Skip to main content
ရန္ကုန္ၿမိဳ႕၌ ယာဥ္ရပ္နားရန္ေနရာလုသည့္ျပႆနာမ်ားကိုေန႔စဥ္ေျဖရွင္းေပးေနရေၾကာင္း ၿမိဳ႕ေတာ္၀န္ ညည္းညဴ
Ads Block

ရန္ကုန္ၿမိဳ႕၌ ယာဥ္ရပ္နားရန္ေနရာလုသည့္ျပႆနာမ်ားကိုေန႔စဥ္ေျဖရွင္းေပးေနရေၾကာင္း ၿမိဳ႕ေတာ္၀န္ ညည္းညဴ

 

ရန္ကုန္ၿမိဳ႕၌ ယာဥ္ရပ္နားရန္ေနရာလုသည့္ျပႆနာမ်ားကိုေန႔စဥ္ေျဖရွင္းေပးေနရေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

ေဖေဖာ္၀ါရီလ (၂၄)ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေ၀း ၁/၂၀၂၀ တတိယေန႔တြင္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕၌ ယာဥ္ရပ္နားရန္ေနရာလုသည့္ျပႆနာမ်ားကိုေန႔စဥ္ေျဖရွင္းေပးေနရေၾကာင္း ၿမိဳ႕ေတာ္၀န္ ညည္းညဴ

“ဘာျဖစ္လို႔လဲဆိုရင္ ယာဥ္ရပ္နားတဲ့ေနရာနည္းပါးတာေၾကာင့္ ကၽြန္ေတာ္တို႔ရန္ကုန္ၿမိဳ႕တြင္းလမ္းမမ်ား၊ နံပါတ္တပ္လမ္းမ်ားမွာေနထိုင္တဲ့ျပည္သူေတြဟာ သူတို႔ရဲ႕ကားေတြရပ္ဖို႔ေနရာရေအာင္ ေနရာဦးထားတာေတြ လုပ္ေနၾကရတယ္။ ဒီလိုေနရာလုလို႔ ျပႆနာျဖစ္တာေတြ၊ ခိုက္ရန္ျဖစ္တာေတြကိုေန႔စဥ္ေျဖရွင္းေပးေနရတယ္။ ဒါေၾကာင့္မို႔လို႔ ၿမိဳ႕တြင္းမွာရွိတဲ့ Center Point လိုေနရာမ်ိဳးေတြ၊ လူေနထူထပ္တဲ့ေနရာလိုမ်ိဳးေတြမွာ ယာဥ္ရပ္နားတဲ့၀င္းေတြလုပ္ဖို႔ကိုကၽြန္ေတာ္တို႔လုပ္ေဆာင္သြားဖို႔လည္း အစီအစဥ္ရွိပါတယ္။”ဟု ရန္ကုန္ၿမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စိုးကေျပာသည္။

၂၀၁၈ ခုႏွစ္၊ စည္ပင္သာယာဥပေဒပုဒ္မ ၂၅အရ အမ်ားျပည္သူပိုင္လမ္း၊ စႀကၤန္မ်ားတြင္ စည္ပင္သာယာ၏ ခြင့္ျပဳခ်က္မရွိဘဲကုန္ပစၥည္းမ်ား၊ ေဆာက္လုပ္ေရးပစၥည္းမ်ား က်ဴးေက်ာ္ထားရွိပါက ပထမအႀကိမ္ျပစ္ဒဏ္အျဖစ္ ေငြက်ပ္ ၁ သိန္းမွ ၅ သိန္းအထိဒဏ္ရုိက္မည္ျဖစ္ၿပီး၊ ဒုတိယအႀကိမ္ က်ဴးလြန္းပါကေထာင္ဒဏ္ ၃ လအထိခ်မွတ္ႏုိ္င္ေၾကာင္း ျပ႒ာန္းထားသည္။

