Skip to main content
စပိန္မွာ သဲမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ ကမာၻလွည့္ ခရီးသည္မ်ားရဲ႕ ေလယာဥ္ခရီးစဥ္မ်ား ေႏွာင့္ေႏွးေန
Ads Block

စပိန္မွာ သဲမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ ကမာၻလွည့္ ခရီးသည္မ်ားရဲ႕ ေလယာဥ္ခရီးစဥ္မ်ား ေႏွာင့္ေႏွးေန

 

ဆာဟာရ သဲကႏၱာရမွ သဲမုန္တိုင္းဟာ စပိန္ႏိုင္ငံ Canary ကၽြန္းမ်ားကို ဖံုးလႊမ္းသြားခဲ့ၿပီး ကမာၻလွည့္ ခရီးသည္ အ၀င္/အထြက္ ခရီးသြားလာေရး အစီအစဥ္မ်ား ပ်က္ျပားသြားေစခဲ့ပါတယ္။ 

စပိန္ေလဆိပ္ ေအာ္ပေရတာ Aena က ျမင္သာမႈ အားနည္းတာေၾကာင့္ ကၽြန္းမ်ားမွ ေလယာဥ္ အ၀င္/အထြက္ ပ်ံသန္းမႈမ်ားအားလံုးကို ဖ်တ္သိမ္းလိုက္ပါတယ္။ သို႔ေသာ္လည္း တနဂၤေႏြေန႔ညက Tenerife South ေလဆိပ္မွအပ ေလဆိပ္အားလံုးကို လည္ပတ္မႈ ျပန္လည္စတင္ခဲ့ေၾကာင္း Aena က ေျပာၾကားပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ေဒသဆိုင္ရာ အစိုးရမွ ေဒသခံေတြကို ေနအိမ္တြင္း ေနထိုင္ရန္၊ ျပတင္းေပါက္မ်ား ပိတ္ထား ရန္နဲ႔ ခရီးသြားလာျခင္းမ်ား ေရွာင္ၾကဥ္ရန္ အႀကံေပးခဲ့ပါတယ္။ 

သဲမုန္တိုင္းဟာ ဆာဟာရ သဲကႏၱာရမွ ျပင္းထန္တ့ဲ ေလတိုက္ႏႈန္းနဲ႔ ကၽြန္းမ်ားကို တိုက္ခက္သြားခဲ့ၿပီး အတၱလႏိၱတ္ သမုဒၵရာကို ၅၀၀ ကီလိုမီတာ (၃၀၀ မိုင္) ၀န္းက်င္ႏႈန္းနဲ႔ ျဖတ္သန္းတိုက္ခတ္ခဲ့ပါတယ္။ ယင္းသဲမုန္တိုင္းဟာ အလြန္ႀကီးမားတာေၾကာင့္ အာကာသမွေတာင္ ျမင္ႏိုင္စြမ္းရွိၿပီး ၿဂဳိဟ္တုပံုရိပ္မ်ားအရ မုန္တိုင္းဟာ အာဖရိက အေနာက္ေျမာက္ပိုင္း ကမ္းရိုးတန္းရွိ ကၽြန္္းမ်ားကို ဖံုးလႊမ္းေနေၾကာင္း ျပသထား ပါတယ္။ 

ရာသီဥတု အေျခအေနဟာ ေလယာဥ္ေပါင္း ၈၂၂ စီးေပၚ အက်ဳိးသက္ေရာက္ခဲ့ၿပီး မ်ားစြာေသာ ကမာၻလွည့္ခရီးသည္မ်ားဟာ Canary ေလဆိပ္မွာ ေသာင္တင္ေနခဲ့တယ္လို႔  Aena က ၄င္းရဲ႕တြစ္တာမွာ ေျပာခဲ့ပါတယ္။

ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref :  bbc.com

 

Unicode Version

 

ဆာဟာရ သဲကန္တာရမှ သဲမုန်တိုင်းဟာ စပိန်နိုင်ငံ Canary ကျွန်းများကို ဖုံးလွှမ်းသွားခဲ့ပြီး ကမ္ဘာလှည့် ခရီးသည် အဝင်/အထွက် ခရီးသွားလာရေး အစီအစဉ်များ ပျက်ပြားသွားစေခဲ့ပါတယ်။ 

စပိန်လေဆိပ် အော်ပရေတာ Aena က မြင်သာမှု အားနည်းတာကြောင့် ကျွန်းများမှ လေယာဉ် အဝင်/အထွက် ပျံသန်းမှုများအားလုံးကို ဖျတ်သိမ်းလိုက်ပါတယ်။ သို့သော်လည်း တနင်္ဂနွေနေ့ညက Tenerife South လေဆိပ်မှအပ လေဆိပ်အားလုံးကို လည်ပတ်မှု ပြန်လည်စတင်ခဲ့ကြောင်း Aena က ပြောကြားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဒေသဆိုင်ရာ အစိုးရမှ ဒေသခံတွေကို နေအိမ်တွင်း နေထိုင်ရန်၊ ပြတင်းပေါက်များ ပိတ်ထား ရန်နဲ့ ခရီးသွားလာခြင်းများ ရှောင်ကြဉ်ရန် အကြံပေးခဲ့ပါတယ်။ 

သဲမုန်တိုင်းဟာ ဆာဟာရ သဲကန္တာရမှ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ကျွန်းများကို တိုက်ခက်သွားခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာကို ၅၀၀ ကီလိုမီတာ (၃၀၀ မိုင်) ဝန်းကျင်နှုန်းနဲ့ ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ ယင်းသဲမုန်တိုင်းဟာ အလွန်ကြီးမားတာကြောင့် အာကာသမှတောင် မြင်နိုင်စွမ်းရှိပြီး ဂြိုဟ်တုပုံရိပ်များအရ မုန်တိုင်းဟာ အာဖရိက အနောက်မြောက်ပိုင်း ကမ်းရိုးတန်းရှိ ကျွန်းများကို ဖုံးလွှမ်းနေကြောင်း ပြသထား ပါတယ်။ 

ရာသီဥတု အခြေအနေဟာ လေယာဉ်ပေါင်း ၈၂၂ စီးပေါ် အကျိုးသက်ရောက်ခဲ့ပြီး များစွာသော ကမ္ဘာလှည့်ခရီးသည်များဟာ Canary လေဆိပ်မှာ သောင်တင်နေခဲ့တယ်လို့  Aena က ၎င်းရဲ့တွစ်တာမှာ ပြောခဲ့ပါတယ်။

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )  | Ref :  bbc.com

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။