Skip to main content
အိႏၵိယကုိ စစ္လက္နက္ပစၥည္း တုိးျမွင့္ ေရာင္းခ်ေပးလုိဟု ႏွစ္ရက္တာ ခရီးစဥ္တြင္ ထရန္႔ ေျပာဆုိ
Ads Block

အိႏၵိယကုိ စစ္လက္နက္ပစၥည္း တုိးျမွင့္ ေရာင္းခ်ေပးလုိဟု ႏွစ္ရက္တာ ခရီးစဥ္တြင္ ထရန္႔ ေျပာဆုိ

 

          အေမရိကန္ျပည္ေထာင္စုနဲ႕ အိႏၵိယႏုိင္ငံအၾကား ကုန္သြယ္ေရးဆက္ဆံမႈ တုိးျမွင့္သြားဖုိ ့ အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က တနလၤာေန ့မွာ ကတိျပဳ ေျပာဆုိခဲ့ၿပီး အေမရိကန္ ျပည္ေထာင္စုအေနနဲ႕ ေမာင္းသူမဲ့ ေလယာဥ္ေတြမွသည္ စစ္သုံးရဟတ္ယာဥ္နဲ႕ ဒုံးက်ည္စနစ္ေတြ အပါအ၀င္ အိႏၵိယကုိ ကာကြယ္ေရး လက္နက္ ပစၥည္းေတြ ေရာင္းခ်သြားဖုိ ့ျပင္ဆင္ထားေၾကာင္း ေျပာဆုိခဲ့ပါတယ္။

           ၄င္းရဲ႕ အိႏၵိယႏုိင္ငံသုိ ့ ပထမဆုံး ခရီးအျဖစ္ ဆုိက္ေရာက္လာၿပီး သိပ္မၾကာခင္ ႏုိင္ငံအေနာက္ပုိင္း ဂူဂ်ာရတ္ျပည္နယ္က ေဘာလုံးကြင္းတစ္ခုအတြင္း ႀကိဳဆုိတက္ေရာက္လာတဲ့ လူဦးေရ ၁ သိန္းေက်ာ္ကုိ မိန္႔ခြန္း ေျပာဆုိခဲ့ရာမွာ မိမိတုိ ့ဟာ အေကာင္းဆုံးနဲ႕ ေၾကာက္ရြံစရာအျဖစ္ဆုံး စစ္လက္နက္ပစၥည္းေတြ အိႏၵိယကုိ ေရာင္းခ်ေပးသြားဖုိ ့ ေမွ်ာ္မွန္းထားေၾကာင္း ထရန္႕က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ႏွစ္ႏုိင္ငံအၾကား အာကာသဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တုိးျမွင့္ဖုိ ့ ေမွ်ာ္မွန္းေၾကာင္းလည္း ထရန္ ့က ဆုိခဲ့ၿပီး ႏွစ္ဖက္စလုံး အေနနဲ႕ အံ့ၾသဖြယ္ေကာင္းေလာက္တဲ့ စီးပြားေရး သေဘာတူညီခ်က္တစ္ခု ရရွိဖုိ ့ရာ ကနဦးအဆင့္ေတြကုိ ေရာက္ေနၿပီျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

           ကုန္သြယ္ေရးဆုိင္ရာ အျငင္းပြားမႈေၾကာင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိ ရုိက္ခတ္မႈရွိေနခ်ိန္မွာ ၄င္းရဲ႕ အိႏၵိယႏုိင္ငံ ပထမဆုံး တရား၀င္ခရီးစဥ္အျဖစ္ သမၼတ ထရန္ ့အလည္အပတ္ေရာက္ရွိလာတာျဖစ္ပါတယ္။

      အိႏၵိယနဲ႕ အေမရိကန္တုိ ့ဟာ ႏုိင္ငံေရး၊ လုံးၿခဳံေရးဆုိင္ရာ ရင္းႏွီးတဲ့ ဆက္ဆံေရးေတြ တည္ေဆာက္ ထားၾကၿပီး ထရန္ ့ရဲ႕ ႏွစ္ရက္တာ ခရီးစဥ္ဟာ တရုတ္ႏုိင္ငံ စူပါပါ၀ါအျဖစ္ ထြက္ေပၚလာမႈကုိ တန္ျပန္ေရး လမ္းေၾကာင္းတစ္ခု အပါအ၀င္ ႏွစ္ႏုိင္ငံ တူညီတဲ့ အက်ဳိးစီးပြားေတြရဲ႕ အမွတ္လကၡဏာတစ္ခုျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိခဲ့ပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)    Reuters

 

Unicode Version

 

 

အိန္ဒိယကို စစ်လက်နက်ပစ္စည်း တိုးမြှင့် ရောင်းချပေးလိုဟု နှစ်ရက်တာ ခရီးစဉ်တွင် ထရန့် ပြောဆို

          အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှု တိုးမြှင့်သွားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ ကတိပြု ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ မောင်းသူမဲ့ လေယာဉ်တွေမှသည် စစ်သုံးရဟတ်ယာဉ်နဲ့ ဒုံးကျည်စနစ်တွေ အပါအဝင် အိန္ဒိယကို ကာကွယ်ရေး လက်နက် ပစ္စည်းတွေ ရောင်းချသွားဖို့ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

           ၎င်းရဲ့ အိန္ဒိယနိုင်ငံသို့ ပထမဆုံး ခရီးအဖြစ် ဆိုက်ရောက်လာပြီး သိပ်မကြာခင် နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က ဘောလုံးကွင်းတစ်ခုအတွင်း ကြိုဆိုတက်ရောက်လာတဲ့ လူဦးရေ ၁ သိန်းကျော်ကို မိန့်ခွန်း ပြောဆိုခဲ့ရာမှာ မိမိတို့ဟာ အကောင်းဆုံးနဲ့ ကြောက်ရွံစရာအဖြစ်ဆုံး စစ်လက်နက်ပစ္စည်းတွေ အိန္ဒိယကို ရောင်းချပေးသွားဖို့ မျှော်မှန်းထားကြောင်း ထရန့်က ပြောခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ မျှော်မှန်းကြောင်းလည်း ထရန့်က ဆိုခဲ့ပြီး နှစ်ဖက်စလုံး အနေနဲ့ အံ့သြဖွယ်ကောင်းလောက်တဲ့ စီးပွားရေး သဘောတူညီချက်တစ်ခု ရရှိဖို့ရာ ကနဦးအဆင့်တွေကို ရောက်နေပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

           ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ရိုက်ခတ်မှုရှိနေချိန်မှာ ၎င်းရဲ့ အိန္ဒိယနိုင်ငံ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် သမ္မတ ထရန့်အလည်အပတ်ရောက်ရှိလာတာဖြစ်ပါတယ်။

      အိန္ဒိယနဲ့ အမေရိကန်တို့ဟာ နိုင်ငံရေး၊ လုံးခြုံရေးဆိုင်ရာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက် ထားကြပြီး ထရန့်ရဲ့ နှစ်ရက်တာ ခရီးစဉ်ဟာ တရုတ်နိုင်ငံ စူပါပါဝါအဖြစ် ထွက်ပေါ်လာမှုကို တန်ပြန်ရေး လမ်းကြောင်းတစ်ခု အပါအဝင် နှစ်နိုင်ငံ တူညီတဲ့ အကျိုးစီးပွားတွေရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ 

ကိုလင်း (အကုန်သိ သတင်းဌာန)    Reuters

ံံ 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။