Skip to main content
တရားရုံးမ်ားကုိျပဳျပင္ေျပာင္းလဲရန္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ေဆာင္ရြက္ေန
Ads Block

တရားရုံးမ်ားကုိျပဳျပင္ေျပာင္းလဲရန္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ေဆာင္ရြက္ေန

 

တရားရုံးမ်ားကုိျပဳျပင္ေျပာင္းလဲရန္ ေဆာင္ရြက္ေနေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ တရားသူႀကီးဦးမ်ိဳးတင့္က ေျပာသည္။

ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၅ ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း ေဖေဖာ္၀ါရီလ ၂၄ ရက္တြင္ ယခုကဲ့သို႔ ေျပာျခင္းျဖစ္သည္။

“ကြ်န္ေတာ္တုိ႔ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အေနနဲ႔  အမႈမ်ားကုိစစ္ေဆးစီရင္ရာမွာ မူလတရားရုံးဖြဲ႔စည္းပုံ စုစုေပါင္းကေတာ့ အရာထမ္း ၊ အမႈထမ္းစုစုေပါင္း ၈၈၂၄ ဦးျဖစ္ၿပီးေတာ့  လက္ရွိခန္႔ထားတဲ့ အေရအတြက္ကေတာ့ ၅၂၈၃ ဦးျဖစ္တဲ့အတြက္ စုစုေပါင္း ၃၅၃၁ ဦးလုိအပ္လ်က္ရွိပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တုိ႔ေျပာင္းလဲလာတဲ့ႏုိင္ငံေရးစနစ္အရတရားရုံးမ်ားကုိလည္း ျပဳျပင္ေျပာင္းလဲဖုိ႔ ေဆာင္ရြက္လ်က္ရွိပါတယ္။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ဟာပထမ ၃ ႏွစ္စီမံကိန္းအျဖစ္ ၂၀၁၅-၂၀၁၇ မဟာဗ်ဴဟာစီမံကိန္းကုိ ေရးဆြဲအေကာင္အထည္ေဖာ္ၿပီးေတာ့ ယခုဒုတိယစီမံကိန္းျဖစ္တဲ့ ၂၀၁၈-၂၀၂၂ မဟာဗ်ဴဟာစီမံကိန္းကုိအေကာင္အထည္ေဖာ္လ်က္ရွိၿပီး ဒီႏွစ္ကေတာ့တတိယေျမာက္ျဖစ္ပါတယ္’’ ဟု ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ တရားသူႀကီးဦးမ်ိဳးတင့္က ေျပာသည္။

တရားရုံးမ်ားကုိျပဳျပင္ေျပာင္းလဲရန္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ေဆာင္ရြက္ေန

 

၂၀၁၈-၂၀၂၂ မဟာဗ်ဴဟာစီမံကိန္းတြင္ တရားစီရင္ေရး၏ ပညာရပ္ကြ်မ္းက်င္မႈ၊ တာ၀န္ခံႏုိင္မႈႏွင့္ ဂုဏ္သိကၡာရွိမႈတုိ႔ကုိျမွင့္တင္ေဆာင္ရြက္ျခင္း၊ တရားရုံး၀န္ထမ္းမ်ား၏က်င့္၀တ္ပုိင္းနွင့္ ပညာရပ္ပုိင္းဆုိင္ရာတုိးတက္ျမင့္မားလာေစရန္လုပ္ငန္းနယ္ပယ္မ်ားကုိ မဟာဗ်ဴဟာမ်ား ခ်မွတ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တရားရုံးမ်ားကုိျပဳျပင္ေျပာင္းလဲရန္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ေဆာင္ရြက္ေန

“ကြ်န္ေတာ္တုိ႔ ႏုိင္ငံေတာ္ရဲ႕ရရွိထားတဲ့စြမ္းအားအရင္းအျမစ္ေတြအရ အမႈမ်ားကုိမွန္မွန္နဲ႔ျမန္ျမန္ ၿပီးျပတ္စစ္ေဆးႏုိင္ဖုိ႔အတြက္ ကြ်န္ေတာ္တုိ႔ႏုိင္ငံတကာရဲ႕တရားစီရင္ေရးစနစ္ေတြကုိေလ့လာၿပီး မႈခင္းစီမံခန္႔ခြဲမႈစနစ္ကုိ တစ္ႏုိင္ငံလုံးတရားရုံးမ်ားမွာက်င့္သုံးဖုိ႔အစီအမံေတြ ခ်မွတ္ေဆာင္ရြက္လ်က္ရွိပါတယ္’’ဟု တရားသူႀကီးဦးမ်ိဳးတင့္က ထပ္မံေျပာသည္။

 

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

တရားရုံးများကိုပြုပြင်ပြောင်းလဲရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေ

 

တရားရုံးများကိုပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးဦးမျိုးတင့်က ပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

“ကျွန်တော်တို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့  အမှုများကိုစစ်ဆေးစီရင်ရာမှာ မူလတရားရုံးဖွဲ့စည်းပုံ စုစုပေါင်းကတော့ အရာထမ်း ၊ အမှုထမ်းစုစုပေါင်း ၈၈၂၄ ဦးဖြစ်ပြီးတော့  လက်ရှိခန့်ထားတဲ့ အရေအတွက်ကတော့ ၅၂၈၃ ဦးဖြစ်တဲ့အတွက် စုစုပေါင်း ၃၅၃၁ ဦးလိုအပ်လျက်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြောင်းလဲလာတဲ့နိုင်ငံရေးစနစ်အရတရားရုံးများကိုလည်း ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာပထမ ၃ နှစ်စီမံကိန်းအဖြစ် ၂၀၁၅-၂၀၁၇ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ပြီးတော့ ယခုဒုတိယစီမံကိန်းဖြစ်တဲ့ ၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်းကိုအကောင်အထည်ဖော်လျက်ရှိပြီး ဒီနှစ်ကတော့တတိယမြောက်ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးဦးမျိုးတင့်က ပြောသည်။

၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်းတွင် တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကိုမြှင့်တင်ဆောင်ရွက်ခြင်း၊ တရားရုံးဝန်ထမ်းများ၏ကျင့်ဝတ်ပိုင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာတိုးတက်မြင့်မားလာစေရန်လုပ်ငန်းနယ်ပယ်များကို မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံတော်ရဲ့ရရှိထားတဲ့စွမ်းအားအရင်းအမြစ်တွေအရ အမှုများကိုမှန်မှန်နဲ့မြန်မြန် ပြီးပြတ်စစ်ဆေးနိုင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံတကာရဲ့တရားစီရင်ရေးစနစ်တွေကိုလေ့လာပြီး မှုခင်းစီမံခန့်ခွဲမှုစနစ်ကို တစ်နိုင်ငံလုံးတရားရုံးများမှာကျင့်သုံးဖို့အစီအမံတွေ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်’’ဟု တရားသူကြီးဦးမျိုးတင့်က ထပ်မံပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။