလုယက္သြားခဲ့ျခင္းျဖစ္ေၾကာင္း တုိင္ၾကားခ်က္အရသိရသည္။ 

လက္ရွိတြင္ ဖမ္းဆီးရမိထားသည့္ ေ၀ယံႏုိင္(ခ)ကိုႏုိင္ ၄၁ ႏွစ္ႏွင့္ မျဖဴျဖဴတုိး ၃၈ ႏွစ္တို႔ႏွစ္ဦးကို ရာဇသတ္ႀကီးပုဒ္မ - ၃၉၄ ျဖင့္ အမႈဖြင့္လွစ္ထားၿပီးေက်ာက္ပန္းေတာင္းခရိုင္တရားရံုး၌ ရံုးထုတ္ရမန္ယူထားကာ စစ္ေဆးေပၚေပါက္ခ်က္အရအမႈေျပာင္းလဲဖြင့္လွစ္ရန္ရွိေၾကာင္း သတင္းရရွိသည္။ 

ဒါးဇ ( အကုန္သိ သတင္းဌာန )  | ဓာတ္ပံု - လင္းလင္း

 

Unicode Version

 

လမ်းကြုံစီးလာသူကျောင်းအုပ်ဆရာမကြီးကိုအကြမ်းဖက်နှိပ်စက်၍ လက်ဝတ်ရတနာများပါပစ္စည်းများကို လုယက်သွားသည့် စုံတွဲကိုဖမ်းဆီးရမိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပန်းပြားနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီရမိထားသူစုံတွဲမှာ ဝေယံနိုင်(ခ)ကိုနိုင် ၄၁ နှစ်(မကွေး-မင်းဘူး)နှင့် မဖြူဖြူတိုး ၃၇ နှစ်(သပိတ်ကျင်း) ဆိုသူတို့ဖြစ်ပြီးအခင်းဖြစ်ပွားပြီး ၁၁ ရက်မြောက်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

“အခင်းဖြစ်တဲ့နေ့က ဖေဖော်ဝါရီလ ၁၅ ရက်၊ သောကြာနေ့ ညနေ ၃ နာရီကျော်ကျောင်းဆင်းချိန်မှာ ရုံးပိတ်ရက်အတွက် ရွာကိုပြန်ဖို့လမ်းကြုံစီးလာတဲ့ ကျောင်းဆရာမကြီးကိုအကြမ်းဖက်လုယက်ခဲ့ကြတာပေါ့။ ကျွန်တော်တို့နယ်မြေရဲစခန်းကိုတိုင်ကြားတဲ့အချိန်ကတော့ အခင်းဖြစ်ပြီး ၃ ရက်အကြာ(ဖေဖော်ဝါရီ ၁၇)မှာတိုင်ကြားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်မှာသက်သေခံပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိပြီ” ဟုလက်ပန်းပြားနယ်မြေစခန်းမှူးကအကုန်သိသတင်းဌာနသို့ ဖေဖော်ဝါရိလ ၂၇ ရက်တွင် ပြောသည်။

ဖြစ်စဉ်မှာကျောက်ပန်းတောင်းမြို့နယ်၊ ဝက်ချုပ်ကုန်းကျေးရွာရှိမူလတန်းကျောင်းအုပ်ဆရာမကြီး၊ ဒေါ်အေးအေးခိုင်(၄၃)နှစ်(ကျောက်ပန်းတောင်းအနောက်ဖက်၊ဘင်ဂွကျေးရွာနေ)သည်လက်ထောက်ဆရာမအဖော်တစ်ဦးနှင့်အတူ ဖေဖော်ဝါရီလ (၁၄)ရက်၊ညနေ၃နာရီကျောင်းဆင်းချိန်တွင် ကားလမ်းဘက်သို့ လမ်းလျှောက်လာခဲ့ကြပြီး ရွာကိုပြန်ရန်ဝေယံနိုင်နှင့်မဖြူဖြူတိုးတို့၏ကားပေါ်သို့ လမ်းကြုံလိုက်ပါခဲ့ကြသည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဝေယံနိုင်မောင်းနှင်လာသောအိမ်စီးခဲအိုရောင်ယာဉ်အမျိုးအစားဖြစ်သည့် ယင်းကားကိုလမ်းကြုံ စီးနင်းလိုက်ပါလာရာမှ ပက်ပန်ပြားရွာအကျော်ခန့်၌မဖြူဖြူတိုးနှင့်ပြောင်းလဲမောင်းနှင်ခဲ့ရင်း မုန်ကမ်းကျေးရွာမြိုင်သာယာရပ်အရောက်တွင်လက်ထောက်ဆရာမမှာဆင်းသွားခဲ့ကြောင်း မှတ်တမ်းအရသိရသည်။

ယင်းအတွက်ကြောင့်ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးခိုင်(၄၃)နှစ်တစ်ဦးတည်းကျန်ရစ်လိုက်ပါလာခဲ့ရာ၌ဝေယံနိုင်ကပစ္စည်းရှာချင်၍ဟုအကြောင်းပြကာကားအနောက်ခန်းသို့လာ၍ ဆရာမကြီးဒေါ်အေးအေးခိုင်၏နားရင်းကိုအုပ်၍ မျက်နှာကိုကြမ်းပြင်နှင့်ဆောင့်ကာ နှိပ်စက်အကြမ်းဖက်ခဲ့ကာလုယက်သွားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားချက်အရသိရသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဝေယံနိုင်(ခ)ကိုနိုင် ၄၁ နှစ်နှင့် မဖြူဖြူတိုး ၃၈ နှစ်တို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ - ၃၉၄ ဖြင့် အမှုဖွင့်လှစ်ထားပြီးကျောက်ပန်းတောင်းခရိုင်တရားရုံး၌ ရုံးထုတ်ရမန်ယူထားကာ စစ်ဆေးပေါ်ပေါက်ချက်အရအမှုပြောင်းလဲဖွင့်လှစ်ရန်ရှိကြောင်း သတင်းရရှိသည်။ 

ဒါးဇ ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - လင်းလင်း


 


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။