Skip to main content
မူဆယ္
Ads Block

ပို႔/ဆက္ဝန္ႀကီးဌာန၏ခြင့္ျပဳခ်က္ရရွိပါက မူဆယ္ေလယာဥ္ကြင္းသစ္ေဖာက္လုပ္ရန္ တင္ဒါေခၚယူမည္

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ခြင့္ျပဳခ်က္ရရွိပါက မူဆယ္ၿမိဳ႕တြင္ ေလယာဥ္ကြင္းသစ္ေဖာက္လုပ္ရန္ တင္ဒါေခၚယူမည္ျဖစ္ေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

မူဆယ္တြင္ ေလယာဥ္ကြင္းအသစ္ေဖာက္လုပ္ရန္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္တြင္ Expression of Interesting (EOI) ေခၚယူထားၿပီး ယင္းတြင္ ကုမၸဏီ ၆ ခုေရြးခ်ယ္ထားကာ လက္ရွိတြင္ ေျမျပင္ကြင္းဆင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီး ဝန္ႀကီးဌာနသို႔တင္ျပထားေၾကာင္း သိရသည္။

“ဝန္ႀကီးဌာနကိုေတာ့တင္ျပထားတယ္။ အစိုးရအေနနဲ႔လည္း ဒီေလယာဥ္ကြင္းေတြကိုတည္ေဆာက္ဖို႔အတြက္ ညႊန္ၾကားထားၿပီးသားပါ။ မူဆယ္ဘက္ကေလယာဥ္ကြင္းလုပ္မယ္ဆိုရင္ ေျမေနရာကအစ ေသခ်ာကြင္းဆင္း ေလ့လာဖို႔လိုအပ္တယ္။ ဒီစီမံကိန္းက ၾကာဦးမယ္လို႔ထင္တယ္။ ေလဆိပ္၃ ခုအဆင့္ျမွင့္တင္ၿပီးမွ ဒီစီမံကိန္းစမယ္။ ဝန္ႀကီးဌာနမွာေတာ့ ခြင့္ျပဳခ်က္ေတာင္းထားတယ္။ မက်ေသးဘူး”ဟု ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျပည္တြင္းေလယာဥ္ကြင္းအျဖစ္ေဖာ္ေဆာင္ရန္ မူဆယ္ႏွင့္ ေျမာက္ဦးတို႔ကိုေရြးခ်ယ္ထားၿပီး ေျမာက္ဦးေလဆိပ္စီမံကိန္းကမူ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ အစိုးရမွရပ္ဆိုင္းထားေၾကာင္း သိရသည္။

လက္ရွိတြင္ ဟဲဟိုး၊ ေကာ့ေသာင္းႏွင့္ေမာ္လၿမိဳင္ေလဆိပ္တို႔ကို ႏိုင္ငံတကာအဆင့္အဆင့္ျမွင့္တင္ရန္ တင္ဒါေခၚယူထားေၾကာင္းလည္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

ပို့/ဆက်ဝန်ကြီးဌာန၏ခွင့်ပြုချက်ရရှိပါက မူဆယ်လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် တင်ဒါခေါ်ယူမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပါက မူဆယ်မြို့တွင် လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မူဆယ်တွင် လေယာဉ်ကွင်းအသစ်ဖောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် Expression of Interesting (EOI) ခေါ်ယူထားပြီး ယင်းတွင် ကုမ္ပဏီ ၆ ခုရွေးချယ်ထားကာ လက်ရှိတွင် မြေပြင်ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ဝန်ကြီးဌာနသို့တင်ပြထားကြောင်း သိရသည်။

“ဝန်ကြီးဌာနကိုတော့တင်ပြထားတယ်။ အစိုးရအနေနဲ့လည်း ဒီလေယာဉ်ကွင်းတွေကိုတည်ဆောက်ဖို့အတွက် ညွှန်ကြားထားပြီးသားပါ။ မူဆယ်ဘက်ကလေယာဉ်ကွင်းလုပ်မယ်ဆိုရင် မြေနေရာကအစ သေချာကွင်းဆင်း လေ့လာဖို့လိုအပ်တယ်။ ဒီစီမံကိန်းက ကြာဦးမယ်လို့ထင်တယ်။ လေဆိပ်၃ ခုအဆင့်မြှင့်တင်ပြီးမှ ဒီစီမံကိန်းစမယ်။ ဝန်ကြီးဌာနမှာတော့ ခွင့်ပြုချက်တောင်းထားတယ်။ မကျသေးဘူး”ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းလေယာဉ်ကွင်းအဖြစ်ဖော်ဆောင်ရန် မူဆယ်နှင့် မြောက်ဦးတို့ကိုရွေးချယ်ထားပြီး မြောက်ဦးလေဆိပ်စီမံကိန်းကမူ နိုင်ငံရေးပဋိပက္ခများကြောင့် အစိုးရမှရပ်ဆိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် ဟဲဟိုး၊ ကော့သောင်းနှင့်မော်လမြိုင်လေဆိပ်တို့ကို နိုင်ငံတကာအဆင့်အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူထားကြောင်းလည်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။