Skip to main content
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကရင္ျပည္နယ္သို႔  ဒုတိယအႀကိမ္ သြားေရာက္မည္
Ads Block

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကရင္ျပည္နယ္သို႔  ဒုတိယအႀကိမ္ သြားေရာက္မည္

 

ကရင္ျပည္နယ္သို႔ ေဖေဖာ္ဝါရီ တတိယ ပတ္အတြင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္မည္ ျဖစ္သျဖင့္ ေဒသတြင္းၿမိဳ႕နယ္ (၄)ခုႏွင့္ သြားလာရာ လမ္းတစ္ေလွ်ာက္ ၿမိဳ႕ရြာမ်ားတြင္ ေဒသလုံၿခဳံေရး တိုးျမွင့္ေဆာင္ရြက္ေန ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေဖေဖာ္ဝါရီလ ၂၄ ရက္ႏွင့္ ၂၅ ရက္ ေန႔တို႔တြင္ ကရင္ျပည္နယ္သို႔ ဒုတိယအႀကိမ္ လာေရာက္မည္ျဖစ္ၿပီး ေကာ့ကရိတ္၊ ၾကာအင္းဆိတ္ႀကီး၊ လိႈင္ဘြဲ႔၊ ျမ၀တီ စသည့္ၿမိဳ႕မ်ားတြင္ လူထုေတြ႔ဆံုပြဲ မ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

လက္ရိွ၌ အဆိုပါ ၿမိဳ႕မ်ားတြင္ အခမ္းအနား ျပင္ဆင္ျခင္းမ်ား လုပ္ေဆာင္ေနၿပီး ျမဝတီၿမိဳ႕ႏွင့္ ေကာ့ရိတ္ၿမိဳသို႔ ေရာက္ရွိခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသားမ်ား ကိစၥ ၊ တရားမဝင္ ကာစီႏိုေလာင္းကစား႐ုံ မ်ား၊ေျမယာျပသနာမ်ား ေျဖရွင္းေပးရန္ တင္ျပတိုင္ၾကား သြား ရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း သိရသည္။

" ကရင္နယ္ျခားေစာင့္တပ္က စစ္သားေတြက ေဒသခံ အရပ္ သားေတြအေပၚမွာ အႏိုင္က်င့္တာေတြ ရွိလာေနတဲ့ ျဖစ္စဥ္ေတြ အ ေပၚမွာ တိုင္လို႔လည္းမရ၊ အေရးယူ စိစစ္တာလည္းမရွိ ျဖစ္ေနၿပီး လူထုက အားကိုးစရာမရွိ ျဖစ္ေနတယ္။ မူးယစ္ေဆးဝါးသုံးစြဲ သူေတြ ၊ဂိမ္းေလာင္းကစားလုပ္သူေတြေၾကာင့္ ခိုးမႈ၊ လူသတ္မႈ၊ လိမ္လည္မႈေတြ ေပါလာေနတယ္။ ေနာက္ၿပီး ျမဝတီ ေကာ့က ရိတ္၊ ဘားအံ ၊ လိႈင္းဘြဲ ၊ ဘုရားသုံးဆူ၊ ၾကာအင္းဆိပ္ႀကီး နယ္ဘက္ေတြမွာ လက္နက္ကိုင္အဖြဲ႔ေတြ ေျမသိမ္းယာသိမ္း ကိစၥ ေတြလည္း တင္ျပသြားမယ္။ ဒါေတြကို အေမစု လူထုေတြ႔ဆုံပြဲ လုပ္မယ့္ ျမစႏၵီကြင္းမွာ အေမေဒၚေအာင္ဆန္းစုၾကည္ ေရာက္ လာတဲ့ အခါမွာ တိုင္ၾကားေျပာဆိုခြင့္ရေအာင္ ကၽြန္ေတာ္တို႔ ေဒသခံေတြ ၊ ၿမိဳ႕ခံေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေတြ ႀကိဳးစားသြားဖို႔ စု ေပါင္းၿပီး တိုင္ပင္ဆုံးျဖတ္ထားပါတယ္" ဟု ျမဝတီၿမိဳ႕ခံ ကိုေအာင္ျမင့္က ေျပာသည္။

ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ကမ္း တစ္ေလွ်ာက္တြင္ နယ္စပ္လုံၿခဳံေရး အေျခခ်ကင္းစခန္းဝင္းမ်ားအတြင္း ကာစီႏို ေလာင္းကစား႐ုံမ်ား၊ ႏိုက္ကလပ္ႏွင့္ ေစ်းဝယ္စင္တာမ်ား ၊ တ႐ုတ္ႏိုင္ငံသား လူေနတိုက္ခန္းမ်ား၊ ေစ်းဆိုင္မ်ား၊ အြန္လိုင္းဂိမ္း ေလာင္းကစားလုပ္ငန္းမ်ား လုပ္ကိုင္ေနမႈမ်ားကို တင္ျပသြားရန္လည္း ျပင္ဆင္ေနေၾကာင္း သိရသည္။

ေစာေဘာသိုလ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

 

ကရင်ပြည်နယ်သို့ ဖေဖော်ဝါရီ တတိယ ပတ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဖြစ်သဖြင့် ဒေသတွင်းမြို့နယ် (၄)ခုနှင့် သွားလာရာ လမ်းတစ်လျှောက် မြို့ရွာများတွင် ဒေသလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက် နေ့တို့တွင် ကရင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ပြီး ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး၊ လှိုင်ဘွဲ့၊ မြဝတီ စသည့်မြို့များတွင် လူထုတွေ့ဆုံပွဲ များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ အဆိုပါ မြို့များတွင် အခမ်းအနား ပြင်ဆင်ခြင်းများ လုပ်ဆောင်နေပြီး မြဝတီမြို့နှင့် ကော့ရိတ်မြိုသို့ ရောက်ရှိချိန်တွင် တရုတ်နိုင်ငံသားများ ကိစ္စ ၊ တရားမဝင် ကာစီနိုလောင်းကစားရုံ များ၊မြေယာပြသနာများ ဖြေရှင်းပေးရန် တင်ပြတိုင်ကြား သွား ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

" ကရင်နယ်ခြားစောင့်တပ်က စစ်သားတွေက ဒေသခံ အရပ် သားတွေအပေါ်မှာ အနိုင်ကျင့်တာတွေ ရှိလာနေတဲ့ ဖြစ်စဉ်တွေ အ ပေါ်မှာ တိုင်လို့လည်းမရ၊ အရေးယူ စိစစ်တာလည်းမရှိ ဖြစ်နေပြီး လူထုက အားကိုးစရာမရှိ ဖြစ်နေတယ်။ မူးယစ်ဆေးဝါးသုံးစွဲ သူတွေ ၊ဂိမ်းလောင်းကစားလုပ်သူတွေကြောင့် ခိုးမှု၊ လူသတ်မှု၊ လိမ်လည်မှုတွေ ပေါလာနေတယ်။ နောက်ပြီး မြဝတီ ကော့က ရိတ်၊ ဘားအံ ၊ လှိုင်းဘွဲ ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး နယ်ဘက်တွေမှာ လက်နက်ကိုင်အဖွဲ့တွေ မြေသိမ်းယာသိမ်း ကိစ္စ တွေလည်း တင်ပြသွားမယ်။ ဒါတွေကို အမေစု လူထုတွေ့ဆုံပွဲ လုပ်မယ့် မြစန္ဒီကွင်းမှာ အမေဒေါ်အောင်ဆန်းစုကြည် ရောက် လာတဲ့ အခါမှာ တိုင်ကြားပြောဆိုခွင့်ရအောင် ကျွန်တော်တို့ ဒေသခံတွေ ၊ မြို့ခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ကြိုးစားသွားဖို့ စု ပေါင်းပြီး တိုင်ပင်ဆုံးဖြတ်ထားပါတယ်" ဟု မြဝတီမြို့ခံ ကိုအောင်မြင့်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်း တစ်လျှောက်တွင် နယ်စပ်လုံခြုံရေး အခြေချကင်းစခန်းဝင်းများအတွင်း ကာစီနို လောင်းကစားရုံများ၊ နိုက်ကလပ်နှင့် ဈေးဝယ်စင်တာများ ၊ တရုတ်နိုင်ငံသား လူနေတိုက်ခန်းများ၊ ဈေးဆိုင်များ၊ အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေမှုများကို တင်ပြသွားရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။

စောဘောသိုလ် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။