Skip to main content
ဖိလစ္ပုိင္မွာ ၆.၈ အဆင့္ရွိ အင္အားျပင္း ငလ်င္လႈပ္ခတ္ခဲ့ၿပီး အေဆာက္အအုံမ်ားစြာ ပ်က္စီးကာ လူ အမ်ားအျပား ဒဏ္ရာရ 
Ads Block

ဖိလစ္ပုိင္မွာ ၆.၈ အဆင့္ရွိ အင္အားျပင္း ငလ်င္လႈပ္ခတ္ခဲ့ၿပီး အေဆာက္အအုံမ်ားစြာ ပ်က္စီးကာ လူ အမ်ားအျပား ဒဏ္ရာရ 

 

ဖိလစ္ႏုိင္ငံ ဒါဗာအုိၿမိဳ႕အနီးမွာ တနဂၤေႏြေန႕(ဒီဇင္ဘာ ၁၅) က အင္အားျပင္း ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တာေၾကာင့္ အေဆာက္အအုံမ်ားစြာ ပ်က္စီးခဲ့ၿပီး ဒဏ္ရာရသူမ်ားခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ မၾကာခင္ လအနည္းငယ္အတြင္း ဖိလစ္ပုိင္ေတာင္ပုိင္းမွာ ငလ်င္မ်ားစြာ လႈပ္ခတ္ထားခဲ့ရာမွာ အခုငလ်င္က ေနာက္ဆုံးေပၚေပါက္လာတဲ့ ငလ်င္ျဖစ္ပါတယ္။ 
ျပင္အား ၆.၈ အဆင့္ရွိ ငလ်င္ဟာ မင္ဒါနာအုိကၽြန္းေပၚက ဒါဗာအုိၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ၃၈ မုိင္အကြာကုိ ဗဟုိျပဳၿပီး အနက္ ၂၈.၂ ကီလုိမီတာမွာ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ ဘူမိေဗဒတုိင္းတာေရးဌာနက ထုတ္ျပန္ပါတယ္။ ငလ်င္ေၾကာင့္ ဆူနာမီလႈိင္းလုံး အႏၱရာယ္မျဖစ္ေပၚခဲ့ေၾကာင္း ပစိဖိတ္ ဆူနာမီသတိေပးခ်က္စင္တာက ဆုိပါတယ္။ 
ဒဏ္ရာရသူ ၁၄ ဦးရွိခဲ့ေပမယ့္ စုိးရိမ္ရျခင္းေတာ့မရွိေၾကာင္း ဒါဗာအုိ ဒဲလ္ဆာျပည္နယ္ရွိ ငလ်င္ဗဟုိခ်က္အနီးက မက္ေဆးေဆးၿမိဳ႕မွ သတင္းျပန္ၾကားေရးအရာရွိ အန္သုိနီ အယ္လာဒါက ေျပာဆုိပါတယ္။ ေဒသဆုိင္ရာ အစုိးရရုံးတစ္ခုအပါအ၀င္ အေဆာက္အအုံနဲ႕ လမ္းေတြ ထိခုိက္ ပ်က္ဆီးခဲ့ကာ ၿမိဳ႕မွာ လွ်ပ္စစ္ဓါတ္အား ျပတ္ေတာက္သြားခဲ့ေၾကာင္းလည္း ၄င္းက ေျပာပါတယ္။ ယင္း ေဒသမွာ ၿပီးခဲ့တဲ့ ေအာက္တုိဘာနဲ႕ ႏုိ၀င္ဘာအတြင္းက ငလ်င္ ေလးႀကိမ္အထိ လႈပ္ထားခဲ့ၿပီး စုစုေပါင္း လူ ၂၀ ဦး ေသဆုံးခဲ့ပါတယ္။ 
