Skip to main content
တရုတ္ ၀ီဂါမြတ္ဆလင္အေရး အုိေဇး၏ မွတ္ခ်က္ေတြေၾကာင့္ အာဆင္နယ္အသင္း ပြဲစဥ္ကုိ တုိက္ရုိက္ မထုတ္လႊင့္ေတာ့ဟု တရုတ္ ရုပ္ျမင္သံၾကားဌာန ထုတ္ျပန္ 
Ads Block

တရုတ္ ၀ီဂါမြတ္ဆလင္အေရး အုိေဇး၏ မွတ္ခ်က္ေတြေၾကာင့္ အာဆင္နယ္အသင္း ပြဲစဥ္ကုိ တုိက္ရုိက္ မထုတ္လႊင့္ေတာ့ဟု တရုတ္ ရုပ္ျမင္သံၾကားဌာန ထုတ္ျပန္ 

 

၀ီဂါ မြတ္ဆင္ လူနည္းစုေတြအေပၚ တရုတ္အစုိးရရဲ႕ ေပၚလစီေတြနဲ႕ပတ္သက္ၿပီး ေ၀ဖန္မႈေတြလုပ္ခဲ့တဲ့ ကြင္းလယ္ကစားသမား မီဆြတ္ အုိေဇးရဲ႕ လုပ္ရပ္ေၾကာင့္ အဂၤလန္ေဘာလုံးကလပ္ အာဆင္နယ္အသင္းဟာ တန္ျပန္သက္ေရာက္မႈေတြ ရင္ဆုိင္လာရၿပီျဖစ္ပါတယ္။ 
အုိေဇးရဲ႕ မွတ္ခ်က္ေတြနဲ႕ပတ္သက္ၿပီး အသင္းနဲ႕ မသက္ဆုိင္ေၾကာင္း ေရွာင္လႊဲႏုိင္ဖုိ ့ ႀကိဳးစားခဲ့ေပမယ့္ ဒီတစ္ပတ္မွာ ကစားမယ့္ မန္ခ်က္စတာစီးတီး အသင္းနဲ႕ အာဆင္နယ္အသင္းရဲ႕ ပြဲစဥ္ကုိ တုိက္ရုိက္ထုတ္လႊင့္ျပသေတာ့မွာ မဟုတ္ဘူးလုိ ့ တရုတ္အစုိးရပုိင္ ရုပ္ျမင္သံၾကားဌာန CCTV  က ထုတ္ျပန္သြားခဲ့ပါၿပီ။ ယင္းပြဲအစား ေတာ့တင္ဟမ္ ေဟာ့စပါးနဲ႕ ၀ုလ္ဗာဟမ္တန္တုိ ့ရဲ႕ ပြဲကုိ ျပန္လည္ျပသမယ္လုိ ့ဆုိပါတယ္။ 
တရုတ္ႏုိင္ငံမွာ အသင္းအားေပးသူ ပရိသတ္ ၁၈၇ သန္းေလာက္ရွိတယ္လုိ ့ခန္႔မွန္းထားၿပီး ပရိသတ္အင္အားႀကီးမားလြန္းတဲ့ႏုိင္ငံတစ္ခုမွ ခါးသိီးတဲ့ တုန္ ့ျပန္ခ်က္ေတြကုိ ေရွာင္လႊဲႏုိင္ဖုိ ့ အာဆင္နယ္အသင္း ႀကိဳးစားေနရၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္ကလပ္ဟာ တရုတ္ႏုိင္ငံမွာ sport bar တစ္ခုနဲ႕ စားေသာက္ဆုိင္တုိ ့ကုိလည္း ဖြင့္လွစ္လုပ္ကုိင္ေနခဲ့ကာ ေးသတြင္းမွာ ပရိသတ္ေတြ တုိးပြားလာဖုိ ့အတြက္ ၄င္းတုိ ့ရဲ႕ လုပ္ငန္းေတြ တုိးခ်ဲ႕သြားမယ့္ အစီအစဥ္ေတြကုိ ၂၀၁၉ ခုႏွစ္ အေစာပုိင္းမွာ ေၾကညာထားခဲ့တာပါ။ 
