Skip to main content
ဆြဲြႀကိဳးလု
Ads Block

၁၅ ႏွစ္သမီး၏ျခင္ေထာင္ထဲအထိ ၀င္ေရာက္ကာဓားေထာက္ဆြဲႀကိဳးျဖဳတ္ယူမႈ ျမ၀တီၿမိဳ႕၌ ျဖစ္ပြား

နံနက္မိုးလင္းခါနီးေနအိမ္ျခင္ေထာင္အထိက်ဴးေက်ာ္၀င္ေရာက္ကာ ဓားေထာက္ၿခိမ္းေျခာက္ၿပီးဆြဲႀကိဳးလုယက္သြားသည့္ျဖစ္စဥ္တစ္ခု ျမ၀တီၿမိဳ႕တြင္ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕အမွတ္(၃)ရပ္ကြက္၊ စစ္မႈထမ္းေဟာင္း၌မိသားစုမ်ားႏွင့္ေနထိုင္သူ အသက္ ၁၅ ႏွစ္အရြယ္မ၀င္းပပေက်ာ္သည္ အိပ္ယာ၌ရွိေနစဥ္ ဒီဇင္ဘာလ ၁၅ ရက္၊ နံနက္ ၄ နာရီခြဲတြင္အိမ္နီးခ်င္းဦးေ၀လင္းဆိုသူသည္ သူမ၏ျခင္ေထာင္အတြင္းသို႔၀င္ေရာက္ၿပီး ဓားျဖင့္ေထာက္၍ဆြဲႀကိဳးလုယက္ထြက္ေျပးသြားခဲ့ေၾကာင္း တိုင္ၾကားခ်က္အရသိရသည္။

အခင္းျဖစ္စဥ္၌ မိဘႏွစ္ပါးမွာအမွတ္(၃)ရပ္ကြက္၊ ႀကံခင္းေဈးသို႔ ေဈးေရာင္းသြားေနခ်ိန္ျဖစ္သည့္အတြက္ ကာယကံရွင္မ၀င္းပပေက်ာ္(၁၅)ႏွစ္သည္ ၇ ႏွစ္အရြယ္ေမာင္ေလးႏွင့္အတူ ျခင္ေထာင္တစ္လံုးစီျဖင့္ ေနအိမ္တြင္အိပ္ေပ်ာ္က်န္ရစ္ေနခ်ိန္၌ တန္ဖိုး ၅၄၅,၀၀၀ က်ပ္႐ွိ ၅မူးသား ေရႊဆြဲႀကိဳးကို ယခုလိုၿခိမ္းေျခာက္လုယက္မႈကိုခံရျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။

တိုင္ၾကားခ်က္အရ ရဲတပ္ဖြဲ႔က ျပစ္မႈက်ဴးလြန္သူကိုအိမ္နီးခ်င္းေ၀လင္း(၃၅)ႏွစ္ကိုသက္ေသခံေရႊဆြဲႀကိဳးႏွင့္အတူခ်က္ခ်င္းဖမ္းဆီးရမိခဲ့သျဖင့္ (ပ)၁၃၄၆/၂၀၁၉ ၊ ရာဇသတ္ႀကီး ပုဒ္မ-၄၅၆/၃၈၂ (က်ဴးေက်ာ္မႈ၊ အႏၱရာယ္ျပဳလုယက္မႈ)ျမ၀တီၿမိဳ႕မရဲစခန္း၌  အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

 

ကိုကိုႀကီး(ျမ၀တီ)အကုန္သိသတင္းဌာန

 

Unicode Version

 

 

၁၅ နှစ်သမီး၏ခြင်ထောင်ထဲအထိ ဝင်ရောက်ကာဓားထောက်ဆွဲကြိုးဖြုတ်ယူမှု မြဝတီမြို့၌ ဖြစ်ပွား

နံနက်မိုးလင်းခါနီးနေအိမ်ခြင်ထောင်အထိကျူးကျော်ဝင်ရောက်ကာ ဓားထောက်ခြိမ်းခြောက်ပြီးဆွဲကြိုးလုယက်သွားသည့်ဖြစ်စဉ်တစ်ခု မြဝတီမြို့တွင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ျမ၀တီ

ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ်(၃)ရပ်ကွက်၊ စစ်မှုထမ်းဟောင်း၌မိသားစုများနှင့်နေထိုင်သူ အသက် ၁၅ နှစ်အရွယ်မဝင်းပပကျော်သည် အိပ်ယာ၌ရှိနေစဉ် ဒီဇင်ဘာလ ၁၅ ရက်၊ နံနက် ၄ နာရီခွဲတွင်အိမ်နီးချင်းဦးဝေလင်းဆိုသူသည် သူမ၏ခြင်ထောင်အတွင်းသို့ဝင်ရောက်ပြီး ဓားဖြင့်ထောက်၍ဆွဲကြိုးလုယက်ထွက်ပြေးသွားခဲ့ကြောင်း တိုင်ကြားချက်အရသိရသည်။

ဆြဲြႀကိဳးလုယက္

အခင်းဖြစ်စဉ်၌ မိဘနှစ်ပါးမှာအမှတ်(၃)ရပ်ကွက်၊ ကြံခင်းဈေးသို့ ဈေးရောင်းသွားနေချိန်ဖြစ်သည့်အတွက် ကာယကံရှင်မဝင်းပပကျော်(၁၅)နှစ်သည် ၇ နှစ်အရွယ်မောင်လေးနှင့်အတူ ခြင်ထောင်တစ်လုံးစီဖြင့် နေအိမ်တွင်အိပ်ပျော်ကျန်ရစ်နေချိန်၌ တန်ဖိုး ၅၄၅,၀၀၀ ကျပ်ရှိ ၅မူးသား ရွှေဆွဲကြိုးကို ယခုလိုခြိမ်းခြောက်လုယက်မှုကိုခံရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကိုအိမ်နီးချင်းဝေလင်း(၃၅)နှစ်ကိုသက်သေခံရွှေဆွဲကြိုးနှင့်အတူချက်ချင်းဖမ်းဆီးရမိခဲ့သဖြင့် (ပ)၁၃၄၆/၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ-၄၅၆/၃၈၂ (ကျူးကျော်မှု၊ အန္တရာယ်ပြုလုယက်မှု)မြဝတီမြို့မရဲစခန်း၌  အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ကိုကိုကြီး(မြဝတီ)အကုန်သိသတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။