ဒါဗာအုိ ဇာတိဖြားျဖစ္တဲ့ သမၼတ ရုိဒရီဂုိ ဒူတာေတးဟာ ငလ်င္လႈပ္ခ်ိန္က ယင္းၿမိဳ႕မွာ ရွိေနခဲ့တယ္လုိ႕ သိရပါတယ္။ “ သူ အဆင္ေျပပါတယ္။ ငလ်င္လႈပ္ခ်ိန္က သူနဲ႕ သမီးျဖစ္သူ ကစ္တီတုိ ့ သူတုိ ့အိမ္မွာ ရွိေနၾကတာပါ” လုိ ့ သမၼတရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ေဆဗာဒုိ ပန္နယ္လုိက ေျပာဆုိပါတယ္။ ငလ်င္လႈပ္ခ်ိန္မွာ သမၼတကေတာ္က အိမ္အျပန္ လမ္းမွာရွိေနေသးၿပီး သူမ ကားဟာ ခါယမ္းေနခဲ့ကာ ဒဏ္ရာအနာတရမျဖစ္ခဲ့ေၾကာင္း သူမက ေျပာဆုိခဲ့တယ္လုိ ့ဆုိပါတယ္။ 
ထိခုိက္ပ်က္ဆီးမႈေတြနဲ႕ ေနာက္ဆက္တြဲငလ်င္ေတြ ရွိလာႏုိင္ေၾကာင္း ဖိလစ္ပုိင္ မီးေတာင္နဲ႕ ငလ်င္တုိင္းတာေရးဌာနက ေျပာဆုိပါတယ္။ ပင္မ ငလ်င္ႀကီးလႈပ္ခတ္အၿပီး ဂ်င္နရယ္ဆန္းတုိ ့စ္ၿမိဳ႕ ေျမာက္ဘက္မွာ ဗဟုိျပဳခဲ့တဲ့ ၅.၇ အားျပင္း ငလ်င္တစ္ခုအပါ၀င္ ေနာက္ဆက္တြဲငလ်င္ေတြ လႈပ္ခတ္ခဲ့တာကုိ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။ 
တြစ္တာအသုံးျပဳသူေတြ တင္ခဲ့တဲ့ ဗီဒီယုိတစ္ခုမွာ ေ၀ဟင္က ဓါတ္အားလိုင္းႀကိဳးေတြ ယမ္းခါေနၿပီး မီးပြားေတြပြင့္ထြက္ေနတာ ေတြ႕ရပါတယ္။ ေနာက္ဗီဒီယုိတစ္ခုမွာေတာ့ ဟုိတယ္တစ္ခုရွိ ေရကူးကန္ထဲက ေရေတြ ေဘာင္ဘင္ခတ္ ယိမ္းထုိးေနခဲ့တာေတြ႕ရပါတယ္။ ပါဒါဒါၿမိဳ႕ကလုိ ့ဆုိတဲ့ ဓါတ္ပုံတစ္ပုံမွာေတာ့ အေဆာက္အအုံတစ္လုံး ကားတစ္စီးေပၚ ၿပိဳက်ေနခဲ့တာေတြ႕ရပါတယ္။ ယင္း ၿပဳိက်အေဆာက္အအုံထဲမွာ ဒါမွမဟုတ္ ေအာက္က ေျမျပင္မွာ လူေတြရွိေနခဲ့သလားဆုိတာကုိေတာ့ မသိရေသးပါဘူး။ 
ဖိလစ္ပုိင္ႏုိင္ငံဟာ ဘူမိေဗဒဆုိင္ရာ လႈပ္ရွားထၾကြမႈေတြရွိေနတဲ့ ပစိဖိတ္မီးကြင္းေဒသမွာ တည္ရွိၿပီး ငလ်င္လႈပ္ခတ္မႈေတြ မၾကာခဏဆုိသလုိ ႀကဳံရေလ့ရွိပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Reuters 

