Skip to main content
အင္ဒုိနီးရွားမွာ ကာလ၀မ္းေရာဂါက်လုိ ့ ၀က္ေကာင္ေရ သုံးေသာင္းနီးပါး ေသဆုံး 
Ads Block

အင္ဒုိနီးရွားမွာ ကာလ၀မ္းေရာဂါက်လုိ ့ ၀က္ေကာင္ေရ သုံးေသာင္းနီးပါး ေသဆုံး 

 

အင္ဒုိနီးရွားႏုိင္ငံမွာ ၀က္ကာလ၀မ္းေရာဂါျဖစ္ပြားေနတာေၾကာင့္ ၀က္ေကာင္ေရ ၂၇၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီျဖစ္ကာ ေနာက္ထပ္ ေကာင္ေရေထာင္ေပါင္းမ်ားစြာေသဆုံးႏုိင္တဲ့ အႏၱရာယ္ရွိေနေၾကာင္း တိရိစာၦန္က်န္းမားေရးဌာန တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ 
ၿပီးခဲ့တဲ့ သုံးလေလာက္အတြင္းမွာ ေျမာက္ဆူမာၾတားေဒသတ၀န္းက အုပ္ခ်ဳပ္ေရးနယ္ေျမ တစ္ဒါဇင္ေက်ာ္ေလာက္မွာ ၀က္ ေထာင္ေသာင္းခ်ီေသဆုံးခဲ့တာျဖစ္ၿပီး ေသဆုံးတဲ့ ပမာဏတုိးလာေနေၾကာင္း အာဏာပုိင္ေတြက ေျပာဆုိပါတယ္။ 
“ေန႕စဥ္ ၀က္ ၁၀၀၀ နဲ႕ ၂၀၀၀ ၾကားေသဆုံးေနၿပီး ဒါဟာ အေတာ္ျမင့္မားတဲ့ ကိန္းဂဏန္းျဖစ္ပါတယ္” လုိ ့ မီဒန္ျပည္နယ္ တိရိစာၦန္ကုသေရးဌာန အႀကီးအကဲ ေအာဂတ္စ္တီယာက ေသာၾကာေန ့မွာ ေျပာဆုိခဲ့ပါတယ္။ ယခု ေသဆုံးမႈတုိးျမင့္ေနတာဟာ ေျမာက္ဆူမာၾတားက ၀က္ေကာင္ေရ ၁.၂ သန္းေလာက္ရွိတဲ့ အပုိင္းငယ္မွာျဖစ္ေနတာျဖစ္ေၾကာင္း၊ မြတ္ဆလင္အမ်ားစုရွိရာ အင္ဒုိနီးရွားမွာ ယင္းေဒသဟာ ခရစ္ယာန္အမ်ားစုေနထုိင္ရာေနရာျဖစ္ၿပီး ၀က္သားဟာ ေဒသရဲ႕ အေရးပါတဲ့ စားေသာက္ဖြယ္တစ္ခုျဖစ္ေၾကာင္း ၄င္းက ဆုိပါတယ္။ 
ၿပီးခဲ့တဲ့လက ျပည္နယ္တြင္း ျမစ္၊ ေခ်ာင္း၊ အင္းအုိင္ေတြထဲ ေျမာလာတဲ့ ၀က္ေသေကာင္ပုပ္ ၁၀၀၀ ေက်ာ္ေလာက္ကုိ ဆယ္ယူ ေျမျမွဳပ္ေပးခဲ့ရၿပီး ယင္း ၀က္ေသေတြကုိ စြန္႔ပစ္ခဲ့သူေတြကုိ ရဲတပ္ဖြဲ႕က စစ္ေဆးရွာေဖြေနပါတယ္။ 
ၿပီးခဲ့တဲ့ ဓါတ္ခြဲခန္း စစ္ေဆးစမ္းသပ္ခ်က္ေတြအရ ၀က္ကာလ၀မ္းေရာဂါေၾကာင့္ ၀က္ေတြ ေသဆုံးရတာျဖစ္တယ္ဆုိေပမယ့္ အာဖရိက ၀က္အျပင္းဖ်ားေရာဂါ ျဖစ္ပြားတာမ်ဳိး ျဖစ္ႏုိင္ မျဖစ္ႏုိင္ကုိလည္း ၄င္းတုိ ့ စစ္ေဆးေနၾကေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ 
ယခုျဖစ္ပြားေနတဲ့ ေရာဂါကေတာ့ လူေတြကုိ ကူးစက္ႏုိင္ဖုိ ့မရွိဘူးလုိ ့ ယုံၾကည္ရေၾကာင္း သတင္းမွာေဖာ္ျပပါတယ္။ ၂၀၁၇ ခုႏွစ္က အင္ဒုိနီးရွားရဲ႕ East Nusa Tenggara ျပည္နယ္မွာ ၀င္ကာလ၀မ္းေရာဂါ ျဖစ္ပြားခဲ့ဖူးၿပီး ၀က္ေကာင္ေရ ၁၀၀၀၀ ေက်ာ္ေလာက္ေသဆုံးခဲ့တာေၾကာင့္ ေဒသခံ ေမြးျမဴေရးသမားေတြ နစ္နာဆုံးရႈံးမႈရွိခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

