Skip to main content
Ads Block

“ကိုကြီးကြောင့်”သီချင်းမှာ သရုပ်ဆောင်/ဒါရိုက်တာအဖြစ် ပါဝင်ကူညီပေးထားတဲ့ စိန်လင်း (Aroma) (ရုပ်သံ)


 

Unicode Version

 

“သီချင်းလေးကို ကျွန်တော် ကြိုက်တယ်။ ချစ်ဖို့လည်း ကောင်းတယ်။ ကိုကြီးကြောင့်ဆိုတော့ ကျွန်တော့်အသက်အရွယ်နဲ့ ကိုကြီးနေရာမှာ သရုပ်ဆောင်ဖို့ သင့်တော်လို့ ရွေးတာပါ ကိုကြီးရယ်၊ ရိုက်ပေးပါတဲ့။ ဒါဆိုရင်တော့ Idea လေးတော့ စဉ်းစားကြည့်ဦးမယ်၊ အစ်ကိုတို့ လိုက်ဖက်တယ်ဆိုရင် ရိုက်ရအောင်ပေါ့နော်။ အစောပိုင်းတုန်းက ကျွန်တော်က သရုပ်ဆောင်အနေနဲ့ပဲ ကူညီပေးဖို့၊ ပါဝင်ဖို့ ပြောထားတာ။ ပြီးလည်း ပြီးရော ကိုကြီးပဲ တစ်ခါတည်းပဲ ဒါရိုက်တာပါ လုပ်ပေးလိုက်တော့ဆိုပြီးတော့ ထပ်ပြောလာတော့ အဲဒါဆိုရင်လည်း ရိုက်ပေးမယ်ပေါ့” လို့ ပြောပြလာတဲ့ တေးသံရှင် စိန်လင်း (Aroma)။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။