Skip to main content
ဆီးရီးယား ဒုကၡသည္ေတြအတြက္ အီးယူက ရန္ပုံေငြတုိးေပးဖုိ ့ တူရကီ ေတာင္းဆုိ 
Ads Block

ဆီးရီးယား ဒုကၡသည္ေတြအတြက္ အီးယူက ရန္ပုံေငြတုိးေပးဖုိ ့ တူရကီ ေတာင္းဆုိ 

 

တူရကီႏုိင္ငံမွာ လက္ခံထားရတဲ့ ဆီးရီးယား ဒုကၡသည္ေတြအတြက္ ဥေရာပသမဂၢ(အီးယူ)ရဲ႕ ရန္ပုံေငြခြဲတမ္းကုိ ယူရုိ ၆ ဘီလီယံ(ကန္ေဒၚလာ ၆.၆ ဘီလီယံ) ေက်ာ္ သုံးစြဲေပးသင့္ေၾကာင္းနဲ႕ ရန္ပုံေငြကုိျမန္ျမန္ဆန္ဆန္ ထည့္၀င္သင့္ေၾကာင္း တူရကီႏုိင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ အီးယူဆုိင္ရာ အရာရွိက စေနေန ့မွာ ေျပာဆုိပါတယ္။ 
လူေပါင္း ေထာင္ေသာင္းခ်ီေသဆုံးခဲ့ကာ သန္းေပါင္းမ်ားစြာ ေနရပ္စြန္ ့ခြာခဲ့ရတဲ့ ဆီးရီးယား စစ္ပြဲ ၈ ႏွစ္ေက်ာ္ ၾကာခဲ့ၿပီးေနာက္ တူရကီကုိ ေရာက္ရွိသြားတဲ့ ခန္ ့မွန္းေျခ ဆီးရီးယား ဒုကၡသည္ ၃.၅ သန္းေလာက္ကုိ အီးယူက ရန္ပုံေငြ ေထာက္ပံ့တာျဖစ္ပါတယ္။ အျပန္အလွန္အားျဖင့္ ဥေရာပသုိ ့ ဒုကၡသည္ ေရႊ႕ေျပာင္း၀င္ေရာက္ေနမႈေတြ တားဆီးေပးဖုိ ့ တူရကီက သေဘာတူခဲ့ပါတယ္။ 
ရန္ပုံေငြကုိ ျမန္ျမန္ဆန္ဆန္ ထည့္၀င္ကာ ပမာဏကုိလည္း တုိးျမွင့္ေပးသင့္ေၾကာင္း တူရကီရဲ႕ လက္ေထာက္ႏုိင္ငံျခားေရးရာ၀န္ႀကီး ဖာရြတ္ ေကမက္စီက ေျပာဆုိခဲ့ပါတယ္။ ယူရုိ ၆ ဘီလီယံ သုံးစြဲကုန္သြားခ်ိန္မွာလည္း ျပႆနာ ေျဖရွင္းႏုိင္ဦးမွာ မဟုတ္ဘဲ အက်ပ္အတည္းရွိေနသမွ် ကာလပတ္လုံး မိမိတုိ ့ အတူတကြ လုပ္ကိုင္ေဆာင္ရြက္ၾကရမွာျဖစ္ေၾကာင္း အစၥတန္ဘူလ္မွာ သတင္းေထာက္ေတြကုိ ေကမက္စီက ေျပာဆုိခဲ့ပါတယ္။ 
အီးယူဟာ ဆီးရီးယား ဒုကၡသည္ ရန္ပုံေငြကုိ ၂၀၁၅ ခုႏွစ္မွာ ထူေထာင္ခဲ့ၿပီး ယူရုိ ၅.၆ ဘီလီယံေက်ာ္ ခြဲေ၀ခ်ထားေၾကာင္း ဆုိခဲ့ပါတယ္။ တူရကီဟာ ဒုကၡသည္ေတြ လက္ခံထားရျခင္းအတြက္ စုစုေပါင္း ကုန္က်စရိတ္ ကန္ေဒၚလာ ၄၀ ဘီလီယံ ရွိမွာျဖစ္ေၾကာင္း ေကာမက္စီက ေျပာဆုိပါတယ္။ 
ေအာက္တုိဘာလအတြင္းက ဆီးရီးယား အေရွ႕ေျမာက္ပုိင္းေဒသကုိ တူရကီက က်ဴးေက်ာ္ စစ္ဆင္ေရးလုပ္ခဲ့တဲ့အေပၚ သေဘာကြဲလြဲမႈအပါအ၀င္ ျဖစ္ရပ္အေတာ္မ်ားမ်ားမွာ အီးယူနဲ႕ တူရကီဆက္ဆံေရး ခပ္တန္းတန္းျဖစ္ေနခဲ့ပါတယ္။ 
တူရကီေရာက္ ဒုကၡသည္ေတြကုိ ဆီးရီးယား အေရွ႕ေျမာက္ပုိင္းေဒသမွာ ျပန္လည္ေနရာခ်ေပးတာကုိ အီးယူက မေထာက္ခံရင္ ယင္း ဒုကၡသည္ေတြ ဥေရာပကုိ ၀င္ေရာက္သြားေစမယ့္ တံခါးေပါက္ေတြ ဖြင့္ေပးလုိက္မွာျဖစ္ေၾကာင္း ေအာက္တုိဘာလ အေႏွာင္းပုိင္းမွာ တူရကီက ၿခိမ္းေျခာက္ခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Reuters 

