Skip to main content
လမ္းႀကံဳကားစီးလာသည့္မူလတန္းေက်ာင္းအုပ္ဆရာမအားရိုက္ႏွက္၍လုယက္သူ လင္မယားကိုစံုစမ္းေန
Ads Block

လမ္းႀကံဳကားစီးလာသည့္မူလတန္းေက်ာင္းအုပ္ဆရာမအားရိုက္ႏွက္၍လုယက္သူ လင္မယားကိုစံုစမ္းေန

 

လမ္းႀကံဳကားစီးလာသည့္မူလတန္းေက်ာင္းအုပ္ဆရာမအားရိုက္ႏွက္၍ လုယက္သူလင္မယားကိုဖမ္းဆီးရမိေရး စံုစမ္းေနေၾကာင္း သိရသည္။ 

ျဖစ္စဥ္မွာ မႏၱေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ၀က္ခ်ဳပ္ကုန္းေက်းရြာရွိ မူလတန္းေက်ာင္းအုပ္ဆရာမႀကီး၊ ေဒၚေအးေအးခိုင္၊ (၄၃) ႏွစ္(ေက်ာက္ပန္းေတာင္းအေနာက္ဖက္၊ ဘင္ဂြေက်း႐ြာေန) သည္ လက္ေထာက္ဆရာမအေဖာ္တစ္ဦးႏွင့္အတူ ေဖေဖာ္၀ါရီလ(၁၄)ရက္၊ ညေန ၃ နာရီေက်ာင္းဆင္းခ်ိန္တြင္ ကားလမ္းဘက္သို႔လမ္းေလွ်ာက္လာခဲ့ၾကၿပီးလမ္းႀကံဳကားတစ္စီးေပၚသို႔ လိုက္ပါသြားခဲ့ၾကေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

အဆိုပါကားေပၚတြင္ လင္မယားစံုတြဲပါရွိၿပီး အမ်ိဳးသားျဖစ္သူကေမာင္းႏွင္လာကာ အေက်ာ္ခန္႔၌ ယာဥ္ေမာင္းအမ်ိဳးသားက အမ်ိဳးသမီးႏွင့္ေျပာင္းလဲေမာင္းႏွင္ၿပီး မုန္ကမ္းေက်းရြာၿမိဳင္သာယာရပ္အေရာက္တြင္ လက္ေထာက္ဆရာမမွာဆင္းသြားခဲ့ေၾကာင္းမွတ္တမ္းအရသိရသည္။
ထို႔ေၾကာင့္ ေက်ာင္းအုပ္ဆရာမႀကီးေဒၚေအးေအးခိုင္၊ (၄၃)ႏွစ္တစ္ဦးတည္းက်န္ရစ္လိုက္ပါလာခဲ့ရာ၌ ယာဥ္ေပၚပါအမ်ိဳးသားကပစၥည္းရွာခ်င္၍ဟုအေၾကာင္းျပကာကားအေနာက္ခန္းသို႔လာ၍ ဆရာမႀကီးေဒၚေအးေအးခိုင္၏နားရင္းကိုအုပ္၍ မ်က္ႏွာကိုၾကမ္းျပင္ႏွင့္ေဆာင့္ကာႏွိပ္စက္အၾကမ္းဖက္ခဲ့ေၾကာင္ သိရသည္။

ထုိအခါ ဆရာမႀကီးက “ပစၥည္းကိုလိုခ်င္ကယူပါ” ဟူ၍မည္သို႔ပင္ေတာင္းပန္ေစကာမူလက္မခံဘဲ မတရားအၾကမ္းဖက္ႏွိပ္စက္ခဲ့သျဖင့္သတိေမ့ေျမာသြားခဲ့ရေၾကာင္းသိရသည္။
ဆရာမႀကီးသတိရလာခ်ိန္သည္ ည ၁၁ နာရီဝန္းက်င္အခ်ိန္ျဖစ္ေနၿပီးေပ်ာ္ဘြယ္ၿမိဳ ႔နယ္ရွိ သဖန္းေခ်ာင္းၾကားေတာထဲ၌ ျပစ္မႈက်ဴးလြန္သူလင္မယားကပစ္ခ်ထားခဲ့သည္ကိုသိရွိသြားသျဖင့္ နီးစပ္ရာသို႔အကူညီေတာင္းကာေဖေဖာ္၀ါရီလ ၁၇ ရက္၌ ျဖစ္စဥ္ကိုအမႈဖြင့္တိုင္ၾကားႏုိင္ခဲ့ေၾကာင္းသိရသည္။

