Skip to main content
ICJ ေၾကာင့္ EU ၏ ကုန္သြယ္မႈ အထူးအခြင့္အေရး မထိခိုက္ႏိုင္ဟုဆို
Ads Block

ICJ ေၾကာင့္ EU ၏ ကုန္သြယ္မႈ အထူးအခြင့္အေရး မထိခိုက္ႏိုင္ဟုဆို

 

ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိရင္ဆိုင္ေနရသည့္ ICJ ကိစၥေၾကာင့္ EU ၏ ကုန္သြယ္မႈ အထူးအခြင့္အေရးကို မထိခိုက္ႏိုင္ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနမွ သိရသည္။
EU ၏ ကုန္သြယ္မႈအထူးအခြင့္ အေရးရုတ္သိမ္းလိုက္သည္ဟု ေကာလာဟလမ်ားထြက္ေနျခင္းအေပၚ ၄င္းက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“EU က GSP ရုတ္သိမ္းလိုက္တယ္ဆိုတာ မဟုတ္ပါဘူး။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ကြ်န္ေတာ္တို႔ဆီေရာ အစိုးရဆီကိုေရာ ဘာမွေျပာထားတာမရွိပါဘူး။ လက္ရွိကေတာ့ ပံုမွန္အတိုင္းပဲ သူတို႔ အေထာက္အပံ့ေပးေနတယ္။ ICJ ေၾကာင့္ EU ရဲ႕ ကုန္သြယ္ မႈအထူးအခြင့္အေရးက မထိခိုက္ႏိုင္ပါဘူး”ဟု ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္း ဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
EU ဘက္မွ GSP ရုတ္သိမ္းျခင္း၊ မရုတ္သိမ္းျခင္း ကိစၥႏွင့္ ပတ္သက္၍ လက္ရွိအခ်ိန္ထိ ေျပာၾကားျခင္းမရွိေသးဘဲ ၄င္းတို႔၏ ေစာင့္ၾကည့္ကာလမွ တစ္ႏွစ္ျဖစ္ၿပီး အဆိုပါ သတ္မွတ္ကာလမွာ မေရာက္ရွိေသးေၾကာင္း သိရသည္။ EU ဘက္မွ ကုန္သြယ္မႈ အထူးအခြင့္အေရး(GSP) ရုတ္သိမ္းလိုက္ပါက အထည္ခ်ဳပ္က႑အတြက္ မ်ားစြားထိခိုက္ႏိုင္ေၾကာင္း အထည္ခ်ဳပ္က႑သည္ ျမန္မာႏိုင္ငံ၏ ဒုတိယအႀကီးဆံုးပို႔ကုန္လုပ္ငန္းျဖစ္ၿပီး ယခင္ငါးႏွစ္တာကာလမွစ၍ ႏွစ္စဥ္ ၂၅ ရာခိုင္ႏႈန္းတိုးတက္မႈရွိကာ အေျခခံ လူတန္းစားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္သည့္အျပင္ ႏိုင္ငံအတြက္ ႏွစ္စဥ္ ကန္ေဒၚလာ ၆ ဘီ လ်ံေက်ာ္ ရွာေဖြေပးႏိုင္ေၾကာင္း သိရသည္။
လက္ရွိတြင္ စက္ရံုေပါင္း ၄၀၀ ေက်ာ္ႏွင့္လည္ပတ္ေနၿပီး ထက္ဝက္ေက်ာ္သည္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈျဖစ္ေၾကာင္း သိရသည္။
၂၀၁၇-၂၀၁၈ ခုႏွစ္အတြင္း အထည္ခ်ဳပ္ က႑အေနျဖင့္ EU တင္ပို႔မႈသည္ တန္ဖိုးအားျဖင့္ ၁ ဒႆမ ၆ ဘီလ်ံနီးပါးရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ရခိုင္ ျပည္နယ္ကိစၥေၾကာင့္ EU ဘက္မွ GSP ႏွင့္ပတ္သက္၍ ျပန္လည္သံုးသပ္မႈမ်ားရွိေနေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် ICJ ကိစ္စကြောင့် EU ၏ ကုန်သွယ်မှု အထူးအခွင့်အရေးကို မထိခိုက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
EU ၏ ကုန်သွယ်မှုအထူးအခွင့် အရေးရုတ်သိမ်းလိုက်သည်ဟု ကောလာဟလများထွက်နေခြင်းအပေါ် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“EU က GSP ရုတ်သိမ်းလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီရော အစိုးရဆီကိုရော ဘာမှပြောထားတာမရှိပါဘူး။ လက်ရှိကတော့ ပုံမှန်အတိုင်းပဲ သူတို့ အထောက်အပံ့ပေးနေတယ်။ ICJ ကြောင့် EU ရဲ့ ကုန်သွယ် မှုအထူးအခွင့်အရေးက မထိခိုက်နိုင်ပါဘူး”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးအောင်နိုင်ဦးက ပြောသည်။
EU ဘက်မှ GSP ရုတ်သိမ်းခြင်း၊ မရုတ်သိမ်းခြင်း ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ ပြောကြားခြင်းမရှိသေးဘဲ ၎င်းတို့၏ စောင့်ကြည့်ကာလမှ တစ်နှစ်ဖြစ်ပြီး အဆိုပါ သတ်မှတ်ကာလမှာ မရောက်ရှိသေးကြောင်း သိရသည်။ EU ဘက်မှ ကုန်သွယ်မှု အထူးအခွင့်အရေး(GSP) ရုတ်သိမ်းလိုက်ပါက အထည်ချုပ်ကဏ္ဍအတွက် များစွားထိခိုက်နိုင်ကြောင်း အထည်ချုပ်ကဏ္ဍသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးပို့ကုန်လုပ်ငန်းဖြစ်ပြီး ယခင်ငါးနှစ်တာကာလမှစ၍ နှစ်စဉ် ၂၅ ရာခိုင်နှုန်းတိုးတက်မှုရှိကာ အခြေခံ လူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့်အပြင် နိုင်ငံအတွက် နှစ်စဉ် ကန်ဒေါ်လာ ၆ ဘီ လျံကျော် ရှာဖွေပေးနိုင်ကြောင်း သိရသည်။
လက်ရှိတွင် စက်ရုံပေါင်း ၄၀၀ ကျော်နှင့်လည်ပတ်နေပြီး ထက်ဝက်ကျော်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း အထည်ချုပ် ကဏ္ဍအနေဖြင့် EU တင်ပို့မှုသည် တန်ဖိုးအားဖြင့် ၁ ဒဿမ ၆ ဘီလျံနီးပါးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရခိုင် ပြည်နယ်ကိစ္စကြောင့် EU ဘက်မှ GSP နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုများရှိနေကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။