Skip to main content
တရုတ္မွာ COVID-19 ေၾကာင့္ ထပ္မံ ေသဆုံးသူ ၂၉ ဦးရွိခဲ့ၿပီး ဇန္န၀ါရီလေနာက္ပုိင္း အနိမ့္ဆုံး ျဖစ္ 
Ads Block

တရုတ္မွာ COVID-19 ေၾကာင့္ ထပ္မံ ေသဆုံးသူ ၂၉ ဦးရွိခဲ့ၿပီး ဇန္န၀ါရီလေနာက္ပုိင္း အနိမ့္ဆုံး ျဖစ္ 

 

တရုတ္ႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ C0VID-19 ေၾကာင့္ ထပ္မံ ေသဆုံးသူဦးေရဟာ တစ္လနီးပါးအတြင္း  အနိမ့္ဆုံးအေရအတြက္အျဖစ္ ၂၉ ဦးသုိ ့က်ဆင္းခဲ့ကာ စုစုေပါင္း ေသဆုံးသူဦးေရ ၂၇၄၄ ဦးရွိလာေၾကာင္း ၾကာသပေတးေန ့(ေဖေဖာ္၀ါရီ ၂၇) ထုတ္ျပန္ခ်က္အရ သိရပါတယ္။ 

ထပ္မံ ေသဆုံးသူေတြထဲက ၂၆ ဦးဟာ ဟူေပျပည္နယ္ကျဖစ္ၿပီး က်န္သုံးဦးကေတာ့ ေပက်င္းနဲ႕ ေဟလုံက်န္၊ ဟီနန္ျပည္နယ္ေတြက ျဖစ္ပါတယ္။ ဗုိင္းရပ္စ္ေၾကာင့္ ေန ့စဥ္ ေသဆုံးဦးေရဟာ သုံးရက္ဆက္တုိက္ က်ဆင္းေနတာျဖစ္ၿပီး လူ ၂၆ ဦး ေသဆုံးေၾကာင္း ထုတ္ျပန္ခဲ့တဲ့ ဇန္န၀ါရီ ၂၉ ရက္ေနာက္ပုိင္းမွာ အနိမ့္ဆုံးအေရအတြက္ ျဖစ္ခဲ့ပါတယ္။ 

အသစ္ေတြ႕ရွိတဲ့ ပုိးကူးစက္သူ ၄၃၃ ဦးရွိခဲ့ၿပီး ယင္းတုိ ့ထဲက ၂၄ ဦးကလြဲရင္ က်န္တာ ဟူေပျပည္နယ္ ကသာျဖစ္တယ္လုိ ့ အမ်ဳိးသား က်န္းမာေရး ေကာ္မရွင္က ေျပာဆုိပါတယ္။ ယင္းေၾကာင့္ တရုတ္ျပည္မႀကီးမွာ ပုိးေတြ႕လူနာ စုစုေပါင္း ၇၈၅၀၀ ဦး ရွိခဲ့ၿပီျဖစ္ပါတယ္။ 

တရုတ္ႏုိင္ငံမွာ ဟူေပျပည္နယ္ကေတာ့ ဆက္လက္ ပိတ္ပင္မႈေတြလုပ္ထားဆဲျဖစ္ကာ အျခားၿမိဳ႕ ေတြကုိေတာ့ လုပ္ငန္းေဆာင္တာေတြ တျဖည္းျဖည္း ျပန္၀င္ခြင့္ေပးလာခဲ့ပါတယ္။ ဒါေပမဲ့ စာသင္ေက်ာင္းေတြ ကေတာ့ ဆက္ပိတ္ထားၿပီး ေပက်င္းမွာေတာ့ ၿမိဳ႕ေတာ္ကုိ ျပန္၀င္လာသူေတြအေနနဲ႕ ၁၄ ရက္ၾကာ ကုိယ္တုိင္ ေျခခ်ဳပ္ေနၾကရဦးမယ္ဆုိတဲ့ စည္းကမ္းခ်က္ထုတ္ထားပါတယ္။ 

တရုတ္ႏုိင္ငံျပင္ပမွာေတာ့ ေရာဂါပုိး ကူးစက္သူ အေရအတြက္ဟာ ယခုအခါ ရုတ္တရက္ ထုိးတက္ လာေနတာေၾကာင့္ အာဏာပုိင္ေတြဟာ ကမာၻတလႊားက ေရာဂါပုိးကူးစက္ႏုိင္ဖြယ္ ရင္းျမစ္ေတြကုိ အာရုံစုိက္ လာၾကပါတယ္။ 

