Skip to main content
သန္လ်င္တံတားအမွတ္(၁) ျပန္လည္အသံုးျပဳရန္သင့္/မသင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ ခြင့္ျပဳမိန္႔ေတာင္းခံမည္
Ads Block

သန္လ်င္တံတားအမွတ္(၁) ျပန္လည္အသံုးျပဳရန္သင့္/မသင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ ခြင့္ျပဳမိန္႔ေတာင္းခံမည္

သန္လ်င္တံတားအမွတ္(၁) ျပန္လည္အသံုးျပဳရန္သင့္/မသင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ ခြင့္ျပဳမိန္႔ေတာင္းခံမည္

 

သန္လ်င္တံတားအမွတ္ (၃) တည္ေဆာက္ၿပီးစီးပါက တံတားအမွတ္(၁)ကို ျပန္လည္အသံုးျပဳရန္ သင့္/သင့္မသင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ ခြင့္ျပဳမိန္႔ေတာင္းခံမည္ျဖစ္ေၾကာင္း PMU Group မွ စီမံကိန္းဒါရိုက္တာ ဦးေဌးဦးက ေျပာသည္။

သန္လ်င္တံတားအမွတ္(၁) ျပန္လည္အသံုးျပဳရန္သင့္/မသင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ ခြင့္ျပဳမိန္႔ေတာင္းခံမည္

သန္လ်င္တံတားအမွတ္ (၁) ၏ခံႏိုင္ဝန္အားမွာ အားနည္းေနသည့္အတြက္ ယင္းတံတားႏွင့္ ေဘးခ်င္းကပ္လ်က္ တံတားအမွတ္ (၃) ကိုေဆာင္ရြက္ေနျခင္းျဖစ္ကာလက္ရွိတြင္ သန္လ်င္တံတားအမွတ္ (၃) တည္ေဆာက္မႈ ၁၅ ရာခိုင္ႏႈန္းၿပီးစီးေနၿပီး ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလတြင္ ေရလယ္တိုင္၊ ဘိုးတိုင္မ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ အခုကုန္းေပၚကဘိုးပိုင္ေတြေတာ့ စိုက္ၿပီးၿပီ။ ေရလည္တိုင္ကဘိုးပိုင္ကေတာ့ ဒီလကုန္ေလာက္မွာ ေဆာင္ရြက္မယ္။ တံတားအသစ္ၿပီးသြားလို႔ရွိရင္ေတာ့ တံတားအေဟာင္းကို ျပန္ၿပီးေတာ့သံုးသင့္/မသံုးသင့္က ေဆာက္လုပ္ေရးဝန္ႀကီးဌာနကို ခြင့္ျပဳခ်က္ေတာင္းရဦးမယ္”ဟု PMU Group မွ စီမံကိန္းဒါရိုက္တာ ဦးေဌးဦးက ေျပာသည္။

သန္လ်င္တံတားအမွတ္(၁) ျပန္လည္အသံုးျပဳရန္သင့္/မသင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ ခြင့္ျပဳမိန္႔ေတာင္းခံမည္

အဆိုပါတံတားတည္ေဆာက္ေရးကာလကို ၂၀၁၉ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ ခန္႔မွန္းထားၿပီး ယာဥ္တစ္စီးခ်င္း ခံႏိုင္ဝန္ကို ၇၅ တန္သတ္မွတ္ထားကာ တံတား၏သက္တမ္းကိုေတာ့ ဂ်ပန္ကန္ထရိုက္တာႏွင့္ တြက္ခ်က္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သန္လ်င္တံတားအမွတ္(၃) သည္ ၄၄၈ မီတာရွည္ေသာ ႀကိဳးဆိုင္းတံတား၊ ၁၀၃၃ မီတာရွည္ေသာ သံေဘာင္ယက္မတံတားႏွင့္ ၅၅၀ မီတာရွည္ေသာ PC ယက္မတံတား စသည့္ အဓိကအစိတ္အပိုင္း သံုးခုပါဝင္ၿပီး တံတားအစိတ္အပိုင္းအားလံုး၏ စုစုေပါင္းအရွည္မွာ ၂၀၃၁ မီတာရွည္လ်ားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ တံတားတစ္ခုလံုး၏ကုန္က်စရိတ္ အေမရိကန္ေဒၚလာ သန္း ၂၉၀ ကုန္က်မည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

သန်လျင်တံတားအမှတ်(၁) ပြန်လည်အသုံးပြုရန်သင့်/မသင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ခွင့်ပြုမိန့်တောင်းခံမည်

 

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ပြီးစီးပါက တံတားအမှတ်(၁)ကို ပြန်လည်အသုံးပြုရန် သင့်/သင့်မသင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ခွင့်ပြုမိန့်တောင်းခံမည်ဖြစ်ကြောင်း PMU Group မှ စီမံကိန်းဒါရိုက်တာ ဦးဌေးဦးက ပြောသည်။

သန်လျင်တံတားအမှတ် (၁) ၏ခံနိုင်ဝန်အားမှာ အားနည်းနေသည့်အတွက် ယင်းတံတားနှင့် ဘေးချင်းကပ်လျက် တံတားအမှတ် (၃) ကိုဆောင်ရွက်နေခြင်းဖြစ်ကာလက်ရှိတွင် သန်လျင်တံတားအမှတ် (၃) တည်ဆောက်မှု ၁၅ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ရေလယ်တိုင်၊ ဘိုးတိုင်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ အခုကုန်းပေါ်ကဘိုးပိုင်တွေတော့ စိုက်ပြီးပြီ။ ရေလည်တိုင်ကဘိုးပိုင်ကတော့ ဒီလကုန်လောက်မှာ ဆောင်ရွက်မယ်။ တံတားအသစ်ပြီးသွားလို့ရှိရင်တော့ တံတားအဟောင်းကို ပြန်ပြီးတော့သုံးသင့်/မသုံးသင့်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းရဦးမယ်”ဟု PMU Group မှ စီမံကိန်းဒါရိုက်တာ ဦးဌေးဦးက ပြောသည်။

အဆိုပါတံတားတည်ဆောက်ရေးကာလကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ခန့်မှန်းထားပြီး ယာဉ်တစ်စီးချင်း ခံနိုင်ဝန်ကို ၇၅ တန်သတ်မှတ်ထားကာ တံတား၏သက်တမ်းကိုတော့ ဂျပန်ကန်ထရိုက်တာနှင့် တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်တံတားအမှတ်(၃) သည် ၄၄၈ မီတာရှည်သော ကြိုးဆိုင်းတံတား၊ ၁၀၃၃ မီတာရှည်သော သံဘောင်ယက်မတံတားနှင့် ၅၅၀ မီတာရှည်သော PC ယက်မတံတား စသည့် အဓိကအစိတ်အပိုင်း သုံးခုပါဝင်ပြီး တံတားအစိတ်အပိုင်းအားလုံး၏ စုစုပေါင်းအရှည်မှာ ၂၀၃၁ မီတာရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တံတားတစ်ခုလုံး၏ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။