အင်ဒိုနီးရှားနိုင်ငံမှာ ဝက်ကာလဝမ်းရောဂါဖြစ်ပွားနေတာကြောင့် ဝက်ကောင်ရေ ၂၇၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကာ နောက်ထပ် ကောင်ရေထောင်ပေါင်းများစွာသေဆုံးနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း တိရိစ္ဆာန်ကျန်းမားရေးဌာန တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 
ပြီးခဲ့တဲ့ သုံးလလောက်အတွင်းမှာ မြောက်ဆူမာတြားဒေသတဝန်းက အုပ်ချုပ်ရေးနယ်မြေ တစ်ဒါဇင်ကျော်လောက်မှာ ဝက် ထောင်သောင်းချီသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးတဲ့ ပမာဏတိုးလာနေကြောင်း အာဏာပိုင်တွေက ပြောဆိုပါတယ်။ 
“နေ့စဉ် ဝက် ၁၀၀၀ နဲ့ ၂၀၀၀ ကြားသေဆုံးနေပြီး ဒါဟာ အတော်မြင့်မားတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်” လို့ မီဒန်ပြည်နယ် တိရိစ္ဆာန်ကုသရေးဌာန အကြီးအကဲ အောဂတ်စ်တီယာက သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။ ယခု သေဆုံးမှုတိုးမြင့်နေတာဟာ မြောက်ဆူမာတြားက ဝက်ကောင်ရေ ၁.၂ သန်းလောက်ရှိတဲ့ အပိုင်းငယ်မှာဖြစ်နေတာဖြစ်ကြောင်း၊ မွတ်ဆလင်အများစုရှိရာ အင်ဒိုနီးရှားမှာ ယင်းဒေသဟာ ခရစ်ယာန်အများစုနေထိုင်ရာနေရာဖြစ်ပြီး ဝက်သားဟာ ဒေသရဲ့ အရေးပါတဲ့ စားသောက်ဖွယ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ 
ပြီးခဲ့တဲ့လက ပြည်နယ်တွင်း မြစ်၊ ချောင်း၊ အင်းအိုင်တွေထဲ မြောလာတဲ့ ဝက်သေကောင်ပုပ် ၁၀၀၀ ကျော်လောက်ကို ဆယ်ယူ မြေမြှုပ်ပေးခဲ့ရပြီး ယင်း ဝက်သေတွေကို စွန့်ပစ်ခဲ့သူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေနေပါတယ်။ 
ပြီးခဲ့တဲ့ ဓါတ်ခွဲခန်း စစ်ဆေးစမ်းသပ်ချက်တွေအရ ဝက်ကာလဝမ်းရောဂါကြောင့် ဝက်တွေ သေဆုံးရတာဖြစ်တယ်ဆိုပေမယ့် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားတာမျိုး ဖြစ်နိုင် မဖြစ်နိုင်ကိုလည်း ၎င်းတို့ စစ်ဆေးနေကြကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 
ယခုဖြစ်ပွားနေတဲ့ ရောဂါကတော့ လူတွေကို ကူးစက်နိုင်ဖို့မရှိဘူးလို့ ယုံကြည်ရကြောင်း သတင်းမှာဖော်ပြပါတယ်။ ၂၀၁၇ ခုနှစ်က အင်ဒိုနီးရှားရဲ့ East Nusa Tenggara ပြည်နယ်မှာ ဝင်ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ဖူးပြီး ဝက်ကောင်ရေ ၁၀၀၀၀ ကျော်လောက်သေဆုံးခဲ့တာကြောင့် ဒေသခံ မွေးမြူရေးသမားတွေ နစ်နာဆုံးရှုံးမှုရှိခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။