Skip to main content
vg
Ads Block

ဇလုံေတာင္သို႔ တစ္နွစ္လွ်င္ ခရီးသြား ငါးသိန္းလာေရာက္ရန္ ေမွ်ာ္မွန္းထားေၾကာင္း စစ္ကိုင္းတိုင္း၀န္ႀကီးခ်ဳပ္ေျပာ

စစ္ကုိင္းတုိင္းေဒသႀကီး၊ ဗန္းေမာက္ ဇလုံေတာင္သို႔ တစ္နွစ္လွ်င္ ခရီးသြားဦးေရ ငါးသိန္းလာေရာက္ရန္ ေပမွ်ာ္မွန္းထားေၾကာင္း စစ္ကုိင္းတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္က ေျပာသည္။

စစ္ကုိင္းတုိင္းေဒသႀကီး ဗန္းေမာက္ၿမဳိ႕တြင္ ဒီဇင္ဘာ ၁၇ ရက္က က်င္းပသည့္ မ႑ဳိင္ႀကီး ၃ ရပ္နွင့္ ေဒသခံမ်ား ေတြ႔ဆုံပြဲတြင္ စစ္ကုိင္းတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

aeg

“အခုလာတဲ့ သူတုိင္းဘယ္လုိေျပာလဲ။ ဗန္းေမာက္နဲ႔ ဇလုံေတာင္ ဘယ္လုိသြားမလဲ။ တခ်ိဳ႕ကမသိေတာ့ လမ္းပန္းဆက္သြယ္ ေရးေရာ၊ နယ္ေျမေရာ ေအးခ်မ္းရဲ႕လား။ ေအးခ်မ္းတယ္။ တာ၀န္ယူတယ္သြားပါ။ ႏုိင္ငံျခားသားဆုိ ကြ်န္ေတာ္ၾကပ္မတ္ၿပီးေတာ့ လုပ္ေပးေနတယ္။ လူတုိင္းက ေျပာေနေတာ့ ကြ်န္ေတာ္၀မ္းသာလုိက္တာ။ ဗန္းေမာက္ - ဇလုံေတာင္ ဟုိးဖက္ ဧရာ၀တီတုိင္း၊ ကရင္ျပည္နယ္ကအစ လာဖုိ႔လုပ္ေနၾကၿပီ။ အခုဆုိ တစ္ႏွစ္ကုိ ျပည္တြင္း ခရီးသြား ငါးသိန္းလာမယ္လုိ႔ မွန္းထားတာ။ ေရွ႕နွစ္ ဒီထက္လာဦးမွာ။ ေႏြ၊ မုိးေဆာင္း၊ ရာသီမျပတ္သြားႏုိင္ေအာင္ ကြ်န္ေတာ္ ႀကဳိးစားဦးမွာ။ ဒီဇလုံေတာင္ အရပ္ကုိ မြန္ျပည္နယ္မွာ က်ိဳက္ထီးရုိး။စစ္ကုိင္းတုိင္းမွာ ဇလုံေတာင္ျဖစ္ရမယ္ဆုိၿပီး လုပ္ခဲ့တာပါ”ဟု ၀န္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္ ေျပာသည္။

dg

ဇလုံေတာင္သည္ ဗန္းေမာက္ၿမဳိ႕ အေနာက္ေျမာက္ဖက္တြင္ရွိေသာ ေက်ာက္ေတာင္တစ္လုံးျဖစ္ၿပီး ေက်ာက္ေတာင္၏ တည္ရွိ ေနပုံ ဆန္းၾကယ္မႈႏွင့္ တည္ထားေသာ ဘုရားတုိ႔ေၾကာင့္ ထင္ရွားၿပီး ခရီးသြားမ်ားစိတ္၀င္စားသည့္ ေတာင္တစ္ေတာင္ ျဖစ္ သည္။

“ မွန္တံတားေတာင္ လုပ္ဖုိ႔ ကြ်န္ေတာ္တုိ႔ႀကံစည္ေနတာ။ အဲဒီအတြက္ ကြ်န္ေတာ္တုိ႔အမ်ားႀကီး ၊အမ်ားႀကီး လုပ္စရာရွိ ေသး တယ္။ ကြ်န္ေတာ့္လက္ထက္မွာ ခရီးသြားလုပ္ငန္းဖြံၿဖဳိးတုိးတက္ေအာင္ လုပ္ႏုိင္ခဲ့တာ ဇလုံေတာင္ပါတယ္။ ေနာက္ခရီးစဥ္ေတြနဲ႔ ဒီကုိစိတ္၀င္စားေအာင္လုပ္ေပးေနတာပါ။ မႏၱေလးတုိင္းမွာက ပုဂံ-ေညာင္ဦး ရွိတယ္။ ကြ်န္ေတာ္တုိ႔တုိင္းမွာ ဒါေလးတစ္ခုရွိရင္ တုိင္းေဒသႀကီးေတြနဲ႔ ခ်ိတ္လုပ္ႏုိင္မွာပါ။ ဒါေၾကာင့္ အခုနေျပာသလုိ ဒါေလးကုိ သန္းေပါင္း နွစ္ေသာင္းေက်ာ္ ဒါေလးကို တုိး တက္ခ်င္လုိ႔ ထည့္ေပးသားၿပီးပဲဟာ” ဟု ေဒါက္တာျမင့္ႏုိင္က ေျပာသည္။

