Skip to main content
ေတာင္ကိုရီးယားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၃၄ ဦး ထပ္တိုးၿပီး ပိုးကူးစက္လူနာ စုစုေပါင္း ၁၅၉၅ ဦး အထိရွိလာ
Ads Block

ေတာင္ကိုရီးယားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၃၄ ဦး ထပ္တိုးၿပီး ပိုးကူးစက္လူနာ စုစုေပါင္း ၁၅၉၅ ဦး အထိရွိလာ

 

ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၃၃၄ ဦး ထပ္တိုးၿပီး ပိုးကူးစက္ လူနာ စုစုေပါင္း ၁၅၉၅ ဦး ရွိေနၿပီျဖစ္တယ္လို႔ ကိုရီးယား ေရာဂါထိန္းခ်ဴပ္ေရးနဲ႔ ကာကြယ္ေရး စင္တာ (KCDC) မွ ၾကာသပေတးေန႔ (ေဖေဖာ္၀ါရီ ၂၇ ) မွာ ေျပာၾကားပါတယ္။ 

ပိုးကူးစက္လူနာ အသစ္မ်ားအနက္ ၃၀၇ ဦးဟာ ေရာဂါပုိး ကူးစက္ပ်ံ႕ႏွံ႕မႈေတြ အဓိကျဖစ္ခဲ့ရာ ႏုိင္ငံ အေရွ႕ေတာင္ပိုင္း Daegu ၿမိဳ႕ မွ ျဖစ္ပါတယ္။ ယခင္ေသဆံုးခဲ့သူ ၁၂ ဦးမွအပ ေနာက္ထပ္ေသဆံုးမႈမ်ား မေတြ႔ ရေသးေၾကာင္း KCDC မွ ေၾကညာခဲ့ပါတယ္။ 

ဗိုင္းရပ္စ္ကူးစက္ျပန္ ့ပြားမႈေၾကာင့္ မၾကာမီျပဳလုပ္မယ့္ ေတာင္ကိုရီးယား၊ အေမရိကန္ ၂ ႏိုင္ငံ စစ္ေရး ေလ့က်င့္မႈကို ေရႊ႕ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ၾကာသပေတးေန႔မွာ ၂ ႏိုင္ငံစလံုးက ေၾကညာလိုက္ပါတယ္။ ဆုိးလ္မွာ ဗိုင္းရပ္စ္ကူးစက္မႈအဆင့္ အျမင့္ဆံုးေၾကညာခဲ့ၿပီးေနာက္ ဒီဆံုးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ေၾကာင္း၊ ေနာက္ထပ္သတိေပးခ်က္ ထုတ္ျပန္တဲ့အထိ စစ္ေရးေလ့က်င့္မႈကို ေရႊ႕ဆိုင္းထားမွာျဖစ္ေၾကာင္း တပ္ေပါင္းစု ဌာနခ်ဳပ္မွ ေၾကညာခဲ့ပါတယ္။ 

ႏ်ဴကလီးယား လက္နက္ပိုင္ဆိုင္တဲ့ ေျမာက္ကုိရီးယား ရန္ကို ကာကြယ္ရန္ ေတာင္ကိုရီးယားႏိုင္ငံမွာ အေမရိကန္ တပ္ဖြဲ႕၀င္ ၂၈၅၀၀ ရွိၿပီး အမ်ားစုဟာ ဆိုးလ္ေတာင္ပိုင္း Pyeongtaek ၿမိဳ႕ရွိ Humphreys စစ္စခန္း မွာ အေျခစိုက္ပါတယ္။ 

 ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref : channelnewsasia 

 

Unicode Version

 

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၃၃၄ ဦး ထပ်တိုးပြီး ပိုးကူးစက် လူနာ စုစုပေါင်း ၁၅၉၅ ဦး ရှိနေပြီဖြစ်တယ်လို့ ကိုရီးယား ရောဂါထိန်းချူပ်ရေးနဲ့ ကာကွယ်ရေး စင်တာ (KCDC) မှ ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၇ ) မှာ ပြောကြားပါတယ်။ 

ပိုးကူးစက်လူနာ အသစ်များအနက် ၃၀၇ ဦးဟာ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုတွေ အဓိကဖြစ်ခဲ့ရာ နိုင်ငံ အရှေ့တောင်ပိုင်း Daegu မြို့ မှ ဖြစ်ပါတယ်။ ယခင်သေဆုံးခဲ့သူ ၁၂ ဦးမှအပ နောက်ထပ်သေဆုံးမှုများ မတွေ့ ရသေးကြောင်း KCDC မှ ကြေညာခဲ့ပါတယ်။ 

ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် မကြာမီပြုလုပ်မယ့် တောင်ကိုရီးယား၊ အမေရိကန် ၂ နိုင်ငံ စစ်ရေး လေ့ကျင့်မှုကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ၂ နိုင်ငံစလုံးက ကြေညာလိုက်ပါတယ်။ ဆိုးလ်မှာ ဗိုင်းရပ်စ်ကူးစက်မှုအဆင့် အမြင့်ဆုံးကြေညာခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း၊ နောက်ထပ်သတိပေးချက် ထုတ်ပြန်တဲ့အထိ စစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းထားမှာဖြစ်ကြောင်း တပ်ပေါင်းစု ဌာနချုပ်မှ ကြေညာခဲ့ပါတယ်။ 

နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယား ရန်ကို ကာကွယ်ရန် တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ ရှိပြီး အများစုဟာ ဆိုးလ်တောင်ပိုင်း Pyeongtaek မြို့ရှိ Humphreys စစ်စခန်း မှာ အခြေစိုက်ပါတယ်။ 

 ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : channelnewsasia 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။