Skip to main content
၀တပ္ဖြဲ႔က ကုိယ္ပုိင္ရဟတ္ယာဥ္ ၀ယ္ယူသုံးစြဲမႈကို ကန္႔ကြက္ရန္အေၾကာင္းမရွိဟု တပ္မေတာ္ဘက္မွ ဆို
Ads Block

၀တပ္ဖြဲ႔က ကုိယ္ပုိင္ရဟတ္ယာဥ္ ၀ယ္ယူသုံးစြဲမႈကို ကန္႔ကြက္ရန္အေၾကာင္းမရွိဟု တပ္မေတာ္ဘက္မွ ဆို

 

UWSA ၀ တပ္ဖြဲ႔၏ပုဂၢလိကစီးနင္းရန္ ကုိယ္ပုိင္လူစီးရဟတ္ယာဥ္၀ယ္ယူသုံးစြဲမႈကိုကန္႔ကြက္ရန္ အေၾကာင္းမရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

၀တပ္ဖြဲ႔၏ ရဟတ္ယာဥ္၀ယ္ယူသုံးစြဲမႈအေပၚ အကုန္သိသတင္းဌာနက ေဖေဖာ္၀ါရီလ ၂၇ ရက္၌ေမးျမန္းရာတြင္ အထက္ပါအတိုင္းေျဖၾကားျခင္းျဖစ္သည္။ 

“သူတုိ႔ရဟတ္ယာဥ္၀ယ္ယူတယ္ဆုိတဲ့သတင္းေတြ ကြ်န္ေတာ္တုိ႔ေတြ႔ပါတယ္။ အဲဒီအေပၚထူးၿပီးေတာ့ မေျပာခ်င္ပါဘူး။ အဓိကက ရဟတ္ယာဥ္ေတြ၀ယ္ရင္အစုိးရကုိမွတ္ပုံတင္ရတယ္။ ေလေၾကာင္းဦးစီးမွာဆုိရင္ ပ်ံသန္းခြင့္ေပါ့။သူတုိ႔၀ယ္သုံးတာကေတာ့ သုံးမွာပဲေလ။ အဓိကက တရားမ၀င္တာနဲ႔တရား၀င္တာ ဒါကအသုံးျပဳမႈအေပၚမွာဆုိင္ပါတယ္”ဟု ၄င္းကေျပာသည္။
အဆုိပါ UWSA ၀ တပ္ဖြဲ႔သည္ အရပ္ဘက္သုံးရဟတ္ယာဥ္အား ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ႏွစ္ကုန္ပုိင္းတြင္ ၀ယ္ယူထားျခင္းျဖစ္ၿပီး အနည္းဆုံးလူ ၂ ဦးမွ ၃ ဦးအထိစီးနင္းႏုိင္သည့္ရဟတ္ယာဥ္ အမ်ိဳးအစားျဖစ္ကာ ေမာင္းႏွင္ရန္ နုိင္ငံျခားသားတစ္ဦးငွားရမ္းထားေၾကာင္း သတင္းဌာနတစ္ခုသုိ႔ေျပာၾကားထားသည္။

၀ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသသည္ရွမ္းျပည္နယ္၊ အေရွ႕ပုိင္းတြင္တည္ရွိၿပီး ၿမိဳ႕ေတာ္မွာပန္ဆန္းျဖစ္ကာ ၿပီးခဲ့သည့္ ၂၀၁၉ ခုနွစ္၊ ဧၿပီလတြင္က်င္းပေသာ ၀ ေဒသ ၿငိမ္းခ်မ္းေရးႏွစ္ ၃၀ ျပည့္အခမ္းအနား၌ UWSA ၀တပ္ဖြဲ႔ေခါင္းေဆာင္ေပါက္ယူခ်န္းက ၀ေဒသအား ျပည္နယ္အျဖစ္သတ္မွတ္ေပးရန္ အစိုးရထံ ေတာင္းဆိုထားသည္။ 


မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

 

UWSA ၀ တပ်ဖွဲ့၏ပုဂ္ဂလိကစီးနင်းရန် ကိုယ်ပိုင်လူစီးရဟတ်ယာဉ်ဝယ်ယူသုံးစွဲမှုကိုကန့်ကွက်ရန် အကြောင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဝတပ်ဖွဲ့၏ ရဟတ်ယာဉ်ဝယ်ယူသုံးစွဲမှုအပေါ် အကုန်သိသတင်းဌာနက ဖေဖော်ဝါရီလ ၂၇ ရက်၌မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။ 

“သူတို့ရဟတ်ယာဉ်ဝယ်ယူတယ်ဆိုတဲ့သတင်းတွေ ကျွန်တော်တို့တွေ့ပါတယ်။ အဲဒီအပေါ်ထူးပြီးတော့ မပြောချင်ပါဘူး။ အဓိကက ရဟတ်ယာဉ်တွေဝယ်ရင်အစိုးရကိုမှတ်ပုံတင်ရတယ်။ လေကြောင်းဦးစီးမှာဆိုရင် ပျံသန်းခွင့်ပေါ့။သူတို့ဝယ်သုံးတာကတော့ သုံးမှာပဲလေ။ အဓိကက တရားမဝင်တာနဲ့တရားဝင်တာ ဒါကအသုံးပြုမှုအပေါ်မှာဆိုင်ပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ UWSA ၀ တပ်ဖွဲ့သည် အရပ်ဘက်သုံးရဟတ်ယာဉ်အား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဝယ်ယူထားခြင်းဖြစ်ပြီး အနည်းဆုံးလူ ၂ ဦးမှ ၃ ဦးအထိစီးနင်းနိုင်သည့်ရဟတ်ယာဉ် အမျိုးအစားဖြစ်ကာ မောင်းနှင်ရန် နိုင်ငံခြားသားတစ်ဦးငှားရမ်းထားကြောင်း သတင်းဌာနတစ်ခုသို့ပြောကြားထားသည်။

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတွင်တည်ရှိပြီး မြို့တော်မှာပန်ဆန်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင်ကျင်းပသော ၀ ဒေသ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနား၌ UWSA ဝတပ်ဖွဲ့ခေါင်းဆောင်ပေါက်ယူချန်းက ဝဒေသအား ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုထားသည်။ 


မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။