ၿပီးခဲ့သည့္ႏွစ္ကကလည္း ေက်ာက္တံတားၿမိဳ႕နယ္တြင္ ၅၅၇ ခု၊ပန္းဘဲတန္းၿမိဳ႕နယ္တြင္ ၄၇ခု၊ လသာၿမိဳ႕နယ္တြင္ ၂၀၄၈ခု၊ လမ္းမေတာ္ၿမိဳ႕နယ္တြင္ ၂၅၃၀ခု၊ ပုစြန္ေတာင္ၿမိဳ႕နယ္တြင္ ၆၂၅ခုႏွင့္ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ၅၄၉ ခုတို႔ရွိ အမ်ားျပည္သူပိုင္လမ္းမ်ားတြင္ က်ဴးေက်ာ္မႈမ်ားကို ဖယ္ရွားခဲ့ေသးသည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ရန်ကုန်မြို့၌ ယာဉ်ရပ်နားရန်နေရာလုသည့်ပြဿနာများကိုနေ့စဉ်ဖြေရှင်းပေးနေရကြောင်း မြို့တော်ဝန် ညည်းညူ

 

ရန်ကုန်မြို့၌ ယာဉ်ရပ်နားရန်နေရာလုသည့်ပြဿနာများကိုနေ့စဉ်ဖြေရှင်းပေးနေရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဖေဖော်ဝါရီလ (၂၄)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၂၀ တတိယနေ့တွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

“ဘာဖြစ်လို့လဲဆိုရင် ယာဉ်ရပ်နားတဲ့နေရာနည်းပါးတာကြောင့် ကျွန်တော်တို့ရန်ကုန်မြို့တွင်းလမ်းမများ၊ နံပါတ်တပ်လမ်းများမှာနေထိုင်တဲ့ပြည်သူတွေဟာ သူတို့ရဲ့ကားတွေရပ်ဖို့နေရာရအောင် နေရာဦးထားတာတွေ လုပ်နေကြရတယ်။ ဒီလိုနေရာလုလို့ ပြဿနာဖြစ်တာတွေ၊ ခိုက်ရန်ဖြစ်တာတွေကိုနေ့စဉ်ဖြေရှင်းပေးနေရတယ်။ ဒါကြောင့်မို့လို့ မြို့တွင်းမှာရှိတဲ့ Center Point လိုနေရာမျိုးတွေ၊ လူနေထူထပ်တဲ့နေရာလိုမျိုးတွေမှာ ယာဉ်ရပ်နားတဲ့ဝင်းတွေလုပ်ဖို့ကိုကျွန်တော်တို့လုပ်ဆောင်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

၂၀၁၈ ခုနှစ်၊ စည်ပင်သာယာဥပဒေပုဒ်မ ၂၅အရ အများပြည်သူပိုင်လမ်း၊ စင်္ကြန်များတွင် စည်ပင်သာယာ၏ ခွင့်ပြုချက်မရှိဘဲကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ ကျူးကျော်ထားရှိပါက ပထမအကြိမ်ပြစ်ဒဏ်အဖြစ် ငွေကျပ် ၁ သိန်းမှ ၅ သိန်းအထိဒဏ်ရိုက်မည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ကျူးလွန်းပါကထောင်ဒဏ် ၃ လအထိချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပြီးခဲ့သည့်နှစ်ကကလည်း ကျောက်တံတားမြို့နယ်တွင် ၅၅၇ ခု၊ပန်းဘဲတန်းမြို့နယ်တွင် ၄၇ခု၊ လသာမြို့နယ်တွင် ၂၀၄၈ခု၊ လမ်းမတော်မြို့နယ်တွင် ၂၅၃၀ခု၊ ပုစွန်တောင်မြို့နယ်တွင် ၆၂၅ခုနှင့် ဗိုလ်တထောင်မြို့နယ်တွင် ၅၄၉ ခုတို့ရှိ အများပြည်သူပိုင်လမ်းများတွင် ကျူးကျော်မှုများကို ဖယ်ရှားခဲ့သေးသည်။

 ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။