Unicode Version

 

ဖိလစ်နိုင်ငံ ဒါဗာအိုမြို့အနီးမှာ တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၅) က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူများခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ မကြာခင် လအနည်းငယ်အတွင်း ဖိလစ်ပိုင်တောင်ပိုင်းမှာ ငလျင်များစွာ လှုပ်ခတ်ထားခဲ့ရာမှာ အခုငလျင်က နောက်ဆုံးပေါ်ပေါက်လာတဲ့ ငလျင်ဖြစ်ပါတယ်။ 
ပြင်အား ၆.၈ အဆင့်ရှိ ငလျင်ဟာ မင်ဒါနာအိုကျွန်းပေါ်က ဒါဗာအိုမြို့ရဲ့ အနောက်တောင်ဘက် ၃၈ မိုင်အကွာကို ဗဟိုပြုပြီး အနက် ၂၈.၂ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် ဆူနာမီလှိုင်းလုံး အန္တရာယ်မဖြစ်ပေါ်ခဲ့ကြောင်း ပစိဖိတ် ဆူနာမီသတိပေးချက်စင်တာက ဆိုပါတယ်။ 
ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့ပေမယ့် စိုးရိမ်ရခြင်းတော့မရှိကြောင်း ဒါဗာအို ဒဲလ်ဆာပြည်နယ်ရှိ ငလျင်ဗဟိုချက်အနီးက မက်ဆေးဆေးမြို့မှ သတင်းပြန်ကြားရေးအရာရှိ အန်သိုနီ အယ်လာဒါက ပြောဆိုပါတယ်။ ဒေသဆိုင်ရာ အစိုးရရုံးတစ်ခုအပါအဝင် အဆောက်အအုံနဲ့ လမ်းတွေ ထိခိုက် ပျက်ဆီးခဲ့ကာ မြို့မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့ကြောင်းလည်း ၎င်းက ပြောပါတယ်။ ယင်း ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်းက ငလျင် လေးကြိမ်အထိ လှုပ်ထားခဲ့ပြီး စုစုပေါင်း လူ ၂၀ ဦး သေဆုံးခဲ့ပါတယ်။ 
ဒါဗာအို ဇာတိဖွားဖြစ်တဲ့ သမ္မတ ရိုဒရီဂို ဒူတာတေးဟာ ငလျင်လှုပ်ချိန်က ယင်းမြို့မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ “ သူ အဆင်ပြေပါတယ်။ ငလျင်လှုပ်ချိန်က သူနဲ့ သမီးဖြစ်သူ ကစ်တီတို့ သူတို့အိမ်မှာ ရှိနေကြတာပါ” လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေဗာဒို ပန်နယ်လိုက ပြောဆိုပါတယ်။ ငလျင်လှုပ်ချိန်မှာ သမ္မတကတော်က အိမ်အပြန် လမ်းမှာရှိနေသေးပြီး သူမ ကားဟာ ခါယမ်းနေခဲ့ကာ ဒဏ်ရာအနာတရမဖြစ်ခဲ့ကြောင်း သူမက ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ 
ထိခိုက်ပျက်ဆီးမှုတွေနဲ့ နောက်ဆက်တွဲငလျင်တွေ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်တိုင်းတာရေးဌာနက ပြောဆိုပါတယ်။ ပင်မ ငလျင်ကြီးလှုပ်ခတ်အပြီး ဂျင်နရယ်ဆန်းတို့စ်မြို့ မြောက်ဘက်မှာ ဗဟိုပြုခဲ့တဲ့ ၅.၇ အားပြင်း ငလျင်တစ်ခုအပါဝင် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 
တွစ်တာအသုံးပြုသူတွေ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ဝေဟင်က ဓါတ်အားလိုင်းကြိုးတွေ ယမ်းခါနေပြီး မီးပွားတွေပွင့်ထွက်နေတာ တွေ့ရပါတယ်။ နောက်ဗီဒီယိုတစ်ခုမှာတော့ ဟိုတယ်တစ်ခုရှိ ရေကူးကန်ထဲက ရေတွေ ဘောင်ဘင်ခတ် ယိမ်းထိုးနေခဲ့တာတွေ့ရပါတယ်။ ပါဒါဒါမြို့ကလို့ဆိုတဲ့ ဓါတ်ပုံတစ်ပုံမှာတော့ အဆောက်အအုံတစ်လုံး ကားတစ်စီးပေါ် ပြိုကျနေခဲ့တာတွေ့ရပါတယ်။ ယင်း ပြိုကျအဆောက်အအုံထဲမှာ ဒါမှမဟုတ် အောက်က မြေပြင်မှာ လူတွေရှိနေခဲ့သလားဆိုတာကိုတော့ မသိရသေးပါဘူး။ 
ဖိလစ်ပိုင်နိုင်ငံဟာ ဘူမိဗေဒဆိုင်ရာ လှုပ်ရှားထကြွမှုတွေရှိနေတဲ့ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိပြီး ငလျင်လှုပ်ခတ်မှုတွေ မကြာခဏဆိုသလို ကြုံရလေ့ရှိပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 
        

        

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။