Skip to main content
ႏုိင္ငံသားဆုိင္ရာ ဥပေဒနဲ႕ ပတ္သက္ၿပီး အိႏၵိယမွာ ဆူပူဆႏၵျပမႈေတြ ဆက္ျဖစ္ေနကာ ေသဆုံးသူ ၆ ဦးရွိလာ 
Ads Block

ႏုိင္ငံသားဆုိင္ရာ ဥပေဒနဲ႕ ပတ္သက္ၿပီး အိႏၵိယမွာ ဆူပူဆႏၵျပမႈေတြ ဆက္ျဖစ္ေနကာ ေသဆုံးသူ ၆ ဦးရွိလာ 

 

အိႏၵိယႏုိင္ငံမွာ သေဘာထားကြဲလြဲမႈေတြျဖစ္ေနတဲ့ ႏုိင္ငံသားျဖစ္ခြင့္ဆုိင္ရာ ဥပေဒၾကမ္းအေပၚ အၾကမ္းဖက္ ဆႏၵျပမႈေတြ ဆက္ျဖစ္ေနၿပီး ေသဆုံးသူ ၆ ဦးထိရွိလာခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ အာဏာပိုင္ေတြဟာ ဆူပူအုံၾကြမႈေတြ ျဖစ္မလာေရးအတြက္ အင္တာနက္လုိင္းေတြကုိ ပိတ္ထားဆဲျဖစ္ကာ ကာဖ်ဴးအမိန္ ့ေတြလည္း ထုတ္ျပန္ထားပါတယ္။ 
မတည္ၿငိမ္မႈေတြရဲ႕ ဗဟုိခ်က္ျဖစ္တဲ့ အာသံျပည္နယ္ အႀကီးဆုံးၿမဳိ႕ ဂူ၀ါဟာတီမွာ တင္းမာမႈေတြ ဆက္ျမင့္ေနဆဲျဖစ္ကာ လုံၿခဳံေရးတင္းက်ပ္ထားၿပီး လမ္းေတြေပၚမွာ စစ္သားေတြလုိက္ပါတဲ့ စစ္ဘက္ယာဥ္ေတြ ကင္းလွည့္ေနခဲ့ပါတယ္။ 
တနဂၤေႏြေန ့က ဂူ၀ါဟာတီမွာ ထပ္မံျဖစ္ပြားခဲ့တဲ့ ဆႏၵျပမႈအတြင္း လူ ၅၀၀၀ ခန္ ့ပါ၀င္ခဲ့ၿပီး “အာသံအဓြန္ ့ရွည္ပါေစ” စာတမ္းေတြ ကုိင္ေဆာင္လာကာ ေၾကြးေၾကာ္သံေတြ၊ သီခ်င္းေတြ သီဆုိခဲ့ၾကတဲ့ ဆႏၵျပသူေတြကုိ ရဲတပ္ဖြဲ႕၀င္ ရာေပါင္းမ်ားစြာက အသင့္ေစာင့္ၾကည့္ေနခဲ့ပါတယ္။ ကာဖ်ဴးအမိန္ ့ေၾကာင့္ ျပည္နယ္ရွိ ေရနံဓါတ္ေငြ႕ဆုိင္ေတြ ေရာင္းအားထိခုိက္ခဲ့ေပမယ့္ တနဂၤေႏြေန ့မွာ ဆုိင္အခ်ဳိ႕ျပန္ဖြင့္ခဲ့ၿပီး ကန္ ့သတ္မႈေတြ ေျဖေလွ်ာ့ခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။  
ဗုဒၶဟူးေန ့မွာ ပါလီမန္က အတည္ျပဳလုိက္တဲ့ ဒီဥပေဒေၾကာင့္ အိမ္နီးခ်င္းႏုိင္ငံေတြကေန အိႏၵိယႏုိင္ငံတြင္းသုိ ့ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္မတုိင္ခင္ ၀င္ေရာက္လာခဲ့ၿပီး မြတ္ဆလင္မဟုတ္ၾကတဲ့ တရားမ၀င္ ေရႊ႕ေျပာင္း၀င္ေရာက္လာသူ သန္းနဲ႕ခ်ီကုိ  အစုိးရက ႏုိင္ငံသားေပးအပ္ႏုိင္မွာျဖစ္ပါတယ္။ ယင္း ႏုိင္ငံသားျဖစ္ခြင့္ ျပင္ဆင္ခ်က္ ဥပေဒအရ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္နဲ႕ အာဖဂန္နစၥတန္တုိ ့မွ ထြက္ေျပးလာတဲ့ လူနည္းစုဘာသာ၀င္ေတြဟာ အိႏၵိယႏုိင္ငံသားျဖစ္ဖုိ႕ လမ္းပြင့္သြားမွာျဖစ္ပါတယ္။ 
အာသံျပည္နယ္မွာ ရဲတပ္ဖြဲ႕ ပစ္ခတ္မႈေၾကာင့္ လူေလးဦး ေသဆုံးခဲ့ၿပီး အျခားတစ္ဦးကေတာ့ ေစ်းဆုိင္မီးရႈိ႕ခံရစဥ္ အိပ္ေပ်ာ္ေနတာေၾကာင့္ ေသဆုံးခဲ့ပါတယ္။ ဆ႒မေျမာက္တစ္ဦးကေတာ့ ဆႏၵျပမႈတစ္ခုအတြင္း ရုိက္ႏွက္ခံရကာ ေသဆုံးခဲ့တာျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ 