Unicode Version

 

တူရကီနိုင်ငံမှာ လက်ခံထားရတဲ့ ဆီးရီးယား ဒုက္ခသည်တွေအတွက် ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ရန်ပုံငွေခွဲတမ်းကို ယူရို ၆ ဘီလီယံ(ကန်ဒေါ်လာ ၆.၆ ဘီလီယံ) ကျော် သုံးစွဲပေးသင့်ကြောင်းနဲ့ ရန်ပုံငွေကိုမြန်မြန်ဆန်ဆန် ထည့်ဝင်သင့်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အီးယူဆိုင်ရာ အရာရှိက စနေနေ့မှာ ပြောဆိုပါတယ်။ 
လူပေါင်း ထောင်သောင်းချီသေဆုံးခဲ့ကာ သန်းပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရတဲ့ ဆီးရီးယား စစ်ပွဲ ၈ နှစ်ကျော် ကြာခဲ့ပြီးနောက် တူရကီကို ရောက်ရှိသွားတဲ့ ခန့်မှန်းခြေ ဆီးရီးယား ဒုက္ခသည် ၃.၅ သန်းလောက်ကို အီးယူက ရန်ပုံငွေ ထောက်ပံ့တာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဥရောပသို့ ဒုက္ခသည် ရွှေ့ပြောင်းဝင်ရောက်နေမှုတွေ တားဆီးပေးဖို့ တူရကီက သဘောတူခဲ့ပါတယ်။ 
ရန်ပုံငွေကို မြန်မြန်ဆန်ဆန် ထည့်ဝင်ကာ ပမာဏကိုလည်း တိုးမြှင့်ပေးသင့်ကြောင်း တူရကီရဲ့ လက်ထောက်နိုင်ငံခြားရေးရာဝန်ကြီး ဖာရွတ် ကေမက်စီက ပြောဆိုခဲ့ပါတယ်။ ယူရို ၆ ဘီလီယံ သုံးစွဲကုန်သွားချိန်မှာလည်း ပြဿနာ ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘဲ အကျပ်အတည်းရှိနေသမျှ ကာလပတ်လုံး မိမိတို့ အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အစ္စတန်ဘူလ်မှာ သတင်းထောက်တွေကို ကေမက်စီက ပြောဆိုခဲ့ပါတယ်။ 
အီးယူဟာ ဆီးရီးယား ဒုက္ခသည် ရန်ပုံငွေကို ၂၀၁၅ ခုနှစ်မှာ ထူထောင်ခဲ့ပြီး ယူရို ၅.၆ ဘီလီယံကျော် ခွဲဝေချထားကြောင်း ဆိုခဲ့ပါတယ်။ တူရကီဟာ ဒုက္ခသည်တွေ လက်ခံထားရခြင်းအတွက် စုစုပေါင်း ကုန်ကျစရိတ် ကန်ဒေါ်လာ ၄၀ ဘီလီယံ ရှိမှာဖြစ်ကြောင်း ကောမက်စီက ပြောဆိုပါတယ်။ 
အောက်တိုဘာလအတွင်းက ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသကို တူရကီက ကျူးကျော် စစ်ဆင်ရေးလုပ်ခဲ့တဲ့အပေါ် သဘောကွဲလွဲမှုအပါအဝင် ဖြစ်ရပ်အတော်များများမှာ အီးယူနဲ့ တူရကီဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေခဲ့ပါတယ်။ 
တူရကီရောက် ဒုက္ခသည်တွေကို ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသမှာ ပြန်လည်နေရာချပေးတာကို အီးယူက မထောက်ခံရင် ယင်း ဒုက္ခသည်တွေ ဥရောပကို ဝင်ရောက်သွားစေမယ့် တံခါးပေါက်တွေ ဖွင့်ပေးလိုက်မှာဖြစ်ကြောင်း အောက်တိုဘာလ အနှောင်းပိုင်းမှာ တူရကီက ခြိမ်းခြောက်ခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။