 

မင္းသီဟန္(အကုန္သိသတင္းဌာန)

 Unicode Version

 

ဇလုံတောင်သို့ တစ်နှစ်လျှင် ခရီးသွား ငါးသိန်းလာရောက်ရန် မျှော်မှန်းထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက် ဇလုံတောင်သို့ တစ်နှစ်လျှင် ခရီးသွားဦးရေ ငါးသိန်းလာရောက်ရန် ပေမျှာ်မှန်းထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် မဏ္ဍိုင်ကြီး ၃ ရပ်နှင့် ဒေသခံများ တွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုလာတဲ့ သူတိုင်းဘယ်လိုပြောလဲ။ ဗန်းမောက်နဲ့ ဇလုံတောင် ဘယ်လိုသွားမလဲ။ တချို့ကမသိတော့ လမ်းပန်းဆက်သွယ် ရေးရော၊ နယ်မြေရော အေးချမ်းရဲ့လား။ အေးချမ်းတယ်။ တာဝန်ယူတယ်သွားပါ။ နိုင်ငံခြားသားဆို ကျွန်တော်ကြပ်မတ်ပြီးတော့ လုပ်ပေးနေတယ်။ လူတိုင်းက ပြောနေတော့ ကျွန်တော်ဝမ်းသာလိုက်တာ။ ဗန်းမောက် - ဇလုံတောင် ဟိုးဖက် ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်ကအစ လာဖို့လုပ်နေကြပြီ။ အခုဆို တစ်နှစ်ကို ပြည်တွင်း ခရီးသွား ငါးသိန်းလာမယ်လို့ မှန်းထားတာ။ ရှေ့နှစ် ဒီထက်လာဦးမှာ။ နွေ၊ မိုးဆောင်း၊ ရာသီမပြတ်သွားနိုင်အောင် ကျွန်တော် ကြိုးစားဦးမှာ။ ဒီဇလုံတောင် အရပ်ကို မွန်ပြည်နယ်မှာ ကျိုက်ထီးရိုး။စစ်ကိုင်းတိုင်းမှာ ဇလုံတောင်ဖြစ်ရမယ်ဆိုပြီး လုပ်ခဲ့တာပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြောသည်။

ဇလုံတောင်သည် ဗန်းမောက်မြို့ အနောက်မြောက်ဖက်တွင်ရှိသော ကျောက်တောင်တစ်လုံးဖြစ်ပြီး ကျောက်တောင်၏ တည်ရှိ နေပုံ ဆန်းကြယ်မှုနှင့် တည်ထားသော ဘုရားတို့ကြောင့် ထင်ရှားပြီး ခရီးသွားများစိတ်ဝင်စားသည့် တောင်တစ်တောင် ဖြစ် သည်။

“ မှန်တံတားတောင် လုပ်ဖို့ ကျွန်တော်တို့ကြံစည်နေတာ။ အဲဒီအတွက် ကျွန်တော်တို့အများကြီး ၊အများကြီး လုပ်စရာရှိ သေး တယ်။ ကျွန်တော့်လက်ထက်မှာ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့တာ ဇလုံတောင်ပါတယ်။ နောက်ခရီးစဉ်တွေနဲ့ ဒီကိုစိတ်ဝင်စားအောင်လုပ်ပေးနေတာပါ။ မန္တလေးတိုင်းမှာက ပုဂံ-ညောင်ဦး ရှိတယ်။ ကျွန်တော်တို့တိုင်းမှာ ဒါလေးတစ်ခုရှိရင် တိုင်းဒေသကြီးတွေနဲ့ ချိတ်လုပ်နိုင်မှာပါ။ ဒါကြောင့် အခုနပြောသလို ဒါလေးကို သန်းပေါင်း နှစ်သောင်းကျော် ဒါလေးကို တိုး တက်ချင်လို့ ထည့်ပေးသားပြီးပဲဟာ” ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။