Skip to main content
တိုင္းအစိုးရျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံမႈကို ဒဂံုၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ် ကန္႔ကြက္
Ads Block

တိုင္းအစိုးရျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံမႈကို ဒဂံုၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ် ကန္႔ကြက္

၂၀၁၉-၂၀ ဘ႑ာႏွစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံထားမႈကို ကန္႔ကြက္ေၾကာင္းႏွင့္လႊတ္ေတာ္မွျပန္လည္စဥ္းစားသင့္ေၾကာင္း ဒဂံုၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာၾကားသည္။

ေဖေဖာ္၀ါရီလ (၂၄)ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေ၀း ၁/၂၀၂၀ တတိယေန႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ျဖည့္စြက္ဘတ္ဂ်က္ ေတာင္းခံထားမႈကိုေဆြးေႏြးရာတြင္ အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။

တိုင္းအစိုးရျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံမႈကို ဒဂံုၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ် ကန္႔ကြက္

“ျဖည့္စြက္ခြင့္ျပဳေငြဆိုတာမူလေတာင္းခံထာတဲ့ေငြေၾကးမွ ေလာက္ငွမႈမရွိပါက ျပန္လည္ေတာင္းခံႏိုင္တာကို ေျပာတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဌာနဆိုင္ရာမ်ားအေနနဲ႔ အေရးေပၚလိုအပ္ရင္ေတာင္းမယ္။ မူလဘတ္ဂ်က္မွာ လိုအပ္ေနရင္ေတာင္းမယ္ဆိုတဲ့အဓိပၸါယ္ပါပဲ။ ဒါေၾကာင့္ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကအခုတင္ျပလာတဲ့ ျဖည့္စြက္ဘတ္ဂ်က္ဟာအဆိုပါအဓိပၸါယ္နဲ႕ကိ္ုက္ညီပါရဲ႕လား။ ကၽြန္ေတာ္ေျပာစရာေတာင္မလိုေတာ့ပါဘူး။ ျပည္သူ႕ေငြစာရင္းေကာ္မတီကလည္းသံုးသပ္ထားပါတယ္။ ကၽြန္ေတာ္တို႔(၄)ႏွစ္ရွိပါၿပီ။ စီမံကိန္း/ဘ႑ာေရး၀န္ႀကီးနဲ႔ မတိုင္ပင္ဘဲနဲ႔ ဌာနေတြကတင္လိုက္တဲ့သေဘာျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႔လႊတ္ေတာ္ကအတည္ျပဳထားတဲ့အတိုင္းေတာင္အစိုးရကလိ္ုက္ၿပီးအေကာင္အထည္မေဖာ္ဘူး။ ဒါပထမႏွစ္မဟုတ္ဘူး။ ၄ ႏွစ္ေျမာက္ေနၿပီ။ ဒါမျဖစ္သင့္ပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ အခုေတာင္းခံထားမႈကို ကန္႔ကြက္ပါတယ္။ လႊတ္ေတာ္အေနနဲ႔လည္းျပန္လည္စဥ္းစားသင့္ပါတယ္။”ဟုဒဂံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာသည္။

တိုင္းအစိုးရျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံမႈကို ဒဂံုၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ် ကန္႔ကြက္

တိုင္းအစိ္ုးရ၏ ျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံထားမႈမ်ားမွ လႊတ္ေတာ္၏ အေဆာင္အေယာင္ယာဥ္ျပင္စရိတ္၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ဌာနအသီးသီး၏လုပ္ငန္းမ်ားအတြက္ေတာင္းခံထားမႈမ်ားကို ျပန္လည္စဥ္းစားသံုးသပ္သင့္ေၾကာင္း သိရသည္။

တိုင္းအစိုးရအဖြဲ႕ေအာက္ရွိဌာနအသီးသီးမွလုပ္ငန္းမ်ားေဆာင္ရြက္ရန္ ဘတ္ဂ်က္လိုအပ္သည့္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိ္ုးရအဖြဲ႕မွက်ပ္ေငြ ၁၈၃ ဘီလ်ံေက်ာ္ကို ျဖည့္စြက္ဘတ္ဂ်က္အျဖစ္ေတာင္းခံထားျခင္း ျဖစ္သည္။