“သူ ထုတ္ေဖာ္ေျပာဆုိတဲ့ အေၾကာင္းအရာဟာ အုိေဇးရဲ႕ ပုဂၢဳိလ္ေရး အျမင္သက္သက္သာျဇစ္ပါတယ္” လုိ ့ အာဆင္နယ္အသင္းက တရုတ္ႏုိင္ငံသုံး Weibo လူမႈကြန္ရက္ေပၚရွိ ၄င္းတုိ ့ကုိယ္ပုိင္အေကာင့္မွာ ပုိ ့စ္တင္ ေျပာဆုိခဲ့ပါတယ္။ ေဘာလုံးအသင္း တစ္သင္းအေနနဲ႕ အာဆင္နယ္ဟာ ႏုိင္ငံေရးကိစၥေတြမွာ ၀င္မပါဘူးဆုိတဲ့ စည္းမ်ဥ္းကုိ အစဥ္က်င့္သုံးပါေၾကာင္း ဆုိခဲ့ပါတယ္။ အုိေဇးရဲ႕ မွတ္ခ်က္ေတြနဲ႕ ပတ္သက္ၿပီး တြစ္တာမွာေတာ့ တနဂၤေႏြမနက္ပုိင္းအထိ ကလပ္အသင္းက ေျဖရွင္းခ်က္တင္ခဲ့ျခင္းမရွိေသးပါဘူး။ 
အုိေဇးတင္ခဲ့တဲ့ ပုိ ့စ္ေတြမွာ ၀ီဂါေတြကုိ “ဖိႏွိမ္မႈကုိ တြန္းလွန္ေသာ စစ္သည္ေတာ္မ်ား” လုိ ့ ေခၚဆုိခဲ့ကာ ၄င္းတုိ ့ေတြအေပၚ ႏွိပ္ကြပ္တဲ့ တရုတ္အစုိးရနဲ႕ ယင္းျဖစ္ရပ္ေတြအေပၚ ႏႈတ္ဆိတ္ေနၾကတဲ့ မြတ္ဆလင္ေတြကုိပါ ေ၀ဖန္ခဲ့ပါတယ္။ တရုတ္ႏုိင္ငံမွာ ကုိရမ္က်မ္းေတြ မီးရႈိ႕ခံရ၊ ဗလီေတြ ပိတ္သိမ္းခံရ၊ အစၥလာမ္မစ္ စာသင္ေက်ာင္းေတြ  ပိတ္ခံရ၊ ဘာသာေရး ေက်ာင္းသားေတြ တစ္ေယာက္ၿပီး တစ္ေယာက္ အသတ္ခံေနရေၾကာင္း၊ ဒါမ်ဳိးေတြျဖစ္ေနတာေတာင္ မြတ္ဆလင္ေတြ အခုထိ ၿငိမ္ေနၾကေၾကာင္း ကုိယ္တုိင္ မြတ္ဆလင္တစ္ဦးျဖစ္တဲ့ အုိေဇးက သူ႕ပုိ ့စ္ေတြမွာ ေျပာဆုိထားခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : ဘန္ေကာက္ပုိ ့စ္ 

Unicode Version

 

