Skip to main content
စူပါမားကက်တစ်ခုမှာ အမျိုးသမီးတစ်ဦးရဲ့ ကက်ကြေးနဲ့ ထိုးမှုကြောင့် လူနှစ်ဦး ဒဏ်ရာရ 
Ads Block

စူပါမားကက်တစ်ခုမှာ အမျိုးသမီးတစ်ဦး အလ္လာဟူအက္ကဘာလို အော်ဟစ်ပြီး ကက်ကြေးနဲ့ ထိုးမှုကြောင့် လူနှစ်ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံတောင်ပိုင်းက စူပါမားကက်တစ်ခုမှာ အမျိုးသမီးဟာ အလ္လာဟူအက္ကဘာလို အော်ဟစ်ပြီး ကက်ကြေးတစ်လက်နဲ့  ထိုးခဲ့တာကြောင့် လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

ဇွန် ၁၇ ရက်နေ့ က လာဆေနီဆာမာမြို့ မှာရှိတဲ့ စူပါမားကက်ရဲ့  ငွေရှင်းကောင်တာနေရာက ဈေးဝယ်သူတွေကို ယင်းအမျိုးသမီးက ကက်ကြေးနဲ့ လိုက်ထိုး ခဲ့တာဖြစ်ကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဈေးဝယ်လာတဲ့ အမျိုးသားတစ်ဦးရဲ့ ဝမ်းဗိုက်ကို ကက်ကြေးနဲ့ အထိုးခံခဲ့ရသလို ငွေရှင်းကောင်တာက စာရေးမတစ်ဦးဟာလည်း အထိုးခံခဲ့ရတာဖြစ်ပြီး ၄င်းတို့ ဒဏ်ရာတွေဟာ ပြင်းထန်ခြင်းတော့ မရှိခဲ့ပါဘူး။ ကျူးလွန်သူ အမျိုးသမီးဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ကာ ပြင်သစ်နိုင်ငံဖွားဖြစ်ပြီး သူ့ကို ဖမ်းဆီးခဲ့တယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ကို စူပါမားကက်ဝန်ထမ်းတွေက မြန်မြန်ဆန်ဆန် အင်အားသုံး ထိန်းချုပ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ 

ဒဏ်ရာရ

အမျိုးသမီးဟာ တစ်ကိုယ်တော် ကျူးလွန်ခဲ့တာဖြစ်ကြောင်းနဲ့  စိတ်ကျန်းမာရေးမကောင်းတဲ့ နောက်ခံရှိသူဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဘူးလို့ တော့ ၄င်းတို့ အနေနဲ့  သုံးသပ်လို့ မရသေးဘူးလို့ လည်း ဆိုခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက ပါရီမြို့ တော်ရှိ ချာလီဟက်ဒို သရော်စာမဂ္ဂဇင်းရုံးမှာ လူများစွာကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှု ပေါ်ပေါက်ပြီးခဲ့ချိန်မှစကာ ပြင်သစ်နိုင်ငံမှာ ဂျီဟတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူ ၂၄၀ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

  • ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: Daily Mail

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။