တရုတ္ျပည္မႀကီး ျပင္ပ ေဒသေတြနဲ႕ ႏုိင္ငံ ၄၀ ေက်ာ္မွာ ေရာဂါပုိးကူးစက္ျဖစ္ပြားမႈ ေတြ႕ရွိထားခဲ့ၿပီး ဘရာဇီး၊ ပါကစၥတန္၊ ေနာ္ေ၀၊ ဂရိ၊ ရုိေမးနီးယား၊ အယ္ဂ်ီးရီးယားနဲ႕ ေျမာက္မက္ဆီဒုိးနီးယားတုိ ့မွာ ပထမဆုံး ပုိးကူးစက္လူနာေတြ ေတြ႕ရွိေၾကာင္း ထုတ္ျပန္ထားၾကပါတယ္။ 

ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

 

Unicode Version 

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် C0VID-19 ကြောင့် ထပ်မံ သေဆုံးသူဦးရေဟာ တစ်လနီးပါးအတွင်း  အနိမ့်ဆုံးအရေအတွက်အဖြစ် ၂၉ ဦးသို့ကျဆင်းခဲ့ကာ စုစုပေါင်း သေဆုံးသူဦးရေ ၂၇၄၄ ဦးရှိလာကြောင်း ကြာသပတေးနေ့(ဖေဖော်ဝါရီ ၂၇) ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ထပ်မံ သေဆုံးသူတွေထဲက ၂၆ ဦးဟာ ဟူပေပြည်နယ်ကဖြစ်ပြီး ကျန်သုံးဦးကတော့ ပေကျင်းနဲ့ ဟေလုံကျန်၊ ဟီနန်ပြည်နယ်တွေက ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် နေ့စဉ် သေဆုံးဦးရေဟာ သုံးရက်ဆက်တိုက် ကျဆင်းနေတာဖြစ်ပြီး လူ ၂၆ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးအရေအတွက် ဖြစ်ခဲ့ပါတယ်။ 

အသစ်တွေ့ရှိတဲ့ ပိုးကူးစက်သူ ၄၃၃ ဦးရှိခဲ့ပြီး ယင်းတို့ထဲက ၂၄ ဦးကလွဲရင် ကျန်တာ ဟူပေပြည်နယ် ကသာဖြစ်တယ်လို့ အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောဆိုပါတယ်။ ယင်းကြောင့် တရုတ်ပြည်မကြီးမှာ ပိုးတွေ့လူနာ စုစုပေါင်း ၇၈၅၀၀ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ 

တရုတ်နိုင်ငံမှာ ဟူပေပြည်နယ်ကတော့ ဆက်လက် ပိတ်ပင်မှုတွေလုပ်ထားဆဲဖြစ်ကာ အခြားမြို့ တွေကိုတော့ လုပ်ငန်းဆောင်တာတွေ တဖြည်းဖြည်း ပြန်ဝင်ခွင့်ပေးလာခဲ့ပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းတွေ ကတော့ ဆက်ပိတ်ထားပြီး ပေကျင်းမှာတော့ မြို့တော်ကို ပြန်ဝင်လာသူတွေအနေနဲ့ ၁၄ ရက်ကြာ ကိုယ်တိုင် ခြေချုပ်နေကြရဦးမယ်ဆိုတဲ့ စည်းကမ်းချက်ထုတ်ထားပါတယ်။ 

တရုတ်နိုင်ငံပြင်ပမှာတော့ ရောဂါပိုး ကူးစက်သူ အရေအတွက်ဟာ ယခုအခါ ရုတ်တရက် ထိုးတက် လာနေတာကြောင့် အာဏာပိုင်တွေဟာ ကမ္ဘာတလွှားက ရောဂါပိုးကူးစက်နိုင်ဖွယ် ရင်းမြစ်တွေကို အာရုံစိုက် လာကြပါတယ်။ 

တရုတ်ပြည်မကြီး ပြင်ပ ဒေသတွေနဲ့ နိုင်ငံ ၄၀ ကျော်မှာ ရောဂါပိုးကူးစက်ဖြစ်ပွားမှု တွေ့ရှိထားခဲ့ပြီး ဘရာဇီး၊ ပါကစ္စတန်၊ နော်ဝေ၊ ဂရိ၊ ရိုမေးနီးယား၊ အယ်ဂျီးရီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားတို့မှာ ပထမဆုံး ပိုးကူးစက်လူနာတွေ တွေ့ရှိကြောင်း ထုတ်ပြန်ထားကြပါတယ်။ 

ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။