အေနာက္ဘင္ေဂါျပည္နယ္မွာလည္း တတိယေျမာက္ေန ့အျဖစ္ ဆႏၵျပမႈေတြ ဆက္ျဖစ္ေနၿပီး ယခု ဥပေဒၾကမ္းကုိ ဥပေဒတစ္ခုအျဖစ္ ျပဌာန္းဖုိ ့ ျပည္ေထာင္စုအစုိးရက တြန္းအားေပးေနတာကုိ ကန္ ့ကြက္ေၾကာင္း ထုတ္ေဖာ္ေျပာဆုိထားတဲ့ ျပည္နယ္၀န္ႀကီးခ်ဳပ္ မမ္မာတာ ဘန္နာဂ်ီးဟာ ခရုိင္မ်ားစြာမွာ အင္တာနက္လုိင္းေတြ ရပ္ဆုိင္းထားခဲ့ပါတယ္။ 
ဆႏၵျပသူေတြဟာ ကားတာယာေတြ မီးရႈိ႕ခဲ့ၾကၿပီး အေ၀းေျပးကားလမ္းေတြ၊ ရထားလမ္းေတြေပၚမွာ ထုိင္သပိတ္ဆင္ႏႊဲေနခဲ့ကာ မီးရထားနဲ႕ ကားေတြကုိ မီးရႈိ႕ခဲ့ပါတယ္။ အဓိကရုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ဆႏၵျပသူေတြကုိ လူစုခြဲႏွိမ္နင္းမႈေတြလုပ္ခဲ့ၿပီး အေရွ႕ပုိင္းေဒသမ်ားစြာမွာ ရထားလုိင္းေတြ ရပ္တန္ ့ထားရေၾကာင္း သိရပါတယ္။     
လက္ဖက္စုိက္ ျပည္နယ္တစ္ခုျဖစ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံမွ ေရႊ႕ေျပာင္း ၀င္ေရာက္လာသူေတြ မ်ားစြာရွိေနတဲ့ အာသံျပည္နယ္ဟာ ယခု ဥပေဒကုိ ဆန္ ့က်င္ရာမွာ အျပင္းထန္ဆုံးျဖစ္ေနခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

အိန္ဒိယနိုင်ငံမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအပေါ် အကြမ်းဖက် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပြီး သေဆုံးသူ ၆ ဦးထိရှိလာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အာဏာပိုင်တွေဟာ ဆူပူအုံကြွမှုတွေ ဖြစ်မလာရေးအတွက် အင်တာနက်လိုင်းတွေကို ပိတ်ထားဆဲဖြစ်ကာ ကာဖျူးအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။ 
မတည်ငြိမ်မှုတွေရဲ့ ဗဟိုချက်ဖြစ်တဲ့ အာသံပြည်နယ် အကြီးဆုံးမြို့ ဂူဝါဟာတီမှာ တင်းမာမှုတွေ ဆက်မြင့်နေဆဲဖြစ်ကာ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းတွေပေါ်မှာ စစ်သားတွေလိုက်ပါတဲ့ စစ်ဘက်ယာဉ်တွေ ကင်းလှည့်နေခဲ့ပါတယ်။ 
တနင်္ဂနွေနေ့က ဂူဝါဟာတီမှာ ထပ်မံဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်း လူ ၅၀၀၀ ခန့်ပါဝင်ခဲ့ပြီး “အာသံအဓွန့်ရှည်ပါစေ” စာတမ်းတွေ ကိုင်ဆောင်လာကာ ကြွေးကြော်သံတွေ၊ သီချင်းတွေ သီဆိုခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက အသင့်စောင့်ကြည့်နေခဲ့ပါတယ်။ ကာဖျူးအမိန့်ကြောင့် ပြည်နယ်ရှိ ရေနံဓါတ်ငွေ့ဆိုင်တွေ ရောင်းအားထိခိုက်ခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ ဆိုင်အချို့ပြန်ဖွင့်ခဲ့ပြီး ကန့်သတ်မှုတွေ ဖြေလျှော့ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။  
