Skip to main content
ဂ်ပန္ႏိုင္ငံမွာ ေဆးရံုတစ္ရုံမွ ႏွာေခါင္းစည္း ၆၀၀၀ ခိုးယူခံရမႈျဖစ္ပြား
Ads Block

ဂ်ပန္ႏိုင္ငံမွာ ေဆးရံုတစ္ရုံမွ ႏွာေခါင္းစည္း ၆၀၀၀ ခိုးယူခံရမႈျဖစ္ပြား

 

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈေၾကာင့္ ႏွာေခါင္းစည္း ျပတ္လပ္မႈ၊  အြန္လိုင္းမွာ ႏွာေခါင္းစည္း ေစ်းႏႈန္မ်ား ေခါင္ခိုက္ျမင့္မားေနမႈနဲ႔ ရင္ဆိုင္ေနရတဲ့ ဂ်ပန္ႏုိင္ငံမွာ ေဆးရံုတစ္ရံုမွ ႏွာေခါင္းစည္း ၆၀၀၀ ခိုးယူ ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ 

ႏိုင္ငံ အေနာက္ပုိင္း သေဘၤာဆိပ္ၿမိဳ႕ ကုိေဘးမွ ဂ်ပန္ၾကက္ေျခနီ ေဆးရံုမွာ ေသာ့ခတ္သိုေလွာင္ ထားတဲ့ ေဆးရံုသံုး ႏွာေခါင္းစြပ္ ေသတၱာ ၄ လံုး ခိုးယူခံရေၾကာင္း ေဆးရံုမွ တာ၀န္ရွိသူတစ္ဦးက အဂၤါေန႔ (ေဖေဖာ္၀ါရီ ၁၇ ရက္) မွာ ေျပာခဲ့ပါတယ္။ “ေဆးရံုမွာ ေန႔စဥ္သံုးဖို႔ ႏွာေခါင္းစြပ္ အလံုအေလာက္ ရွိေသးေပမယ့္ ဒီျဖစ္ရပ္က တကယ္ကို စိတ္မေကာင္းစရာပဲ”လို႔ ယင္း တာ၀န္ရွိသူက AFP သတင္းဌာနကို ေျပာၾကား ခဲ့ပါတယ္။ 

ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ သူခိုးမ်ားဟာ ေဆးရံုသံုး ႏွာေခါင္းစြပ္ေတြကို ျပန္လည္ ေရာင္းခ်ဖို႔ ခိုးယူခဲ့ျခင္း ျဖစ္မယ္လို႔ သံသယရွိခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံမွ ဗိုင္းရပ္စ္ ကူးစက္ခံရသူဦးေရ တိုးလာတာ နဲ႔အမွ် ေဆးဆိုင္ေတြနဲ႔ ေစ်းဆိုင္ေတြမွာ ေဆးရံုသံုး ႏွာေခါင္းစည္းမ်ား ေရာင္းကုန္ၿပီး ျပတ္လပ္သြားခဲ့ပါတယ္။ 

ေဆးရံုသံုး ႏွာေခါင္းစည္း ထုတ္လုပ္မႈ တိုးျမွင့္ရန္ ႏွာေခါင္းစည္း ထုတ္လုပ္သူေတြကို ဂ်ပန္အစုိးရက အေလးအနက္ ေတာင္းဆိုခဲ့ပါတယ္။

 ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref :  channelnewsasia 

 

Unicode Version 

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် နှာခေါင်းစည်း ပြတ်လပ်မှု၊  အွန်လိုင်းမှာ နှာခေါင်းစည်း ဈေးနှုန်များ ခေါင်ခိုက်မြင့်မားနေမှုနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ ဆေးရုံတစ်ရုံမှ နှာခေါင်းစည်း ၆၀၀၀ ခိုးယူ ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

နိုင်ငံ အနောက်ပိုင်း သင်္ဘောဆိပ်မြို့ ကိုဘေးမှ ဂျပန်ကြက်ခြေနီ ဆေးရုံမှာ သော့ခတ်သိုလှောင် ထားတဲ့ ဆေးရုံသုံး နှာခေါင်းစွပ် သေတ္တာ ၄ လုံး ခိုးယူခံရကြောင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ “ဆေးရုံမှာ နေ့စဉ်သုံးဖို့ နှာခေါင်းစွပ် အလုံအလောက် ရှိသေးပေမယ့် ဒီဖြစ်ရပ်က တကယ်ကို စိတ်မကောင်းစရာပဲ”လို့ ယင်း တာဝန်ရှိသူက AFP သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သူခိုးများဟာ ဆေးရုံသုံး နှာခေါင်းစွပ်တွေကို ပြန်လည် ရောင်းချဖို့ ခိုးယူခဲ့ခြင်း ဖြစ်မယ်လို့ သံသယရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ တိုးလာတာ နဲ့အမျှ ဆေးဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ ဆေးရုံသုံး နှာခေါင်းစည်းများ ရောင်းကုန်ပြီး ပြတ်လပ်သွားခဲ့ပါတယ်။ 

ဆေးရုံသုံး နှာခေါင်းစည်း ထုတ်လုပ်မှု တိုးမြှင့်ရန် နှာခေါင်းစည်း ထုတ်လုပ်သူတွေကို ဂျပန်အစိုးရက အလေးအနက် တောင်းဆိုခဲ့ပါတယ်။

ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref :  channelnewsasia 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။