“တိုင္ၾကားတဲ့ေန႔ရက္ကေတာ့ အခင္းျဖစ္ပြားၿပီး ၃ ရက္အၾကာျဖစ္တဲ့ ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႔မွာပါ။ ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းကိုအရင္သြားတိုင္တယ္။ အဲဒီစခန္းကေနနယ္ေျမပိုင္ျဖစ္တဲ့ လပန္ျပားနယ္ေျမစခန္းကိုလႊဲေပးခဲ့လို႔ ၾကန္႔ၾကာသြားရတာပါ။ လက္ရွိမွာေတာ့ ဆရာမရဲ႕အေျခအေနက ေကာင္းမြန္လာပါၿပီ။ ျပစ္မႈက်ဴးလြန္သူလင္မယားကိုေတာ့ စံုစမ္းေနရဆဲပါ” ဟု လပန္ျပားနယ္ေျမရဲတပ္ဖြဲ႔၀င္တစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

စစ္ဆးခ်က္အရ ဆရာမပိုင္ ေရႊဆြဲႀကိဳး/ဆြဲသီး၊ လက္စြပ္၊နားကပ္၊ေငြ ၅ ေသာင္းေက်ာ္၊ စီးပြားေရးဘဏ္ကဒ္၊ မွတ္ပုံတင္၊ ဝန္ထမ္းကဒ္၊ Vivo ဖုန္း၁လုံး၊ ေက်ာင္းသုံးစာ႐ြက္စာတမ္းမ်ားႏွင့္ ဖိနပ္တစ္ရံတို႔လုယက္ခံရေၾကာင္း စစ္ေဆးသိရွိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သည့္ ယာဥ္ေပၚပါလင္မယားကို လပန္ျပားနယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ - ၃၉၄ ျဖင့္အမႈဖြင့္ကာ ဖမ္းဆီးရမိေရးစံုစမ္းရွာေဖြေနေၾကာင္းသတင္းရရွိသည္။ 

ဒါးဇ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပံု - လင္းလင္း

 

Unicode Version

 

လမ်းကြုံကားစီးလာသည့်မူလတန်းကျောင်းအုပ်ဆရာမအားရိုက်နှက်၍ လုယက်သူလင်မယားကိုဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဝက်ချုပ်ကုန်းကျေးရွာရှိ မူလတန်းကျောင်းအုပ်ဆရာမကြီး၊ ဒေါ်အေးအေးခိုင်၊ (၄၃) နှစ်(ကျောက်ပန်းတောင်းအနောက်ဖက်၊ ဘင်ဂွကျေးရွာနေ) သည် လက်ထောက်ဆရာမအဖော်တစ်ဦးနှင့်အတူ ဖေဖော်ဝါရီလ(၁၄)ရက်၊ ညနေ ၃ နာရီကျောင်းဆင်းချိန်တွင် ကားလမ်းဘက်သို့လမ်းလျှောက်လာခဲ့ကြပြီးလမ်းကြုံကားတစ်စီးပေါ်သို့ လိုက်ပါသွားခဲ့ကြကြောင်း ရဲမှတ်တမ်းအရသိရသည်။