ဗုဒ္ဓဟူးနေ့မှာ ပါလီမန်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကြောင့် အိမ်နီးချင်းနိုင်ငံတွေကနေ အိန္ဒိယနိုင်ငံတွင်းသို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ဝင်ရောက်လာခဲ့ပြီး မွတ်ဆလင်မဟုတ်ကြတဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ သန်းနဲ့ချီကို  အစိုးရက နိုင်ငံသားပေးအပ်နိုင်မှာဖြစ်ပါတယ်။ ယင်း နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ချက် ဥပဒေအရ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှ ထွက်ပြေးလာတဲ့ လူနည်းစုဘာသာဝင်တွေဟာ အိန္ဒိယနိုင်ငံသားဖြစ်ဖို့ လမ်းပွင့်သွားမှာဖြစ်ပါတယ်။ 
အာသံပြည်နယ်မှာ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ဈေးဆိုင်မီးရှို့ခံရစဉ် အိပ်ပျော်နေတာကြောင့် သေဆုံးခဲ့ပါတယ်။ ဆဋ္ဌမမြောက်တစ်ဦးကတော့ ဆန္ဒပြမှုတစ်ခုအတွင်း ရိုက်နှက်ခံရကာ သေဆုံးခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
အနောက်ဘင်ဂေါပြည်နယ်မှာလည်း တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပြီး ယခု ဥပဒေကြမ်းကို ဥပဒေတစ်ခုအဖြစ် ပြဌာန်းဖို့ ပြည်ထောင်စုအစိုးရက တွန်းအားပေးနေတာကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ ပြည်နယ်ဝန်ကြီးချုပ် မမ်မာတာ ဘန်နာဂျီးဟာ ခရိုင်များစွာမှာ အင်တာနက်လိုင်းတွေ ရပ်ဆိုင်းထားခဲ့ပါတယ်။ 
ဆန္ဒပြသူတွေဟာ ကားတာယာတွေ မီးရှို့ခဲ့ကြပြီး အဝေးပြေးကားလမ်းတွေ၊ ရထားလမ်းတွေပေါ်မှာ ထိုင်သပိတ်ဆင်နွှဲနေခဲ့ကာ မီးရထားနဲ့ ကားတွေကို မီးရှို့ခဲ့ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လူစုခွဲနှိမ်နင်းမှုတွေလုပ်ခဲ့ပြီး အရှေ့ပိုင်းဒေသများစွာမှာ ရထားလိုင်းတွေ ရပ်တန့်ထားရကြောင်း သိရပါတယ်။     
လက်ဖက်စိုက် ပြည်နယ်တစ်ခုဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ များစွာရှိနေတဲ့ အာသံပြည်နယ်ဟာ ယခု ဥပဒေကို ဆန့်ကျင်ရာမှာ အပြင်းထန်ဆုံးဖြစ်နေခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။