ယင္းသို႔ ေတာင္းခံထားေသာဌာနမ်ားတြင္ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ အမ်ားဆံုးျဖစ္ၿပီး က်ပ္သန္း ၁၅၂၉၃.၈၈၇ ေတာင္းခံထားကာ ဒုတိယအမ်ားဆံုးမွာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက က်ပ္သန္းေပါင္း ၁၃၇၆၈၃.၀၅၅ တို႔ျဖစ္သည္။

၂၀၁၉-၂၀ဘ႑ာႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏အသံုးစရိတ္ေရးဆြဲမႈအေျခအေနအရ အသံုးစရိတ္၏က်ပ္ ၅၅ ဘီလ်ံေက်ာ္လိုေငြျပေနေၾကာင္းလည္းသိရသည္။

 

 

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

တိုင်းအစိုးရဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုကို ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ ကန့်ကွက်

 

 

၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ဘတ်ဂျက်တောင်းခံထားမှုကို ကန့်ကွက်ကြောင်းနှင့်လွှတ်တော်မှပြန်လည်စဉ်းစားသင့်ကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ဖေဖော်ဝါရီလ (၂၄)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၂၀ တတိယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ဘတ်ဂျက် တောင်းခံထားမှုကိုဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“ဖြည့်စွက်ခွင့်ပြုငွေဆိုတာမူလတောင်းခံထာတဲ့ငွေကြေးမှ လောက်ငှမှုမရှိပါက ပြန်လည်တောင်းခံနိုင်တာကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာများအနေနဲ့ အရေးပေါ်လိုအပ်ရင်တောင်းမယ်။ မူလဘတ်ဂျက်မှာ လိုအပ်နေရင်တောင်းမယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအခုတင်ပြလာတဲ့ ဖြည့်စွက်ဘတ်ဂျက်ဟာအဆိုပါအဓိပ္ပါယ်နဲ့ကိုက်ညီပါရဲ့လား။ ကျွန်တော်ပြောစရာတောင်မလိုတော့ပါဘူး။ ပြည်သူ့ငွေစာရင်းကော်မတီကလည်းသုံးသပ်ထားပါတယ်။ ကျွန်တော်တို့(၄)နှစ်ရှိပါပြီ။ စီမံကိန်း/ဘဏ္ဍာရေးဝန်ကြီးနဲ့ မတိုင်ပင်ဘဲနဲ့ ဌာနတွေကတင်လိုက်တဲ့သဘောဖြစ်နေပါတယ်။ ကျွန်တော်တို့လွှတ်တော်ကအတည်ပြုထားတဲ့အတိုင်းတောင်အစိုးရကလိုက်ပြီးအကောင်အထည်မဖော်ဘူး။ ဒါပထမနှစ်မဟုတ်ဘူး။ ၄ နှစ်မြောက်နေပြီ။ ဒါမဖြစ်သင့်ပါဘူး။ ကျွန်တော့်အနေနဲ့ အခုတောင်းခံထားမှုကို ကန့်ကွက်ပါတယ်။ လွှတ်တော်အနေနဲ့လည်းပြန်လည်စဉ်းစားသင့်ပါတယ်။”ဟုဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

တိုင်းအစိုးရ၏ ဖြည့်စွက်ဘတ်ဂျက်တောင်းခံထားမှုများမှ လွှတ်တော်၏ အဆောင်အယောင်ယာဉ်ပြင်စရိတ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဌာနအသီးသီး၏လုပ်ငန်းများအတွက်တောင်းခံထားမှုများကို ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း သိရသည်။ 

တိုင်းအစိုးရအဖွဲ့အောက်ရှိဌာနအသီးသီးမှလုပ်ငန်းများဆောင်ရွက်ရန် ဘတ်ဂျက်လိုအပ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကျပ်ငွေ ၁၈၃ ဘီလျံကျော်ကို ဖြည့်စွက်ဘတ်ဂျက်အဖြစ်တောင်းခံထားခြင်း ဖြစ်သည်။

ယင်းသို့ တောင်းခံထားသောဌာနများတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများဆုံးဖြစ်ပြီး ကျပ်သန်း ၁၅၂၉၃.၈၈၇ တောင်းခံထားကာ ဒုတိယအများဆုံးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကျပ်သန်းပေါင်း ၁၃၇၆၈၃.၀၅၅ တို့ဖြစ်သည်။

၂၀၁၉-၂၀ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အသုံးစရိတ်ရေးဆွဲမှုအခြေအနေအရ အသုံးစရိတ်၏ကျပ် ၅၅ ဘီလျံကျော်လိုငွေပြနေကြောင်းလည်းသိရသည်။

 

 ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။