ဝီဂါ မွတ်ဆင် လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ပေါ်လစီတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလုပ်ခဲ့တဲ့ ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးရဲ့ လုပ်ရပ်ကြောင့် အင်္ဂလန်ဘောလုံးကလပ် အာဆင်နယ်အသင်းဟာ တန်ပြန်သက်ရောက်မှုတွေ ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ 
အိုဇေးရဲ့ မှတ်ချက်တွေနဲ့ပတ်သက်ပြီး အသင်းနဲ့ မသက်ဆိုင်ကြောင်း ရှောင်လွှဲနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ပတ်မှာ ကစားမယ့် မန်ချက်စတာစီးတီး အသင်းနဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသတော့မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားဌာန CCTV  က ထုတ်ပြန်သွားခဲ့ပါပြီ။ ယင်းပွဲအစား တော့တင်ဟမ် ဟော့စပါးနဲ့ ဝုလ်ဗာဟမ်တန်တို့ရဲ့ ပွဲကို ပြန်လည်ပြသမယ်လို့ဆိုပါတယ်။ 
တရုတ်နိုင်ငံမှာ အသင်းအားပေးသူ ပရိသတ် ၁၈၇ သန်းလောက်ရှိတယ်လို့ခန့်မှန်းထားပြီး ပရိသတ်အင်အားကြီးမားလွန်းတဲ့နိုင်ငံတစ်ခုမှ ခါးသီးတဲ့ တုန့်ပြန်ချက်တွေကို ရှောင်လွှဲနိုင်ဖို့ အာဆင်နယ်အသင်း ကြိုးစားနေရပြီးဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ကလပ်ဟာ တရုတ်နိုင်ငံမှာ sport bar တစ်ခုနဲ့ စားသောက်ဆိုင်တို့ကိုလည်း ဖွင့်လှစ်လုပ်ကိုင်နေခဲ့ကာ ေးသတွင်းမှာ ပရိသတ်တွေ တိုးပွားလာဖို့အတွက် ၎င်းတို့ရဲ့ လုပ်ငန်းတွေ တိုးချဲ့သွားမယ့် အစီအစဉ်တွေကို ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ကြေညာထားခဲ့တာပါ။ 
“သူ ထုတ်ဖော်ပြောဆိုတဲ့ အကြောင်းအရာဟာ အိုဇေးရဲ့ ပုဂ္ဂိုလ်ရေး အမြင်သက်သက်သာဇြစ်ပါတယ်” လို့ အာဆင်နယ်အသင်းက တရုတ်နိုင်ငံသုံး Weibo လူမှုကွန်ရက်ပေါ်ရှိ ၎င်းတို့ကိုယ်ပိုင်အကောင့်မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။ ဘောလုံးအသင်း တစ်သင်းအနေနဲ့ အာဆင်နယ်ဟာ နိုင်ငံရေးကိစ္စတွေမှာ ဝင်မပါဘူးဆိုတဲ့ စည်းမျဉ်းကို အစဉ်ကျင့်သုံးပါကြောင်း ဆိုခဲ့ပါတယ်။ အိုဇေးရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး တွစ်တာမှာတော့ တနင်္ဂနွေမနက်ပိုင်းအထိ ကလပ်အသင်းက ဖြေရှင်းချက်တင်ခဲ့ခြင်းမရှိသေးပါဘူး။ 
အိုဇေးတင်ခဲ့တဲ့ ပို့စ်တွေမှာ ဝီဂါတွေကို “ဖိနှိမ်မှုကို တွန်းလှန်သော စစ်သည်တော်များ” လို့ ခေါ်ဆိုခဲ့ကာ ၎င်းတို့တွေအပေါ် နှိပ်ကွပ်တဲ့ တရုတ်အစိုးရနဲ့ ယင်းဖြစ်ရပ်တွေအပေါ် နှုတ်ဆိတ်နေကြတဲ့ မွတ်ဆလင်တွေကိုပါ ဝေဖန်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရမ်ကျမ်းတွေ မီးရှို့ခံရ၊ ဗလီတွေ ပိတ်သိမ်းခံရ၊ အစ္စလာမ်မစ် စာသင်ကျောင်းတွေ  ပိတ်ခံရ၊ ဘာသာရေး ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရကြောင်း၊ ဒါမျိုးတွေဖြစ်နေတာတောင် မွတ်ဆလင်တွေ အခုထိ ငြိမ်နေကြကြောင်း ကိုယ်တိုင် မွတ်ဆလင်တစ်ဦးဖြစ်တဲ့ အိုဇေးက သူ့ပို့စ်တွေမှာ ပြောဆိုထားခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : ဘန်ကောက်ပို့စ် 
 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။