အဆိုပါကားပေါ်တွင် လင်မယားစုံတွဲပါရှိပြီး အမျိုးသားဖြစ်သူကမောင်းနှင်လာကာ အကျော်ခန့်၌ ယာဉ်မောင်းအမျိုးသားက အမျိုးသမီးနှင့်ပြောင်းလဲမောင်းနှင်ပြီး မုန်ကမ်းကျေးရွာမြိုင်သာယာရပ်အရောက်တွင် လက်ထောက်ဆရာမမှာဆင်းသွားခဲ့ကြောင်းမှတ်တမ်းအရသိရသည်။
ထို့ကြောင့် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးခိုင်၊ (၄၃)နှစ်တစ်ဦးတည်းကျန်ရစ်လိုက်ပါလာခဲ့ရာ၌ ယာဉ်ပေါ်ပါအမျိုးသားကပစ္စည်းရှာချင်၍ဟုအကြောင်းပြကာကားအနောက်ခန်းသို့လာ၍ ဆရာမကြီးဒေါ်အေးအေးခိုင်၏နားရင်းကိုအုပ်၍ မျက်နှာကိုကြမ်းပြင်နှင့်ဆောင့်ကာနှိပ်စက်အကြမ်းဖက်ခဲ့ကြောင် သိရသည်။

ထိုအခါ ဆရာမကြီးက “ပစ္စည်းကိုလိုချင်ကယူပါ” ဟူ၍မည်သို့ပင်တောင်းပန်စေကာမူလက်မခံဘဲ မတရားအကြမ်းဖက်နှိပ်စက်ခဲ့သဖြင့်သတိမေ့မြောသွားခဲ့ရကြောင်းသိရသည်။
ဆရာမကြီးသတိရလာချိန်သည် ည ၁၁ နာရီဝန်းကျင်အချိန်ဖြစ်နေပြီးပျော်ဘွယ်မြို့နယ်ရှိ သဖန်းချောင်းကြားတောထဲ၌ ပြစ်မှုကျူးလွန်သူလင်မယားကပစ်ချထားခဲ့သည်ကိုသိရှိသွားသဖြင့် နီးစပ်ရာသို့အကူညီတောင်းကာဖေဖော်ဝါရီလ ၁၇ ရက်၌ ဖြစ်စဉ်ကိုအမှုဖွင့်တိုင်ကြားနိုင်ခဲ့ကြောင်းသိရသည်။

“တိုင်ကြားတဲ့နေ့ရက်ကတော့ အခင်းဖြစ်ပွားပြီး ၃ ရက်အကြာဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပါ။ ကျောက်ပန်းတောင်းမြို့မရဲစခန်းကိုအရင်သွားတိုင်တယ်။ အဲဒီစခန်းကနေနယ်မြေပိုင်ဖြစ်တဲ့ လပန်ပြားနယ်မြေစခန်းကိုလွှဲပေးခဲ့လို့ ကြန့်ကြာသွားရတာပါ။ လက်ရှိမှာတော့ ဆရာမရဲ့အခြေအနေက ကောင်းမွန်လာပါပြီ။ ပြစ်မှုကျူးလွန်သူလင်မယားကိုတော့ စုံစမ်းနေရဆဲပါ” ဟု လပန်ပြားနယ်မြေရဲတပ်ဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

စစ်ဆးချက်အရ ဆရာမပိုင် ရွှေဆွဲကြိုး/ဆွဲသီး၊ လက်စွပ်၊နားကပ်၊ငွေ ၅ သောင်းကျော်၊ စီးပွားရေးဘဏ်ကဒ်၊ မှတ်ပုံတင်၊ ဝန်ထမ်းကဒ်၊ Vivo ဖုန်း၁လုံး၊ ကျောင်းသုံးစာရွက်စာတမ်းများနှင့် ဖိနပ်တစ်ရံတို့လုယက်ခံရကြောင်း စစ်ဆေးသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် ယာဉ်ပေါ်ပါလင်မယားကို လပန်ပြားနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ - ၃၉၄ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးစုံစမ်းရှာဖွေနေကြောင်းသတင်းရရှိသည်။ 

ဒါးဇ ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - လင်းလင်း

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။